ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အထွေထွေ)/မော်ကွန်း ၃

ဝီကီပီးဒီးယား မှ

မြန်မာတို့၏ လက်ဖက်ရည်စကားဝိုင်း[ပြင်ဆင်ရန်]

မြန်မာတို့သည် လက်ဖက်ရည်ဆိုင်ထိုင်သော အလေ့အကျင့်ကို ကိုလိုနီခေတ်မှာပင် စတင်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာတို့သည် ရှေးယခင်က လက်ဖက်ရည်ဆိုလျှင် လက်ဖက်ရွက်ကိုအခြောက်ခံ၍ ရေကိုဆူပွက်အောင်ကြိုချက်ကာ ထည့်၍သောက်သောအရည်ကို လက်ဖက်ရည်(ဖန်ခါးရည်)ဟု သုံးစွဲခဲ့ခြင်းလည်းရှိသည်။ (ယခုအချိန်ထိပင် အချို့သော ဒေသများတွင် သုံးစွဲလျှက်ရှိနေဆဲပင်ဖြစ်ပါသည်။) လက်ဖက်ရည်ဆိုင်ထိုင်သော ယဉ်ကျေးမှုတစ်ရပ်ကို ဖွံ့ဖြိုးပြီး မြို့ပြယဉ်ကျေးမှုဟု ဆိုပါလျှင် လွန်မည်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် လက်ဖက်ရည်ဆိုင်ထိုင်သော အလေ့အထကို မြို့နေလူထုများအကြား ပိုမိုတွေ့ရှိနေရခြင်းကြောင့်ဖြစ်သည်။ ထိုလက်ဖက်ရည်ဆိုင်တွင် မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းများ စုပေါင်းကာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိသဖြင့်ရောက်တတ်ရာရာ (အားသန်ရာကို) ပြောဆိုကြရင်းဖြင့် တစ်နေ့တာပင်ပန်းမှုတို့ကို အပန်ဖြေလေ့ရှိကြပါသည်။ မြို့ပြလူမှုအစဉ်အလာတစ်ရပ်မှ အခြားသော ကျေးရွာများထိတိုင် ကူးဆက်ကာ ယနေအခါတွင် မြန်မာနိုင်ငံအနှံ့အပြားတွင် လက်ဖက်ရည်ဆိုင်ကြီးများကို တွေ့မြင်ကြရပေမည်။ အဆင့်မြင့်လက်ဖက်ရည်ဆိုင်များသည် မြန်မာနိုင်ငံအနှံ့အပြား တောရော မြို့ပါမကျန် ထွန်းကားလျှက်ရှိသည်။ ထိုအစဉ်အလာသည် ကောင်းသည်များရှိသကဲ့သို့ ဆိုးသည်များလည်းရှိသည်။ အကောင်းနှင့်အဆိုး တွဲလျှက်ရှိသော လူမှု့အဆောက်အအုံထဲတွင် လက်ဖက်ရည်ဆိုင်စကားဝိုင်း ယဉ်ကျေးမှုသည်လည်း တစ်ခုအပါအဝင်ဟု ပြောရပေမည်။ လက်ဖက်ရည်ဆိုင်တွင် ယနေ့ လူငယ်၊ လူရွယ်များ ဂိတ်ဆော့ကြခြင်းဖြင့် အချိန်ကုန်နေကြသည်။ မိမိအနေဖြင့် ထိုသို့ အချိန်ကုန်ဆုံးနေသည်ကို လွန်စွာနှမြောမိသည်။ အချိန်သည် လူ၏တန်ဖိုးဖြစ်သည့်အားလျှော်စွာ အချိန်သည် ပြန်လည်ဝယ်ယူ၍မရသော တစ်ခုတည်းသော သဘာဝ၏ တန်ဖိုးဖြစ်ခြင်းကြောင့်ပင်။ ထို့အတူ ရှု့ထောင့်တစ်ခုမှ ပြောင်း၍ကြည့်မည်ဆိုပါလျှင် ရှေးယခင်ကထက် လူငယ်များသည် ပို၍စုစုစည်းစည်းဖြစ်လာကြသည်။ ထိုမှတစ်ဖန် အကောင်းဘက်သို့ ဦးတည်ပြောင်လဲသွားပါလျှင် နိုင်ငံတော်သည် ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံသို့ရောက်အောင် အဆိုပါလူငယ်၊ လူရွယ်များက တွန်းတင်ပေးနိုင်မည်လည်းဖြစ်သည်။ ဒါကြောင့် လူငယ်တို့ စုစုစည်းစည်းရှိသော လက်ဖက်ရည်ဆိုင်ကြီးများတွင် ရွေ့လျားစာကြည့်တိုက်များထားသင့်သည်။ ထိုသည်က တံခါးပိတ်ထားသော စာကြည့်တိုက်ထက်ပို၍ကောင်းလိမ့်မည်ဟု ယုံကြည်ပါသည်။ တစ်နည်းအားဖြင့် လူငယ်တို့ရှိသော နေရာများသို့ အလင်းတံခါးပေါက်များ ထားရှိရန်အကြံပြုလိုခြင်းလည်းဖြစ်သည်။


