အမ်ကျုဘ်

ဝီကီပီးဒီးယား မှ
mTube
အမှတ်တံဆိပ် (၂၀၂၂)
ဝဘ်ဆိုဒ် အမျိုးအစား
ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု
ဖတ်ရှုရရှိနိုင်မှုမြန်မာဘာသာ
တည်ထောင်၂၀၂၂
ဌာနချုပ်,
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်ဝှမ်း
တည်ထောင်သူများပြန်ကြားရေးဝန်ကြီးဌာန
အရေးပါ ပုဂ္ဂိုလ်များမောင်မောင်အုန်း
လုပ်ငန်းအင်တာနက်
ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု
မိခင်ကုမ္ပဏီပြန်ကြားရေးဝန်ကြီးဌာန (၂၀၂၂-လက်ရှိ)
ဝဘ်ဆိုဒ်mtube.gov.mm
မှတ်ပုံတင်ခြင်းOptional (ဗွီဒီယိုအများစုကြည့်ရှုရန်အတွက် မှတ်ပုံတင်ရန်မလို။ ဗွီဒီယိုလွှင့်တင်ခြင်း၊ ၁၈နှစ်အထက် ဗွီဒီယိုများကြည့်ရှုခြင်း၊ playlist ဖန်တီးခြင်းနှင့် မှတ်ချက်များပေးရန် စသည်တို့အတွက် မှတ်ပုံတင်ရန်လိုအပ်)
လွှင့်တင်ခြင်း-
လက်ရှိ အခြေအနေစမ်းသပ်ဆဲ
အကြောင်းအရာ လိုင်စင်
-
အသုံးပြုထားသည့် ပရိုဂရမ်းမင်း-

အမ်ကျုဘ် (အင်္ဂလိပ်: mTube) သည် ဗွီဒီယိုဖိုင်များကို အင်တာနက်ပေါ်သို့ လွှင့်တင်ရသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။ ယူကျု(ဘ်)ဝက်ဘ်ဆိုဒ်နည်းတူ အမ်ကျုပေါ်တွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များကို လွှင့်တင်ပြီး နိုင်ငံသူနိုင်ငံသားများအား ဗဟုသုတများစွာကို ပေးနိုင်ရန်နှင့် ဝါဒဖြန့်နိုင်ရန် လုပ်ဆောင်နေသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။

အမ်ကျုဘ်ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်ထားသည်။

သမိုင်း[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဖြစ်စဉ် အပြီးတွင် အစိုးရပိုင်မီဒီယာဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားတို့၏ ယူကျုဘ်ချန်နယ်များကို ဂူဂယ်မှ ပိတ်ပင်ခဲ့သည်။[၁] ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဖေ့စ်ဘွတ်ခ်ယူကျု(ဘ်)စအရှိသော ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်း များ ကြုံတွေ့နေရသည့်အတွက် ယူကျု(ဘ်)ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်နေခြင်းဖြစ်သည်။[၂]

အမ်ကျုဘ်ကို United Info-Sec ကုမ္ပဏီမှ နည်းပညာကဏ္ဍကို ဦးဆောင်ရေးဆွဲနေခြင်းဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]