သိမ်းဝေ

ဝီကီပီးဒီးယား မှ
ဦးသိမ်းဝေ
မွေးဖွားရန်ကုန်မြို့
နိုင်ငံလူမျိုးဗမာ-တရုတ်
အခြား အမည်များSerge Pun
အလုပ်အကိုင်ရိုးမဘဏ် တည်ထောင်သူနှင့် ဥက္ကဋ္ဌ

ဦးသိမ်းဝေ (ခ) Serge Pun[၁] သည် မြန်မာနိုင်ငံအခြေစိုက် ဘဏ်တစ်ခုဖြစ်သည့် ရိုးမဘဏ် ၏ ဥက္ကဋ္ဌဖြစ်သည်။ Serge Pun & Associates Group (SPA Group) အပါအဝင် ပန်းလှိုင်အိမ်ရာ၊သန်လျင် Star City၊ပန်းလှိုင်ဆေးရုံစသည်တို့အား စုပေါင်းထားသည့် First Myanmar Investment Co.,Ltd.( FMI Group) ၏ ဦးဆောင်သူ[၂] လည်းဖြစ်သည့်အပြင် အိမ်ခြံမြေ၊ ငွေကြေးဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holding (YSH) ကုမ္ပဏီတည်ထောင်သူပါ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးသိမ်းဝေကို ရန်ကုန်တွင် မွေးဖွားခဲ့သည်။ ဗမာ-တရုတ်နွယ်ဖွားဖြစ်သည်။ စိန်ပေါလ်ကျောင်းဟု အများခေါ်သည့် အ.ထ.က(၆)ဗိုလ်တထောင် ကျောင်းတွင် တက်ရောက် ပညာသင်ကြားသည်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးနောက် နိုင်ငံခြားသားပိုင် နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းလိုက်သည့်အတွက် ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ၎င်းတို့မိသားစု ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်အစွန်အဖျားရှိ “အစောင့်နီ” အလုပ်စခန်းသို့ ပို့လွှတ်ခြင်းခံခဲ့ရသည်ဟုလည်း ဆိုသည်။[၃] ၁၉၇၃ ခုနှစ်တွင် ဟောင်ကောင် သို့ ထပ်မံ ပြောင်းရွှေ့ကာ လှေငယ်ကလေးတစ်စင်းဖြင့် သင်္ဘောများသို့ စားသောက်ဖွယ်ရာများပို့ဆောင်ပေးသည့် အလုပ်လုပ်ခဲ့သည်။ ယင်းနောက် ဟောင်ကောင် အိမ်ခြံမြေတွင် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ ဦးသိမ်းဝေသည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မော်တော်ကားထုတ်လုပ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ၊ ဆောက်လုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ကဏ္ဍများစွာကို လွှမ်းခြုံထားသည့် Serge Pun & Associates ကို တည်ထောင်လုပ်ဆောင်သည်။၎င်းသည် အများပိုင်ကုမ္ပဏီဖြစ်သောFirst Myanmar Investment Co Ltd (FMI )ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင်တည်ထောင်သည်။[၄] ၁၉၉၃ ခုနှစ်တွင် ဦးသိမ်းဝေသည် ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ပုဂ္ဂလိကဘဏ်ဖြစ်သော ရိုးမဘဏ်ကိုဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် တည်ရှိသည့် ၁၀ ဧက[၅] ကျယ်ဝန်းသော Yoma Central စီမံကိန်းကို ဆောင်ရွက်သည်။ယင်းစီမံကိန်းသည် ရိုးမအုပ်စု[၆] နှင့် ဂျပန် မစ်ဆူဘီရှိကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ကိုင်ကာ ဒေါ်လာသန်း ၈,၀၀ တန်သည်။[၇] အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ကလည်း အဆိုပါစီမံကိန်းတွင် ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။ ယင်းအပြင် ဦးသိမ်းဝေသည် ဝေဖန်မှုမျိုးစုံရှိခဲ့သည့် တရုတ်က ဘီလီယံနှင့် ချီ ရင်းနှီးမြှုပ်နှံတည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်း[၈]၏ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (NYDC)[၉] တွင်လည်း ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခြင်းလည်း ရှိခဲ့သည်။[၁၀]

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ[ပြင်ဆင်ရန်]

စစ်ကောင်စီဥက္ကဋ္ဌနှင့်ဘဏ်လုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက်သူများထဲ ဦးသိမ်းဝေလည်းပါဝင်သည်။[၁၁]၎င်းဦးဆောင်သည့် ရိုးမအုပ်စုသည် မြန်မာစစ်တပ်နှင့် စီးပွားရေးအရ ကြီးစွာပတ်သတ်နေကြောင်း ဖော်ထုတ်ခံရသည်။[၁၂]စစ်ကောင်စီနှင့်နီးကပ်သည့်ဆက်ဆံရေးရှိသူဟု ဖော်ညွှန်းခံရကာ သီရိပျံချီဘွဲ့အပ်နှင်းခံရသည့်အထိ ပတ်သက်သည်။ စစ်တပ်ပိုင် မိုဘိုင်းအော်ပရေတာ မိုင်တဲလ်အတွက် တာဝါတိုင်များ တည်ဆောက်ဖို့ ချေးငွေထုတ်ပေးသည်။[၁၃]စစ်တပ်နှင့်စီးပွားရေးပတ်သတ်မှုရှိ၍ နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝေဖန်ခြင်းကိုလည်း ခံရသည်။[၁၄] ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ၎င်းဦးဆောင်သော ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ၅သန်းနှင့် ညီမျှသည့် ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းအား ရုပ်သိမ်းသည်။ [၁၅]