--Nay Wun Thit Insein (ဆွေးနွေး) ၀၉:၃၀၊ ၁၄ ဒီဇင်ဘာ ၂၀၁၉ (UTC)နေဝန်းသစ်(အင်းစိန်)[အကြောင်းပြန်ရန်]

လူမျိုးစုအမည် ရောထွေးအငြင်းပွားမှု[ပြင်ဆင်ရန်]

@Yomeo:, @မြိုလူမျိုးနွယ်:, @Mro(Mru) people: မြိုလူမျိုးမရူစာလူမျိုးအဝခမီလူမျိုးစတဲ့ စာမျက်နှာတွေနဲ့ ပတ်သက်ပြီး စာမျက်နှာ ရွေ့ပြောင်းခြင်း၊ စာမျက်နှာသစ် ဖန်တီးခြင်း၊ တည်းဖြတ်ခြင်းများ မပြုလုပ်မီ ကျေးဇူးပြုပြီး ဒီနေရာမှာ အရင်ဆုံး ဆွေးနွေးပေးစေလိုပါတယ်။ အငြင်းပွားနေတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မဖြေရှင်းသေးဘဲ စာမျက်နှာတွေ ရွေ့ပြောင်းနေတာက စာဖတ်သူတွေအတွက် ရောထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒီနေရာမှာ နားလည်သဘောပေါက်အောင် ဆွေးနွေးပေးစေလိုပါတယ်။ ကျနော် နားလည်သလောက် ပြောပြရရင် မြိုလူမျိုးနာမည်နဲ့ လူမျိုးစု နှစ်ခုဖြစ်နေတယ်။ မရူစာ/မြူ/မရူ လို့လဲခေါ်တဲ့ မြိုလူမျိုးစုနဲ့ အဝခမီလို့လဲ ခေါ်တဲ့ မြိုလူမျိုးစု ဆိုပြီး နှစ်ခုကွဲနေတယ်။ ဝီကီသဘောအရ စာမျက်နှာနှစ်ခုမှာ သံတူကြောင်းကွဲမှတ်ချက်လဲ ထည့်ထားပါတယ်။ ဒါပေမယ့် မြိုလူမျိုး ဆိုတဲ့ အမည်ပါ ဆောင်းပါးကိုပဲ နှစ်ဖက်စလုံးက ရယူဖို့ ကြိုးပမ်းနေသလို တွေ့ရပါတယ်။ ကျနော်နားလည်သလို ဟုတ်မဟုတ်လဲ ဖြေကြားပေးပါဦး။ ဖြေရှင်းချက်များမရမီမှာ စာမျက်နှာတွေကို မူလအခြေအနေတွေမှာပဲ ကာကွယ်ထားမှာ ဖြစ်ပါတယ်။ NinjaStrikers «» ၀၄:၃၅၊ ၁၀ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မြိုလူမျိုး နှင့် အဝခမီလူမျိုး ကို ရောထွေးထားခြင်း[ပြင်ဆင်ရန်]

