ခရိုင်: တည်းဖြတ်မှု မူကွဲများ
No edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၃၃ - | စာကြောင်း ၃၃ - | ||
== ကိုးကား == |
== ကိုးကား == |
||
<references/> |
<references/> |
||
[[Category:မြန်မာဘာသာစကား]] |
၀၅:၂၀၊ ၁၇ ဩဂုတ် ၂၀၁၆ ရက်နေ့က မူ
ခရိုင် (အင်္ဂလိပ်: District) ဆိုသည်မှာ နိုင်ငံအချို့ရှိ အုပ်ချုပ်ရေးနယ်မြေ အမျိုးအစား တစ်ခုဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရအဖွဲ့က စီမံအုပ်ချုပ်သည်။
နိုင်ငံအလိုက် ခရိုင်များ
မြန်မာ
ခရိုင်ကို ရှေးမြန်မာစာ၌ ခရိုန်ဟု နသတ်နှင့် ရေးမြဲဖြစ်၏။ ဦးဝန်၏ တက္ကသိုလ် မြန်မာအဘိဓာန်၌ ခရိုင်ကို ထီးတွင် ထီးကိုင်းကို ထောက်ကန်ထားသော ထီးလက်များစုဝေးရာ လှည်းပုံ တောင်သဏ္ဌာန်အဆောက်အဦ မြို့ သို့မဟုတ် ရွာနှင့် ယင်းတို့အုပ်ချုပ်သော လက်အောက်ခံနယ်မြေ အပိုင်းအခြား၊ ရွာအများ၊ မြို့အများကို စုပေါင်း၍ ဝန်တစ်ဦး အုပ်ချုပ်ရသော နယ်မြေအပိုင်းအခြားဟု အဓိပ္ပာယ်ပေး၏။
ခရိုင်ဆိုသည်မှာ နီးစပ်ရာ မြို့နယ်များကို စုပေါင်းပြီး ခရိုင်ဟု သတ်မှတ်သည်။ ရှေးက ခရိုင်ကို ခရိုန်ဟု ရေးကြသည်။ ဒေါက်တာသန်းထွန်း၏ နဝရတ်ကိုးသွယ်စာအုပ်၊ စာ ၄၀၅ တွင် "ခရိုန်ဟူသည် မြန်မာအဆန်ဆုံးဖြစ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း အခြားအရပ်များမှာထက် ပို၍ စနစ်ကြ သေသပ်ထူးခြားလျက် စပါးစိုက်သောဒေသ ဖြစ်သည်။"ဟု ဖော်ပြထားသည်။ စာ ၃၀၀ တွင်လည်း ခရိုန်ကို ရှေးမြန်မာစာ၌ နသတ်နှင့် ရေးမြဲဖြစ်၏။
လယ်တွင်း ဆယ့်တစ်ခရိုင်
ဤ ဆောင်းပါးကို ဆောင်းပါး အမည်သစ် လယ်တွင်း ဆယ့်တစ်ခရိုင် အဖြစ် ခွဲထုတ်ရန် အကြံပြုထားပါသည်။ (ဆွေးနွေးရန်) |
ခရစ်(၁၀၄၄−၁၀၇၇)ထိ နန်းစံသွားသော အနိရုဒ္ဓဒေဝ ခေါ် အနော်ရထာမင်းကြီး တည်ထောင်သွားသော လယ်တွင်း ဆယ့်တစ်ခရိုန် (ခရိုင်) ဖြစ်သည်။ လယ်တွင်း ဆယ့်တစ်ခရိုင်မှာ −
- ပင်လယ်၊
- မြစ်မနား၊
- မြစ်သား၊
- မြင်းခုံတိုင်၊
- ယမုံး၊
- ပနံ၊
- မက္ခရာ၊
- တပြတ်သာ၊
- သင်တောင်း၊
- တမုတ်၊
- ခံလူး တို့ဖြစ်ကြသည်။
ရှေးက လယ်တွင်း ဆယ့်တစ်ရွာဟုလည်း ခေါ်ကြပါသည်။ ထိုအချိန်က ခရိုန်ဟူ၍၎င်း၊ ရွာဟူ၍၎င်း ခေါ်ကြပါသည်။ ဤသည်ကို ထောက်၍ ရွာနှင့် ခရိုန်မှာ အဆင့်တူဖြစ်ပါသည်။ ယခုခေတ်အခါကြမှာ ရွာက အဆင့်နိမ့်သွားခြင်း ဖြစ်သည်။[၁]
လယ်တွင်းကိုးခရိုင်
ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက်တွင် ကျောက်ဆည်ခရိုင် တစ်ခုလုံးကို ကိုးခရိုင် ဖွဲ့စည်းတော်မူ၍ ကိုးခရိုင် ခေါ်တွင်စေခဲ့သည်။ [၂]
ယခုအခါ ကျောက်ဆည်ခရိုင်ကို လယ်တွင်းကိုးခရိုင်ဟု ခေါ်ကြသည်။ ကျောက်ဆည်ခရိုင်ကို ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သားမြို့နယ်တို့နှင့် ဖွဲ့စည်းထားသည်။