သူသည် လူထုပိုက်ဆံဖြင့် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်ကို ဖြည့်စည်းပေးသည့် ပုဂ္ဂလိကဘဏ်သူဌေးကြီးများထဲ ပါဝင်သူဟု Myanmar Now က ဖော်ညွှန်းသည်။ ၎င်းပိုင် ရိုးမဘဏ်က စစ်ကောင်စီ၏ ငွေတိုက်စာချုပ်ရောင်းချပွဲ၌ ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော်အထိ လေလံဝင်ဆွဲသည်။ [၁၆] [၁၇]

မိသားစုဘဝ[ပြင်ဆင်ရန်]

ဦးသိမ်းဝေသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သား ၄ ဦးရှိသည်။

ရရှိခဲ့သောဆုများ[ပြင်ဆင်ရန်]

၁၉၉၉ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်ကဆာ့ခ်ျဖန်ကိုစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ Doctorate of Philosophy in Business Administrationချီးမြှင့်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဩဂုတ်လထုတ် Forbes Asia က စင်္ကာပူ၏ အချမ်းသာဆုံး ၅၀ စာရင်းတွင် ၎င်းအား နံပါတ် ၃၈ နေရာတွင်ဖော်ပြခဲ့သည်။[၁၈] ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သီရိပျံချီဘွဲ့ ချီးမြှင့်ခဲ့သည်။[၁၉]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 21November2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 November 2022 တွင် ပြန်စစ်ပြီး။
  2. Chairman’s MessageFMI။ 21 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဟောင်ကောင်သို့မြန်မာငွေ ၈၀၀ ခန့်ဖြင့် အလုပ်လုပ်ရန် ထွက်ခွာသွားပြီးနောက် ယခုအခါ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်လာသော အိမ်ခြံမြေသူဌေးကြီးဆာ့ချ်ဖန်- ခြုံကြားမှဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၉)i Myanmar House (၁၅ ဩဂုတ် ၂၀၁၆)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. Tycoon TurfThe Irrawaddy (စက်တင်ဘာ ၂၀၀၅)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. လမ်းကြောင်းမှန်အတိုင်းလုပ်ကိုင်မှုကြောင့် ဒေါ်လာဘီလျံဝက်တန် အိမ်ရာဖော်ဆောင်ရေးလုပ်ငန်း နှောင့်နှေးနေရဟု ဦးသိမ်းဝေပြောMizzima (၂၈ ဧပြီ ၂၀၁၆)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. Yoma က YKKO ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်း ဝယ်ယူဧရာဝတီ (၁၁ ဖေဖော်ဝါရီ ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. စစ်အာဏာသိမ်းထားသော်လည်း ဇိမ်ခံအိမ်ခြံမြေ ရောင်းအားတက်Myanmar Now (၂၉ ဩဂုတ် ၂၀၂၁)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ရန်ကုန်မြို့သစ် စီမံကိန်းအကြောင်း NYDC ရဲ့ CEO ဦးသိမ်းဝေ နဲ့ ဆက်သွယ်မေးမြန်းချက်BBC (၄ ဧပြီ ၂၀၁၈)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ရန်ကုန်မြို့သစ် စီမံကိန်း ဝေဖန်ချက်တွေ ထပ်ထွက်ပေါ်VOA (၇ မတ် ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. မြန်မာလုပ်ငန်းရှင် ဦးသိမ်းဝေ ပြုံယမ်း ဆွေးနွေးပွဲတွင်ပါဝင်ဧရာဝတီ (၈ ဩဂုတ် ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံCINCDS Myanmar (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. IFC Divests from Yoma Bank After Myanmar Military Links ExposedThe Irrawaddy (၂၀ ဒီဇင်ဘာ ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းပြီး စီးပွားရေးတွေ လုပ်ကိုင်နေလို့ ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို IFC ရုပ်သိမ်းရန်ကုန်ခေတ်သစ်မီဒီယာ (၂၁ ဒီဇင်ဘာ ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. The articles described on mediajusticeformyanmar (၂၁ ဒီဇင်ဘာ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. ရိုးမဘဏ်၌ ရင်းနှီးမြှုပ်နှံမှု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ပြန်ရုပ်သိမ်းမည်DVB (၂၁ ဒီဇင်ဘာ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. ပုဂ္ဂလိကဘဏ်သူဌေးကြီးများ လူထုပိုက်ဆံဖြင့် စစ်ကောင်စီဘဏ္ဍာတိုက်ကို ဖြည့်ပေးနေMyanmar Now (၁၇ ဇူလိုင် ၂၀၂၃)။ ၁၇ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  17. PDF ‌တွေ နေပြည်တော်ကို တက်မသိမ်းရင် ရပြီလို့ FMI ဦးသိမ်းဝေ ပြော(ရုပ်/သံ)ဧရာဝတီ (၁၇ ဇူလိုင် ၂၀၂၃)။ ၁၇ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  18. Serge PunForbes (၂၆ ဇူလိုင် ၂၀၁၇)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  19. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၅ / ၂၀၂၂MOI Myanmar (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။