ဆွေးလိုတာက အဝခမီလူမျိုး ကို မြိုလူမျိုး ဆိုပြီး လုပ်ဆောင်တဲ့ အချက် အရင် မှာ Mro people -wikipedia သာ ရှိပြီး ယခုအခါမှာ Mru people (Mrucha) -wikipedia ဟု ပြောင်းလဲ လိုက်ခြင်းသည် ။ အဝခမီလူမျိုးတို့က မြိုလူမျိုးနေရာ ကို ဝင်ယူနေခြင်းသာ ဖြစ်သည်ဟု ထင်မြင်သည် ။ ဤ သို့မဟုတ်မမှန် ရေးနေခြင်းသည် အဘယ်မှာ အမှန်တရား ရှိလိမ့်မယ်နည်။ မြို(မရူ)လူမျိုး နှင့် ခမီလူမျိုး/ မြို(ခေါ်)ခမီ (သို့မဟုတ်) မြိုခမိ (ယခုအခါ မြိုဟုခံယူ)တို့၏ အမည်နာမ မူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိုးမျိုးရှိသည်ကို ရှင်းလင်းတင်ပြခြင်း။

မြိုလူမျိုးနှင့် အဝခမိ ရောထွေးခြင်း မဟုပ်ကြောင်း ရှင်းလင်းခြင်း[ပြင်ဆင်ရန်]

မြိုလို ဆိုရာတွင် သုံးခုကို တွေ့မြင်ရပါတယ်။ ၁. မြို (ချင်းပြည်နယ် ဆမီးဒေသ တွင် နေထိုင်သူ) ၃. မြို(ဝါကုန်း) ( ရခိုင်ပြည်နယ် တွင် မြို ၊ ခမိ၊ ခမီး အဖြစ် ဖော်ပြခြင်း ခံရသူ ချင်းပြည်နယ်နေ မြိုတို့နှင့် ဘာသာစကားတူ ပြီး ဆက်ဆံရေး ရှိသူ၊ ချင်းတို့က မြို(ဝါကုန်း)ဟု ခေါ် ဆိုခြင်းခံရသူ) ၂. မြို (မရူစား) စစ်တကောင်းဒေသနေထိုင်သူ၊ ဖြစ်ပါတယ်။

၁။ မြို (ချင်းပြည်နယ် ဆမီးဒေသ တွင် နေထိုင်သူ) ချင်းပြည်နယ်တွင် မြိုအဖြစ်ရှိနေပြီး ၊ သမိုင်းလာရာ ဆမီးဒေသတွင် လက်ရှိထိ မြိုအဖြစ်ရှိနေသည်ကို တွေ့ရတ့သို ဘာသာစကားတွင် မြို(ခမိ) လက်ရှိရခိုင်တွင် မြိုအဖြစ်လည်းကောင်း၊ ခမိ အဖြစ်လည်းကောင်း ခေါ် ဆိုမှုတွင်ဘာသားစကား ၉၇ ရာခိုင်နှုန်း တူညီနေပါတယ်။

၂။မြို(ခမိ) ( ရခိုင်ပြည်နယ် တွင် မြို၊ ခမိ၊ ခမီး အဖြစ် ဖော်ပြခြင်း ခံရသူ ချင်းပြည်နယ်နေ မြိုတို့နှင့် ဘာသာစကားတူ ပြီး ဆက်ဆံရေး ရှိသူ၊ ချင်းတို့က မြို(ဝါကုန်း)ဟု ခေါ် ဆိုခြင်းခံရသူ)

မြို(ခမိ) လို့ ဆိုရာတွင် လက်ရှိချိန်ထိ သမိုင်း သုတေတီတို့၏ ဖော်ပြမှုတွင် မြို ၊ မြို(ခမိ) ၊ ခမီးလို့ သုံးနှုန်းကြပါတယ်။ ဒါဟာ မီးချောင်း၊ ပီးချောင်း၊ ကုလားတန် တလျှောက်နေထိုင်သော မြိုတွေကို များနှင့် အတူတူပင်ဖြစ်ပါတယ်။ မြိုအား ချင်းလူမျိုးတို့က မြို(ဝါကုန်း) လို့ ခေါ် ဆိုခြင်းတွင် မရူစား များအား ဆိုလိုခြင်း မဟုပ်ပဲ မြို(ခမိ) တို့အား ဆိုလိုခြင်း ဖြစ်ပါတယ်။

