အစင်ရွာ၊ ရေးမြို့နယ်
အစင်ရွာ(မွန်: ကွာန်အစေံ)(အင်္ဂလိပ်: Ahsin)သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၃၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အစင်ကျေးရွာအုပ်စုတွင် ကျား ၁၀၈၅၁ ဦး၊ မ ၁၀၆၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၄၆၂ ဦး နေထိုင်သည်။ [၁][၂] ရေးမြို့မှ အစင်ရွာသို့ ဒူးယားလမ်း၊ ငါးမျှားစခန်းလမ်း၊ ဓမင်းဆိပ်လမ်း၊ ချောင်းဝလမ်း၊ ဇီးဖြူတောင်လမ်းတို့ဖြင့် ဆက်သွယ်ထားသည်။[၃]
ရေးမြို့နှင့် အစင်ရွာမှာ ၅ မိုင်ခန့်မျှသာ ကွာဝေးသည်။ အစင်ရွာတွင် ရေးမြို့နှင့် ချောင်းတောင်ရွာ၊ ဓမင်းဆိပ်ရွာ၊ အဘော်ရွာ၊ ဇီးဖြူတောင်ရွာ၊ ဒူးယားရွာ၊ ရွှေပြည်သာရွာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော မြတ်သူရထွန်းကုမ္ပဏီစက်ရုံလည်း တည်ရှိသည်။[၄] အစင်ရွာဒေသခံများ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ အုတ်ဖုတ်လုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်သည်။ နယ်ခံမဟုတ်သောလူများစုများမှာ ဖျာပုံ၊ ဒေးဒရဲ၊ ရန်ကုန်နှင့် အညာဒေသတို့မှ လာရောက်အလုပ်လုပ်ကိုင်ကြသောသူများဖြစ်သည်။[၅] အဓိကစီးပွားရေးမှာ တံငါလုပ်ငန်း ဖြစ်သည်။ ထိုရွာတွင် ရှေးဟောင်းဘုရားပုထိုးများလည်း ရှိသည်။ လူများစုမှာဗမာလူမျိုးများဖြစ်ပြီး မွန်၊ မူဆလင်၊ ထားဝယ်လူမျိုးများမှာ လူနည်းစုဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ ဝင်းသက်နိုင် (၁၂ စက်တင်ဘာ ၂၀၁၄)။ ပင်လယ်ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ အစင်ရွာတွင် ကျင်းပ။ 19 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ မွန်လူထုအသံ။ အတွဲ(၆) အမှတ်၄ (၁၅ ဩဂုတ် ၂၀၁၆)။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ ရေးမြို့ပေါ်တွင် လျှပ်စစ်မီးသုံးစွဲခ ဈေးနှုန်းကျဆင်းလာ။ မွန်သတင်းအေဂျင်စီ (၂၈ ဧပြီ ၂၀၁၆)။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ သံလွင်တိုင်းမ် (၁၄ မတ် ၂၀၁၈)။ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များက ယခုနှစ်ရာသီတွင် ငါးဖမ်းခွင့်ပေးရန် အသနားခံစာတင်မည်။ မွန်သတင်းအေဂျင်စီ။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
ဤ မွန်ပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |