အမျိုးသားရေးအစိုးရ
တရုတ်သမ္မတနိုင်ငံတော် Republic of China 中華民國 Chunghwa Minkuo Zhōnghuá Mínguó | |
---|---|
နိုင်ငံတော် သီချင်း: 《中華民國國歌》 "တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း" (၁၉၃၇–၁၉၄၈) အလံတင်သီချင်း: "တရုတ်သမ္မတနိုင်ငံ၏ အလံတင်သီချင်း" 《中華民國國旗歌》 (၁၉၄၇–၁၉၄၈) | |
မြို့တော် | |
အကြီးဆုံးမြို့ | ရှန်ဟိုင်း |
ရုံးသုံး ဘာသာစကားများ | |
လူမျိုး | တရုတ် |
အစိုးရ |
|
• ဥက္ကဋ္ဌ |
|
ချန်ကေရှိတ် (၁၉၃၁–၁၉၄၆) | |
| |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
ထိန်းသိမ်းရေးယွမ်[၁] | |
ဥပဒေပြုရေးယွမ် | |
သမိုင်းဝင်ဖြစ်ရပ်များ | |
• ကွမ်ကျိုးတွင်ဖွဲ့စည်း | ၁ ဇူလိုင် ၁၉၂၅ |
၁၉၂၆–၁၉၂၈ | |
• နန်ကင်းမြို့၌ပြန်လည်အခြေချ | ၁၈ ဧပြီ ၁၉၂၇ |
၁၉၂၇–၁၉၄၆၊၁၉၄၆–၁၉၅၀ | |
၇ ဇူလိုင် ၁၉၃၇–၂ စက်တင်ဘာ ၁၉၄၅ | |
• ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာ | ၂၄ အောက်တိုဘာ ၁၉၄၅ |
• ထိုင်ဝမ်နှင့်အခြားကျွန်းများရရှိ | ၂၅ အောက်တိုဘာ ၁၉၄၅ |
၂၈ ဖေဖော်ဝါရီ ၁၉၄၇ | |
• ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြု | ၂၅ ဒီဇင်ဘာ ၁၉၄၇ |
• တရုတ်သမ္မတနိုင်ငံ၏ အစိုးရဖွဲ့စည်း | ၂၀ မေ ၁၉၄၈ |
ငွေကြေး | တရုတ်ရွှေယူနစ် (၁၉၁၂–၁၉၄၉၊ တရုတ်ပြည်မ၌) ထိုင်ဝမ်ဒေါ်လာဟောင်း (၁၉၄၆–၁၉၄၉) |
အမျိုးသားရေးအစိုးရ (အင်္ဂလိပ်: Nationalist Government)၊ တရာဝင်အားဖြင့် တရုတ်သမ္မတနိုင်ငံ၏ အမျိုးသားရေးအစိုးရ (တရုတ်: 中華民國國民政府) သည် ၁ ဇူလိုင် ၁၉၂၅ မှ ၂၀ မေ ၁၉၄၈ အထိ တရုတ်သမ္မတနိုင်ငံကို အုပ်ချုပ်ခဲ့သော ကိုမင်တန်ပါတီမှ ဦးဆောင်ခဲ့သည့် အစိုးရအဖွဲ့ဖြစ်သည်။ ၁၉၂၈ တွင် ဗိုလ်ချုပ်ကြီးချန်ကေရှိတ် ဦးဆောင်သော နန်ကင်းမြို့အခြေစိုက်အစိုးရအဖွဲ့သည် အစိတ်စိတ်အမွှာမွှာဖြစ်နေသော တရုတ်နိုင်ငံကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး တစ်ပါတီစနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။ အမျိုးသားရေးအစိုးရသည် ဒုတိယ တရုတ်-ဂျပန်စစ်ပွဲ၊ တရုတ်ပြည်တွင်းစစ်နှင့် ဒုတိယကမ္ဘာစစ်စသော စိန်ခေါ်မှုများစွာကိုကြုံတွေ့ခဲ့ရသည်။ ၁၉၄၈ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲခဲ့ပြီး အစိုးရအသစ်ဖြင့် အစားထိုးခဲ့သည်။
ရုံးနေရာများ
[ပြင်ဆင်ရန်]အမျိုးသားရေးအစိုးရ၏ ယခင်နေရာများ အားလုံးနီးပါးသည် မြို့တော်နန်ကင်းမြို့၌ တည်ရှိကြသည်။