၃။ မြို (မရူစား) စစ်တကောင်းဒေသနေထိုင်သူ မရူစား (မြို) သည် လင်ကြဲ ဟု အစောပိုင်းသမိုင်းတွင် တွေ့ရပါတယ်။ နောက်တွင် မရူစားဟူ၍လည်းကောင်း ဒေသခ မြို(ခမိ)တို့က ဒါတ်ဟု၍လည်းကောင်းခေါ် ပါတယ်။

ပလက်ဝ ဒေသ ကီမာတောင်ခြေတွင်မှ အနောက်ဘက်တွင် သွားကြောင်း ခူမီး သမိုင်းတွင် ဖော်ပြထားပါတယ်။  ဒီလူမျိုးများဟာ စစ်တကောင်း တောင်တန်းဒေသတွင်သာ နေထိုင်ပြီး ရခိုင်သမိုင်းတွင် ဖော်ပြမှု အားနည်းသည်ကို တွေ့ရပါတယ်။  --Yomeo (ဆွေးနွေး)  ၁၀:၅၈၊ ၁၇ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]


မြိုလူမျိုးတို့၏ အမည်နာမမူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိုးမျိုး[ပြင်ဆင်ရန်]

ဤနေရာတွင်မြိုလူမျိုးကို (၃) မျိုးဖြင့်ဖော်ပြရှင်းလင်းပါမည်။ မိမိအခေါ် ၊နီးစပ်ရာလူမျိုးအခေါ်၊ နေထိုင်ရာဒေသအခေါ် ၊နှင့် နိုင်ငံခြားသားအခေါ်ဟူ၍ အမျိုးမျိုးရှိရာ - နီးစပ် ရာလူမျိုး ရခိုင် နှင့် ဗမာတို့က မြို(Mro), မျို(Myo)ဟုခေါ်သည်။ နိုင်ငံခြားသားကုလားတို့က မြုံ (Murong)ဟုခေါ်သည်။ မိမိကိုယ် မိမိတို့က မရူ(Mru)ဟုခေါ်ပါသည်။ဤ မြို(Mro),မြုံ(Murong),မရူ(Mru) အရေးအသားရပ် (၃)ခုမှ မူကွဲဟန်ရှိသော အရေးအသားအမျိုးမျိုး တစ်ခုချင်းစီကိုထုတ်နုတ်ရလျှင်- မြို(Mro)ဟူသော ဝေါဟာရအပြင် မြို့ဟူ၍လည်းကောင်း ၊မျိုဟူ၍လည်းကောင်း ၊ မြိုစာဟူ၍လည်းကောင်း၊ မြိုဆာ ဟူ၍လည်းကောင်း ၊ဒတ်ဟူ၍လည်းကောင်း၊တောင်မြိုဟူ၍လည်းကောင်း၊
တောင်မရိုဟူ၍လည်းကောင်း၊လောင်းဟူဟူ၍လည်းကောင်း၊တောင်မျိုဟူ၍လည်းကောင်းမူကွဲစာလုးံပေါင်းအရေးအသားအမျိုးမျိုးကိုတွေ့နိုင်သည်။အင်္ဂလိပ်အက္ခရာအလို- Mro are also known as Mroo,Moroo,Mro-cha, Mro-sa, Dak, Kuki(or)langye, Launghu, Taung Mro, Taung Moroo,Taung Myo written by differently the Mro(Mru) reffer to the tribe. မြုံ(Murong) ဟူသော ဝေါဟာရအပြင် မြုန် ဟူ၍လည်းကောင်း၊ မြုမ်ဟူ၍လည်းကောင်း ၊ မရောင်ဟူ၍လည်းကောင်း ၊ မြုံဂျာဟူ၍လည်းကောင်း မူကွဲဟန်စာလုးံပေါင်းအရေးအသား အမျိုးမျိုးကိုတွေ့နိုင်သည်အင်္ဂလိပ်အက္ခရာအလို - Murong are also known as Murung, Moorang, Morung written by differently the Mro(Mru) reffer to the tribe. မရူ(Mru) ဟူသော ဝေါဟာရအပြင် မြူဟူ၍လည်းကောင်း၊မြူစာဟူ၍လည်းကောင်း၊မရူစာဟူ၍လည်းကောင်း၊မြူဆာဟူ၍လည်းကောင်း၊မရူဆာဟူ၍လည်းကောင်း၊တောင်မြူဟူ၍လည်းကောင်း၊တောင်မရူဟူ၍လည်းကောင်းမူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိုးမျိုးတွေ့နိုင်သော်လည်း မြို(မရူ) လူမျိုးကိုပင် ရည်ညွန်းဖော်ပြသည်။အင်္ဂလိပ်အက္ခရာအလို - Mru are also known as Maru, Mru-cha, Maru-cha, Mru-sa, Maru-sa. Taung Mru, Taung Maru written by differently the Mro(Mru) reffer to the tribes.ေ ဖာ်ပြပါမူကွဲစာလုးံပေါင်းအရေးအသားအမျိုးမျိုးသည် မြိုလူမျိုး တစ်မျိုးကိုသာ ရည်ညွန်းဖော်ပြကြောင့် မိမိတို့အချင်းချင်းခေါ်ဆိုမှု မူလည်းကောင်း ၊ ရခိုင့်ရာဇဝင်သမိုင်း၊ မြန်မာ့ရာဇဝင်သမိုင်း ၊သုတေသနပြုစာတမ်းကြီးများ အခြားစာအုပ်မျာစွာက ထောက်ခံလျှက်ရှိပါသည် ။ ၎င်း မူကွဲဟန် စာလုးံပေါင်း အရေးအသားအမျိုးမျိုးများသည် ခမီလူမျိုး / မြို (ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ(ယခုအခါတွင် မြိုဟုခံယူ)တို့နှင့် ပါဝင်ပတ်သက်မှုရှိသည်ကို မတွေ့ရှိပေ။

