မာတိကာသို့ ခုန်သွားရန်

တရုတ်သမ္မတနိုင်ငံ၏ အစိုးရ

ဝီကီပီးဒီးယား မှ
တရုတ်သမ္မတနိုင်ငံ၏အစိုးရ
中華民國政府
တည်ထောင်
အုပ်ချုပ်သည့်နေရာတရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာ
ဝက်ဘ်ဆိုက်Taiwan.gov.tw
ဥပဒေပြုရေးမဏ္ဍိုင်
လွှတ်တော်
အစည်းအဝေးနေရာဥပဒေပြုယွမ်အဆောက်အအုံ၊ ထိုင်ပေ
အမှုဆောင်မဏ္ဍိုင်
ခေါင်းဆောင်တရုတ်သမ္မတနိုင်ငံ၏ သမ္မတ
ရွေးချယ်တင်မြှောက်သူတိုက်ရိုက်ရွေးချယ်တင်မြှောက်မှု
ဌာနချုပ်သမ္မတအိမ်တော်အဆောက်အဦ
ပင်မအဖွဲ့အစည်းအမှုဆောင်ယွမ်
ဌာနများ၃၅
တရားစီရင်ရေးမဏ္ဍိုင်
တရားရုံးတရားရေးယွမ်
တည်နေရာထိုင်ပေ
တရုတ်သမ္မတနိုင်ငံ၏ အစိုးရ
ရိုးရာ တရုတ်中華民國政府
ရိုးရှင်းသော တရုတ်中华民国政府
တရုတ်နိုင်ငံ၏အစိုးရ
(၁၉၇၉ ထိသုံးစွဲ)
ရိုးရာ တရုတ်中國政府
ရိုးရှင်းသော တရုတ်中国政府

တရုတ်သမ္မတနိုင်ငံ၏အစိုးရ သို့မဟုတ် ထိုင်ဝမ်အစိုးရ (ယခင်: အမျိုးသားရေးတရုတ်နိုင်ငံအစိုးရ[]၊ တရုတ်အစိုးရ) သည် ထိုင်ဝမ်ပန်ဂူးကင်းမန်းမာဆူနှင့် အခြားကျွန်းငယ်များပါဝင်သော တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာကို အုပ်ချုပ်လျက်ရှိသော တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ၏ နိုင်ငံတော်အစိုးရဖြစ်သည်။ နိုင်ငံတော်သမ္မတသည် နိုင်ငံ့အကြီးအကဲဖြစ်သည်။ အစိုးရတွင်သမ္မတရာထူးနှင့် ယွမ် ၅ ယွမ်အမည်ရ မဏ္ဍိုင်ကြီး ၅ ရပ် ပါဝင်သည်။

မူလက ၁၉၁၂ ခုနှစ်တွင် နန်ကင်းမြို့တွင်တည်ထောင်ခဲ့ပြီး၊ တရုတ်သမ္မတနိုင်ငံအစိုးရသည် တရုတ်ပြည်တွင်းစစ်အတွင်း ဆုံးရှုံးမှုများကြောင့် ၁၉၄၉ ခုနှစ်တွင် ထိုင်ပေထိုင်ဝမ်သို့မပြောင်းရွှေ့မီ ရုံးစိုက်ရာနေရာကို အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရသည်။ အစိုးရကိုကိုမင်တန်ပါတီက သမိုင်းတစ်လျှောက်လွှမ်းမိုးထားသော်လည်း ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာသည်နှင့်အမျှ အခြေအနေများပြောင်းလဲသွားခဲ့သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

အစိုးရသည် နိုင်ငံတည်ထောင်သူဆွန်ယက်ဆင်၏ နိုင်ငံရေးခံယူချက်ဖြစ်သော လူထုစည်းမျဉ်းသုံးရပ်အပေါ်စံနမူနာပြုလျက် သမ္မတရာထူးနှင့် အစိုးရဌာနခွဲငါးခုဖြင့် တရားဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတ
အမျိုးသားလုံခြုံရေးကောင်စီ
အမှုဆောင်ယွမ်
ဥပဒေပြုရေးယွမ်
တရားရေးယွမ်
စစ်ဆေးရေးယွမ်
ထိန်းသိမ်းရေးယွမ်

လက်တွေ့တွင်ဤစနစ်သည် သမ္မတတစ်ပိုင်းစနစ်ပုံစံကဲ့သို့ကျင့်သုံးသည်။ နိုင်ငံတော်သမ္မတသည် လွှတ်တော်၏အတည်ပြုချက်မလိုဘဲ အစိုးရအဖွဲ့အကြီးအကဲအဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်နိုင်သည်။ သမ္မတတွင်ဗီတိုအာဏာမရှိခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာမူဝါဒအချို့ကို မချုပ်ကိုင်နိုင်ခြင်း စသောကန့်သတ်ချက်များရှိသည်။

ကဏ္ဍအမည်တရုတ်တာဝန်
သမ္မတအဖွဲ့ နိုင်ငံတော်သမ္မတ總統နိုင်ငံတော်အကြီးအကဲအမှုဆောင်ရေး
နိုင်ငံတော်ဒုတိယသမ္မတ副總統
နိုင်ငံတော်သမ္မတရုံး總統府နိုင်ငံတော်သမ္မတထံ အကြံပေးရေးနှင့် အုပ်ချုပ်ရေးအဖွဲ့
အမျိုးသားလုံခြုံရေးကောင်စီ國家安全會議
ယွမ် ၅ ယွမ် အမှုဆောင်ယွမ်行政院အစိုးရအဖွဲ့
ဥပဒေပြုရေးယွမ်立法院လွှတ်တော်ပါလီမန်
တရားရေးယွမ်司法院တရားစီရင်ရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး
စစ်ဆေးရေးယွမ်考試院ရာထူးဝန်ကော်မရှင်
ထိန်းသိမ်းရေးယွမ်監察院အစိုးရစွမ်းဆောင်ရည်စစ်ဆေးခြင်း