အမည် | ဓာတ်ပုံ | တည်နေရာ | ဆောက်လုပ်ပြီးစီးချိန် | ဖော်ပြချက် |
---|---|---|---|---|
အမျိုးသားရေးအစိုးရဌာနချုပ် | အမှတ် ၂၉၂ ချန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၈၇၀–၁၉၃၀ | အဆိုပါအဆောက်အအုံကို ချင်းမင်းဆက်လက်ထက် လျန်ကျန်းဒေသ၏ ဘုရင်ခံရုံးအဖြစ်လည်းကောင်း၊ ၁၉၄၈ ခုနှစ်တွင် သမ္မတအိမ်တော်အဖြစ်လည်းကောင်း အသုံးပြုခဲ့သည်။ | |
အမှုဆောင်ယွမ် (၁၉၂၈) | အမှတ် ၁၉ ဒုန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၉၂၀ ကျော် | ၁၉၂၈ မှ ၁၉၃၇ ခုနှစ်အထိ အမှုဆောင်ယွမ်အဖြစ် အသုံးပြုခဲ့သည့် ဤအဆောက်အအုံသည် ယခုအခါ သမ္မတအိမ်တော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ | |
အမှုဆောင်ယွမ် (၁၉၄၆) | အမှတ် ၂၅၂-၂၅၄ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း | ၁၉၃၀ | အဆောက်အဦသည် အစပိုင်းတွင် မီးရထားဝန်ကြီးဌာန၏ ဌာနချုပ်ဖြစ်ပြီး ၁၉၄၆ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ အမှုဆောင်ယွမ်၏ ရုံးနေရာဖြစ်သည်။ ကွန်မြူနစ်များ နန်ကျင်းကို သိမ်းပိုက်ပြီးနောက် ၎င်းသည် ပီအယ်လ်အေ နန်ကျင်း နိုင်ငံရေးကောလိပ်၏ အဆောက်အဦ ဖြစ်လာခဲ့သည်။ | |
အမှုဆောင်ယွမ် (၁၉၄၉) | အရှေ့ကျုံရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၉၂၉ | ၁၉၃၀ ခုနှစ်များတွင် လိကျီရှဲ၏နေရာဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အမျိုးသားရေးအစိုးရမှ အမှုဆောင်ယွမ်အား ဤအဆောက်အအုံသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ ယခု အဆောက်အအုံသည် ကျုံရှန်းဟိုတယ် ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ | |
ဥပဒေပြုရေးယွမ် (၁၉၂၈) | အမှတ် ၂၇၃ ဘိုင်းရှာလမ်း၊ ချင်းဟွိုင်ခရိုင်၊ နန်ကျင်း | အမျိုးသားရေးအစိုးရသည် ၁၉၂၈ ခုနှစ်တွင်၏ဥပဒေပြုရေးယွမ်အဖြစ် ဤအိမ်အားရွေးချယ်ခဲ့သည်။ | ||
ဥပဒေပြုရေးယွမ် (၁၉၄၆) နှင့် ထိန်းသိမ်းရေးယွမ် | အမှတ် ၁၀၅ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း | ၁၉၃၅ | အဆိုပါအဆောက်အအုံသည် ဂျပန်ခေတ်က နန်ကျင်းမြို့တော်ခန်းမ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဥပဒေပြုရေးယွမ်နှင့် ထိန်းသိမ်းရေးယွမ်တို့၏ ရုံးများဖြစ်လာခဲ့သည်။ ယခုအခါ နန်ကျင်းစစ်သားများအဖွဲ့၏ ရုံးနေရာဖြစ်သည်။ | |
တရားရေးယွမ်ဝင်ပေါက် | အမှတ် ၂၅၁ ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း | ၁၉၃၅ | အဆောက်အဦသည် ၁၉၄၉ ခုနှစ် ဧပြီလတွင် မီးလောင်ပျက်စီးခဲ့သည်။ ဂိတ်တံခါးတစ်ခုတည်းသာ ကျန်ရှိတော့သည်။ | |