ခမီလူမျိုး နှင့် မြို(ခေါ်)ခမိ (သို့မဟုတ်) မြိုခမိ (ယခုအခါ မြိုဟုခံယူ) လူမျိုးတို့၏ မူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိူးမျိုး[ပြင်ဆင်ရန်]

ခမီလူမျိုးတို့၏အမည်နာမ စာလုးံပေါင်းအရေးအသား မူကွဲဟန်အမျိုးမျိုးကို ဖော်ပြရာတွင် ခမီ (၃)အုပ်စု ဖြင့် ဖော်ပြမှသာလျှင် ပြည့်စုံပေမည်။ ၁။ အရိုင်းခမီ(ခူမီး) ၂။ အဝခမီ (ခမီ) ၃။ မြို(ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ (ယခုအခါ မြိုဟုခံယူ) တို့၏ မိမိအခေါ် ၊နီးစပ်ရာလူမျိုးအခေါ် ၊နေထိုင်ရာဒေသအခေါ် နှင့် နိုင်ငံခြားသား အခေါ်ဟူ၍ အမျိုးမျိုးတွေ့နိုင်သည် ။ ယင်း (၃)အုပ်စုတို့၏ လူမျိုးအမည်နာမ မူကွဲဟန်စာလုးံပေါင်း အရေးအသားအမျိုးမျိုးတို့မှာ ထပ်တူရှိကြောင့် တွေ့ရပေမည် ။


  • အရိုင်းခမီ(ခူမီး) ဟူသောဝေါဟာရအပြင် တွေ့နိုင်သော အရေးအသားများမှာ အရိုင်းခမီ၊ ခမွီး(ခူမီး) ဟူ၍လည်းကောင်း ၊ ခူမီးဟူ၍လည်းကောင်း ၊ ခွေးမွေးဟူ၍လည်းကောင်း ၊ ခမီးဟူ၍လည်းကောင်း ၊

ခွေးမြီးဟူ၍လည်းကောင်း ၊ခမွီးဟူ၍လည်းကောင်း ၊ ခမွေ ဟူ၍လည်းကောင်း ၊ ခမွီ ဟူ၍လည်းကောင်း ၊ ကုလာတန်ခူမီး ဟူ၍လည်းကောင်း ၊ စာလုးံပေါင်းအရေးအသားအမျိုးမျိုးကို တွေ့နိုင်သည် ။ အင်္ဂလိပ်အက္ခရာအလို - Ahraing(Khumi) are also known as Ahraing Khami, Kwemyi(Khumi), Khumi, Khwemyi, Khami(Khumi) , Khami, Khamee, Kumi, Khwemye, Kami, Khwe-mee, Kwemi, Kaladan Khumi, Eastern Khumi,Hkamie written by differently the Khumi reffer the tribe.