သမ္မတအဖွဲ့

[ပြင်ဆင်ရန်]
သမ္မတအိမ်တော်အဆောက်အဦ

တိုင်းပြည်၏ခေါင်းဆောင်မှုတွင် တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာတွင်နေထိုင်သော တရုတ်သမ္မတနိုင်ငံသားများမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်ထားသော ထိပ်တန်းအရာရှိနှစ်ဦး ပါဝင်ပါသည်။

နိုင်ငံတော်သမ္မတကို အကြံပေးရန်နှင့် အုပ်ချုပ်ရေးကဏ္ဍတွင်ကူညီရန်တို့တွင် အောက်ပါအဖွဲ့နှစ်ဖွဲ့ကိုဖွဲ့စည်းထားသည်။

အမှုဆောင်ယွမ်

[ပြင်ဆင်ရန်]
အမှုဆောင်ယွမ်

အစိုးရ၏အမှုဆောင်ဌာနဖြစ်သည်။ အမှုဆောင်ယွမ်ကို နိုင်ငံတော်ဝန်ကြီးချုပ်ကဦးဆောင်ပြီး ဌာနဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌများနှင့် ဌာနလက်ကိုင်မရှိဝန်ကြီးများပါဝင်သည်။[]

ဥပဒေပြုရေးယွမ်

[ပြင်ဆင်ရန်]
ဥပဒေပြုရေးယွမ်

ဥပဒေပြုရေးယန္တရားဖြစ်ပြီး လွှတ်တော်တစ်ရပ်သာပါဝင်သည်။ အမတ်ဦးရေ ၁၁၃ ဦးပါဝင်ပြီး ခုနစ်ဆယ့်သုံးနေရာကို ခရိုင်များအလိုက်လည်းကောင်း၊ သုံးဆယ့်လေးနေရာကို နိုင်ငံရေးပါတီများမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရရှိသည့် မဲအချိုးအစားပေါ် မူတည်၍လည်းကောင်း ရွေးကောက်တင်မြှောက်သည်။ ကျန်ခြောက်နေရာကို ဌာနေတိုင်ရင်းသားများကိုယ်စားပြုရန် သီးသန့်ထားရှိသည်။ လွှတ်တော်၏သက်တမ်းမှာ ၄ နှစ်ဖြစ်သည်။ ဆွန်ယက်ဆင်၏ နိုင်ငံရေးသီအိုရီအရ ဥပဒေပြုရေးယွမ်သည် အစိုးရဌာနခွဲတစ်ခုဖြစ်သည်။ ယခင်ကအမျိုးသားလွှတ်တော်တည်ရှိခဲ့ရာ ၁၉၉၀ ဆယ်စုနှစ်များမှစ၍ ဥပဒေပြုအာဏာကို ဥပဒေပြုရေးယွမ်ထံ ဖြည်းဖြည်းခြင်းအပ်နှံခဲ့သည်။

တရားရေးယွမ်

[ပြင်ဆင်ရန်]
တရားရေးယွမ်

နိုင်ငံ၏အမြင့်ဆုံးတရားစီရင်ရေးမဏ္ဍိုင်ဖြစ်သည်။ မဟာတရားရေးကောင်စီ (Council of Grand Justices) တွင် တရားရေးယွမ်၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် တရားသူကြီးဆယ့်ငါးဦးတို့ပါဝင်သည်။ ထိုအဖွဲ့ဝင်တို့ကို နိုင်ငံတော်သမ္မတသည် လွှတ်တော်၏အတည်ပြုချက်ဖြင့် ရွေးချယ်ရသည်။ အမြင့်ဆုံးတရားရုံးအဖြစ် တရားလွှတ်တော်ချုပ်တည်ရှိပြီး အရပ်ဘက်နှင့် ရာဇဝတ်မှုဆိုင်ရာ ဌာနခွဲများပါဝင်ပြီး ဌာနတစ်ခုစီတွင် တရားသူကြီးတစ်ဦးနှင့် တွဲဖက်တရားသူကြီး လေးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီးများ၏သက်တမ်းမှာ တစ်သက်တာဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန်၊ နိုင်ငံရေးပါတီများ၏လှုပ်ရှားမှုများကို ထိန်းညှိရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို ဖွဲ့စည်းခဲ့သည်။

စစ်ဆေးရေးယွမ်

[ပြင်ဆင်ရန်]
စစ်ဆေးရေးယွမ်

တရုတ်သမ္မတနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းများကို စစ်ဆေးရသည်။ စစ်ဆေးရေးယွမ်ကို ဘုရင်ခေတ်က စစ်ဆေးရေးပုံစံကို အခြေခံထားသည်။

ထိန်းသိမ်းရေးယွမ်

[ပြင်ဆင်ရန်]
ထိန်းသိမ်းရေးယွမ်

အခြားအစိုးရဌာနခွဲများကို စောင့်ကြည့်စစ်ဆေးရသည့် ဌာနဖြစ်သည်။ ၁၉၉၀ ဆယ်စုနှစ်များမတိုင်မီတွင် ထိန်းသိမ်းရေးယွမ်သည် လွှတ်တော်သုံးရပ်ရှိခဲ့သော အမျိုးသားပါလီမန်တွင် တစ်ရပ်အဖြစ်ပါဝင်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Rome and Peking in Accord on Ties"၊ 7 November 1970။
  2. Structure and Functions 16 November 2021 တွင် ပြန်စစ်ပြီး။