စစ်ဆေးရေးယွမ် | အမှတ် ၄၁-၄၃ အရှေ့ဘေကျင်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၉၃၀ ကျော် | ယခုအခါ အဆိုပါ အဆောက်အအုံကို နန်ကျင်းမြို့ခံ အစိုးရရုံးများနှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ နန်ကျင်းကော်မတီအဖြစ် အသုံးပြုလျက်ရှိသည်။ | |
တရားလွှတ်တော်ချုပ် | အမှတ် ၁၀၁ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း | ၁၉၃၃ | အဆိုပါအဆောက်အဦကို တရားစွဲဆိုသူရုံးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ | |
စစ်ဖက်ရေးရာကော်မရှင် | အမှတ် ၂၉၂ ချန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၈၇၀ | ဤအိမ်ကို တိုင်ပင်အရေးတော်ပုံအပြီး ၁၈၇၀ ခုနှစ်များတွင် တည်ဆောက်ခဲ့သည်။ ၁၀၃၀ ခုနှစ်များတွင် ချန်ကေရှိတ်သည် ၎င်းကို စစ်ဘက်ရေးရာကော်မရှင်၏ ဌာနချုပ်တစ်ခုအဖြစ် ရွေးချယ်ခဲ့သည်။ သမ္မတအိမ်တော် အဆောက်အအုံနေရာတွင်တည်ရှိပြီး ယခုအခါ ခရီးသွားများအား ဆွဲဆောင်ရာဖြစ်လာသည်။ | |
အမျိုးသားအရင်းအမြစ်ကော်မရှင် | အမှတ် ၂၀၀ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း | ၁၉၄၇ | ယခုအခါ ဤအဆောက်အအုံသည် နန်ကျင်းနည်းပညာတက္ကသိုလ်၏ ရုံးခန်းအဆောက်အအုံတစ်ခုဖြစ်သည်။ | |
စီးပွားရေးဝန်ကြီးဌာန | အမှတ် ၁၄၅ အရှေ့ကျုံရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ယခုအခါ ဤအဆောက်အဦကို နန်ကျင်းအားကစားဗျူရို၏ရုံးအဖြစ် အသုံးပြုလျက်ရှိသည်။ | ||
ဗဟိုဘဏ် | အမှတ် ၁၅ အရှေ့ကျုံရှန်းလမ်း အမှတ် ၁၊ ဟွမ်ပူခရိုင်၊ ရှန်ဟိုင်း | ၁၈၉၉–၁၉၀၂ | ဤသည်မှာ နန်ကျင်းမြို့၌မရှိသော တစ်ခုတည်းသောရုံးဖြစ်သည်။ တစ်ချိန်က ရုရှား-တရုတ်ဘဏ်၏ ရှန်ဟိုင်းဘဏ်ခွဲဖြစ်ခဲ့ပြီး ယခုအခါ ရှန်ဟိုင်းနိုင်ငံခြားငွေရောင်းဝယ်ရေးစင်တာ ဖြစ်လာသည်။ | |
ကျန်းမာရေးဝန်ကြီးဌာန | အမှတ် ၃၀၅ အရှေ့ကျုံရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၉၃၁ | အဆိုပါ အဆောက်အအုံသည် အမျိုးသားဗဟိုဆေးရုံ အဆောက်အအုံ၏ နေရာဖြစ်သည်။ ယခု နန်ကျင်းစစ်ဌာနချုပ်၏ နန်ကျင်းအထွေထွေဆေးရုံဖြစ်သည်။ | |
ပညာရေးဝန်ကြီးဌာန | ချင်ရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ယခုအခါ ဤအဆောက်အအုံကို အစိုးရအရာရှိအချို့က ရယူထားသည်။ | ||