  • အဝခမီ(ခမီ) ဟူသော ဝေါဟာရအပြင် တွေ့နိုင်သည့် အရေးအသားအမျိုးမျိုးများမှာ ခမွီးဟူ၍လည်းကောင်း ၊ ခမွေ ဟူ၍လည်းကောင်း ၊ ခမွီဟူ၍လည်းကောင်း ၊ အဝခမီဟူ၍လည်းကောင်း၊

ခွေးမြီးဟူ၍လည်းကောင်း ၊ ဝါကုန်းဟူ၍လည်းကောင်း ၊ဘကုန်းဟူ၍လည်းကောင်း၊ ခမီးဟူ၍လည်းကောင်း ၊ ခမီဟူ၍လည်းကောင်း ၊ ခေမွီးဟူ၍လည်းကောင်း ၊ စာလုးံပေါင်းအရေးအသားအမျိုးမျိုးရှိသော်လည်း ခမီလူမျိုးကိုရည်ညွန်း ခေါ်ဆိုခြင်းဖြစ်ပါသည်။ အင်္ဂလိပ်အက္ခရာ အလို- Awa(Khami) are also known as Khamyi, Khemyi, Khami, Khimi, Kami, Khwe-myee, Khwemyi, Kwemi, Vakung, Wa kung, Khamee, written by differently the Khami reffer to the tribes. မြို(ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ (ယခုအခါမြိုဟုခံယူ) ဟူသော ဝေါဟာရ အပြင် ခမွီးဟူ၍လည်းကောင်း ၊ ခမွေးဟူ၍လည်းကောင်း ၊ အဝခမီဟူ၍လည်းကောင်း ၊ ခမိဟူ၍လည်းကောင်း ၊ ဝါကုန်းဟူ၍လည်းကောင်း ၊ဘကုန်းဟူ၍လည်းကောင်း ၊ ခွေးမွေးဟူ၍လည်းကောင်း ၊ ခမီးဟူ၍လည်းကောင်း ခမီဟူ၍လည်းကောင်း၊ ခွေးမြီးဟူ၍လည်းကောင်း ၊ ခေမီး ဟူ၍လည်းကောင်း၊ အရေးအသားအမျိုးမျိုးကိုတွေ့နိုငိသည် ။ သူတို့ကိုသူတို့ ခေါ်သည့်အခါမှာ ခမီ ဟုခေါ်သည်။ အင်္ဂလိပ်အက္ခရာအလို Mro-Khami are also known as Khamyi, Kamyi, Awa Khami, Kami, Wa kung, Va kung, Khwemyi, Khamee, Khimi, Khwe-mee, Kimi, written by differently the Khami reffer to the tribe. မြို(ခေါ်)ခမိ (သို ့မဟုတ်) မြိုခမိ (ယခုအခါမြိုဟုခံယူ) ဝတ်ဆင်မှုသည် ေ ဖာ်ပြပါ ခမီ (၃)အုပ်စုတ ွင် အမည်နာမ စာလုးံပေါင်း အရေးအသား အမျိုးမျိုးသော ခမီွီး ၊ ခမီး ၊ ခမိ၊ အဝအခမီ ၊ အရိုင်းခမီ သည် ဤ (၃)အုပ်စုတွင် ထပ်တူရှိကြောင်းတွေ့ရသည် ။ ယင်းသို့ လူမျိုးအမည်နာမ ထပ်တူသည်မှာ လူမျိုးတစ်မျိုးတည်းမှ ဆင့်သက် ဆက်နွယ်လာမှုရှိသော လူမျိုးစုမှာသာ တွေ့နိုင်သည် ။ ထို့အပြင် ပထဝီနယ်မြေ တူသည် ။ဘာသာစကားပြောဆို ဆက်စပ်မှု ၇၀% ကျော် တူညီကြောင့်လည်းလေ့လာတွေ့ရှိသည် ။ သို့ဖြစ်လျှင် ရခိုင့်ရာဇဝင်သမိုင်းကျမ်း ၊ မြန်မာ့စွယ်စုံကျမ်း ၊မြန်မာ့သမိုင်း စာအုပ် များနှင့် သုတေသနပြုစာတမ်းကြီးများတွင် ပါရှိသော ခမွီး ၊ ခမီး ၊ ခမိ ၊ အရိုင်းခမီ ၊အဝခမီ စာလုးံပေါင်း အရေးအသားအမျိုးမျိုးသည် ဤ (၃) အုပ်စု ကို ရည်ညွန်း ပြကြောင့် တွေ့ဆနိုင်ပေသည် ။ မြို (Mro) ,မရူ(Mru) ,မြုံ( Murong) အမည်နာမတို့နှင့်ကား ဤခမီ (၃)အုပ်စု တို့နှင့် ဆက်စပ်မှု ရှိသည်ကို မတွေ့ရှိပေ။မြိုလူမျိုးနွယ် (ဆွေးနွေး) ၀၆:၅၄၊ ၁၀ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

