မာတိကာသို့ ခုန်သွားရန်

သိမ်ကုန်းရွာ၊ ရမည်းသင်းမြို့နယ်

ဝီကီပီးဒီးယား မှ
သိမ်ကုန်း
ရွာ
သိမ်ကုန်းရွာ
သိမ်ကုန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သိမ်ကုန်း
သိမ်ကုန်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°27′04″N 96°10′59″E / 20.4511909484863°N 96.1830291748047°E / 20.4511909484863; 96.1830291748047ကိုဩဒိနိတ်: 20°27′04″N 96°10′59″E / 20.4511909484863°N 96.1830291748047°E / 20.4511909484863; 96.1830291748047
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်ရမည်းသင်းခရိုင်
မြို့နယ်ရမည်းသင်းမြို့နယ်
ကျေးရွာအုပ်စုသိမ်ကုန်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

စံပြ-သိမ်ကုန်းရွာ (အင်္ဂလိပ်: San Pya -Thein Gone)သည် မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်ရမည်းသင်းမြို့နယ်သိမ်ကုန်းကျေးရွာအုပ်စုသည် စံပြသိမ်ကုန်းတိုက်နယ် ၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၇၁၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စံပြ-သိမ်ကုန်းကျေးရွာအုပ်စုတွင် ရပ်ကွက်(၁၃)ရပ်ကွက်၊ရွာခွဲ တစ်ရွာ အိမ်ခြေစုစုပေါင်း ၂၀၆၄ အိမ်၊ကျား ၃၆၃၁ ဦး၊ မ ၄၄၄၃ ဦး၊ လူဦးရေ စုစုပေါင်း ၈၀၇၄ ဦးနေထိုင်သည်။ []


စံပြသိမ်ကုန်းကျေးရွာသည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့၏အရှေ့( ၃ )မိုင်အကွာ စံပြသိမ်ကုန်းတိုက်နယ် အတွင်းမှာ တည်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန် သောကြောင့် ‌ခေတ်မီဖွင့်ဖြိုးတိုးတတ်သော ရွာတစ်ရွာ ဖြစ်သည် ။စံပြသိမ်ကုန်းရွာသည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနဲရေခြား ရမည်းသင်းဒေသဖြင့်သော်လည်း ရမည်းသင်းမြို့နယ်အတွင်း ရေအရင်းမြစ်ကောင်းမွန်ပြီး ရေကောင်းရေသန့်ပေါများရာမှာ ထင်ရှားတဲ နေရာဒေသဖြစ်သည်။ မြေဆီမြေလွှာအထူး ကောင်းမွန်သောကြောင့် သီးနှံများအလွယ်တကူ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပါသည်။ ရမည်းသင်းနယ်မှာ သိမ်ကုန်း ဆိုရင် မသိတဲ့လူမရှိသလောက် ရှားသည်။ အဘယ်ကြောင့်ဆိုသော် စံပြသိမ်ကုန်းရွာသည် ရမည်းသင်းသို့ သောက်ရေ၊သုံးရေတိုကို ပို့ပေးရသော ရမည်းသင်းမြို့၏ အဓိကအားအထားရဆုံး ညာလက်ရုံး ရွာတစ်ရွာပင်ဖြစ်သည်။ စံပြသိမ်ကုန်းရွာသည် ဘာသာသာသနာထွန်းကာအရပ်ဒေ ဖြစ်သည်လျောက် ဘုန်းတော်ကြီးကျောင်း (၁၃) ကျောင်း ပရိယတ္တိစာသင်တိုက် (၁) နှင့် ရဟန်း၊သာမဏေ (၃၅၀)ကျော်သီတင်းသုံးရာ သာသနာပြုအရပ်ဒေသဖြစ်၏။

ကိုးကား

[ပြင်ဆင်ရန်]
  1. Place codes (Pcodes) Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။