မာတိကာသို့ ခုန်သွားရန်

အ.ထ.က(၆)ဗိုလ်တထောင်

ဝီကီပီးဒီးယား မှ
ရွေးချယ်သတ်မှတ်ခြင်းများ

အခြေခံ ပညာ အထက်တန်း ကျောင်း အမှတ် (၆) ဗိုလ်တထောင် (အ.ထ.က. (၆) ဗိုလ်တထောင်) ဆိုသည်မှာ ဗိုလ်တထောင်မြိုနယ် မြို့တော်ဟောင်း ရန်ကုန် (ရန်ကုန်တိုင်း) အတွင်းတွင်တည်ရှိသော အခြေခံပညာအထက်တန်း ကျောင်းဖြစ်သည်။ ယခင်အမည်ဟောင်းမှာ စိန်ပေါလ်ကျောင်း (St. Paul's English High School) ဖြစ်သည်။ အမျိုးသားကျောင်း ဖြစ် ပြီး အနောက်အရပ်တွင် ဗိုလ်အောင်ကျော်လမ်းနှင့် အရှေ့အရပ်တွင်သိမ်ဖြူလမ်းကြား၊ တောင်အရပ်တွင် အနော်ရထာလမ်းနှင့် မြောက်အရပ်တွင်ဗိုလ်ချူပ်အောင်ဆန်းလမ်းကြား တို့အတွင်းတွင် တည်ရှိသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးဆာဘွဲ့ရသူ ဆာမောင်ခင်မြန်မာ့ ပထမဆုံး ပါရဂူ ဥပဒေပညာရှင် ပါမောက္ခဒေါက်တာ ဘဟန်၊ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်၊ ဆာဂျေအေမောင်ကြီးမြန်မာ့ပထမဆုံး ကိုယ်ကာယအလှ ဖော်ထုတ်သူ ဒေါက်တာ ဝေါ်လတာ ချစ်ထွန်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဂျပန်ခေတ် စစ်ပညာတော်သင် ဗိုလ်တင်မောင် (စာရေးဆရာ မြတ်ထန်)၊ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၊ ဗြိတိသျှအစိုးရနှင့် မြန်မာ့လွတ်လပ်ရေး ဆွေး‌နွေးရာတွင် ပါဝင်ခဲ့သူ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ပထမဆုံးသော မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူ ဦးကောင်း၊ လွတ်လပ်ရေးရပြီးခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ နိုင်ငံတော် တရားသူကြီးချုပ်သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်၊ စာရေးဆရာ သုမောင်မောင်ဝဏ္ဏမင်းသိင်္ခ၊ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ(ဆရ်ပန်)၊ ဓာတ်ပုံ ကျော်မိုးလွင်( RASU ).။ ဓာတ်ပုံ မိုးပိုင်စိုး ။ တေးရေး မောင်သစ်မင်း ။ အဆိုတော် ဘန်နီဖြိုး ။ ဒါရိုက်တာ မောင်မျိုးမင်း ( ရင်တွင်းဖြစ် ) ။ ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ အဆိုတော် ရဲလေး ၊ကောင်းခန့်အောင်(KKAg)တို့သည် စိန်ပေါလ်ထွက်များ ဖြစ်ကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

စိန်ပေါလ်ကျောင်းကို ခရစ်ယာန် သာသနာပြုဘုန်းတော်ကြီး Bishop Paul Bigandet ဆိုသူက ၁၈၆၀ ခုနှစ်၌ သူနေထိုင်ရာ မဟာဗန္ဓုလပန်းခြံလမ်းအနီးတွင် ရှေးဦးစွာ စတင်တည်ထောင်ခဲ့သည်။ ကျောင်း၏ဂုဏ်သတင်း ကျော်ကြားလာပြီး ကျောင်းသားအရေအတွက် တိုးပွားလာခြင်းကြောင့် ၁၈၈၅ ခုနှစ်တွင် လက်ရှိနေရာသို့ ကျောင်းကို ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ ကျောင်းတောင်ဘက်ရှိ အနော်ရထာလမ်းကို ကျောင်းတည်ထောင်သူ ခရစ်ယာန်ဘုန်းတော်ကြီးအား ဂုဏ်ပြု၍ Bigandet လမ်းဟု ယခင်ကိုလိုနီခေတ်က အမည်ပေးခဲ့ဖူးသည်။ ကျောင်းတော်ကြီး၏ စီမံခန့်ခွဲမှုကို အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှ လာရောက်ကြသည့် De La Salle Brothers အဖွဲ့က တာဝန်ယူခဲ့သည်။