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | အမှတ် ၃၀၃-၃၀၅ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း | ၁၉၃၂–၁၉၃၄ | မျက်နှာချင်းဆိုင်ဘက်တွင် အမှုဆောင်ယွမ်၏နေရာဖြစ်သည်။ ကွန်မြူနစ်များ နန်ကျင်းကို သိမ်းပိုက်ပြီးနောက် ပီအယ်လ်အေ နန်ကျင်း နိုင်ငံရေးကောလိပ်၏ အဆောက်အဦ ဖြစ်လာခဲ့သည်။ | |
အမျိုးသားလွှတ်တော်ခန်းမ (၁၉၃၆) | အမှတ် ၂ စီပိုင်လုံလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၉၃၀ ကျော် | ပြဇာတ်နှင့်ဂီတ၏ အမျိုးသားကဇာတ်ရုံ တည်ဆောက်ခြင်းမပြီးဆုံးမီ အမျိုးသားလွှတ်တော် အစည်းအဝေးကို အမျိုးသားဗဟိုတက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့ကြသည်။ | |
အမျိုးသားလွှတ်တော်ခန်းမ (၁၉၄၆) | အမှတ် ၂၆၄ ချန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၉၃၅ | ပြဇာတ်နှင့်ဂီတ၏ အမျိုးသားကဇာတ်ရုံလည်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပရာ နေရာဖြစ်လာသည်။ ၎င်းသည် ၁၉၄၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ကျင်းပသည့်နေရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မွေးရပ်မြေလည်းဖြစ်သည်။ | |
ဥက္ကဋ္ဌနေအိမ် (၁၉၄၆) | ခရမ်းတောင်၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း | ၁၉၃၁–၁၉၃၄ | "တောင်နီအိမ်ကြီး" နှင့် "မေလင်ဗီလာ" ဟုလည်း လူသိများသော အဆိုပါအဆောက်အအုံသည် ဒုတိယကမ္ဘာစစ်အပြီး ချန်ကေရှိတ်နှင့် စုန့်မေလင်တို့၏ နန်ကင်းမြို့ရှိ အဓိကနေအိမ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ၁၉၄၈ မှ ၁၉၄၉ အထိ သမ္မတ၏တရားဝင်နေအိမ်ဖြစ်ခဲ့သည်။ |
နန်ကင်းမြို့ကို အမျိုးသားရေးဝါဒီအစိုးရမှ မသိမ်းပိုက်ခင်အခါတွင် အောက်ဖော်ပြပါ အဆောက်အအုံများကို ၎င်းတို့၏ဌာနချုပ်အဖြစ် ရွေးချယ်ခဲ့ကြသည်။
အခြားဖတ်ရန်
[ပြင်ဆင်ရန်]- တရုတ်နိုင်ငံ၏ အစိုးရ (သံတူကြောင်းကွဲ)
- တရုတ်သမ္မတနိုင်ငံ၏ အစိုးရ
- ကိုမင်တန်ပါတီ
- တရုတ်သမ္မတနိုင်ငံ (၁၉၁၂–၁၉၄၉)
- ပေယန်းအစိုးရ (၁၉၁၂–၁၉၂၈)
ကိုးကား
[ပြင်ဆင်ရန်]- ↑ 司法院釋字第76號解釋, Judicial Yuan interpretation number 76 (English translation) Archived 5 January 2019 at the Wayback Machine.
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Wikimedia Commons ရှိ Nationalist Government (China) နှင့်ပတ်သက်သော မီဒီယာများ
ယခင်က ပေယန်းအစိုးရ (၁၉၁၂–၁၉၂၈) |
အမျိုးသားရေးအစိုးရ ၁၉၂၇–၁၉၄၈ |
ဆက်ခံသူ တရုတ်သမ္မတနိုင်ငံ၏ အစိုးရ (၁၉၄၈–ယနေ့) |