@မြိုလူမျိုးနွယ်: ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးပါ။ ကျွန်တော်တွေ့သလောက် Myanmar Information Management Unit ကထုတ်ပြန်ထားတဲ့ ဘာသာစကားမြေပုံ (မြန်မာ) နဲ့ (အင်္ဂလိပ်) ကို ကိုးကားပြုပြီး ပြောရရင် မြင်မိသလောက်က နာမည်ကို မြန်မာလို အသံထွက်ပြီးရေးရာမှာ ရောသွားတာဗျ။ Mro / Mru ကို နီးစပ်အောင် အသံထွက်ရေးတော့ နှစ်ခုစလုံး မြို ဆိုပြီး ဖြစ်နေတာ။ အဲဒါကို ကွဲပြားသွားအောင် Mru - မရူ နဲ့ Mro ကို အခြားအမည် ခမီ/ခမွီး ဆိုပြီး ခွဲခြားရေးလိုက်တော့ မြို(မရူစာ) နဲ့ မြို(ခမိ) လို့ ဖြစ်သွားရော။ ဒီအငြင်းပွားမှုကို ဖြေရှင်းဖို့ဆိုရင် လွှတ်တော်မှာ ဆွေးနွေးချက် ၁ဆွေးနွေးချက် ၂ နဲ့ ဝီကီရဲ့ မူဝါဒတွေအရ မြိုလူမျိုး ဆိုတဲ့ စာမျက်နှာကို ရခိုင်လူမျိုးကြီးအုပ်စုဝင် မြိုလူမျိုး (မရူစာ) အတွက် ပြင်ဆင်ဖို့ဖြစ်ပြီး၊ ချင်းလူမျိုးကြီးအုပ်စုအောက်က မြို(ခမီ) အတွက် ခမီလူမျိုး နဲ့ အဝခမီလူမျိုး စာမျက်နှာနှစ်ခုကို ပေါင်းပြီး ခမီလူမျိုး စာမျက်နှာမှာ ရေးသားဖို့ ဖြစ်မယ်လို့ ယူဆပါတယ်။ လတ်တလောရှိနေတဲ့ ရခိုင်လူမျိုးအုပ်စုအောက်က ခမီးလူမျိုး စာမျက်နှာကို ပြည်သူ့လွှတ်တော်ဆွေးနွေးချက် ၂ အရ ခမွီးလူမျိုးအမည် ပြောင်းပါမယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဆွေးနွေးချက် ၁ မှာ ဖော်ပြထားတဲ့ ချင်းလူမျိုးအောက်က အောင်ခမီ ဆိုတာ အဝခမီကိုပဲ ဆိုလိုချင်တာလား၊ သီးခြားတစ်ခုလားဆိုတာကို မပြောတတ်သေးပါ။ NinjaStrikers «» ၀၈:၀၉၊ ၁၀ မေ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မြိုလူမျိုးနှင့် အဝခမိ ရောထွေးခြင်း မဟုပ်ကြောင်း ရှင်းလင်းခြင်း မြိုလို ဆိုရာတွင် သုံးခုကို တွေ့မြင်ရပါတယ်။ ၁. မြို (ချင်းပြည်နယ် ဆမီးဒေသ တွင် နေထိုင်သူ) ၃. မြို(ဝါကုန်း) ( ရခိုင်ပြည်နယ် တွင် မြို ၊ ခမိ၊ ခမီး အဖြစ် ဖော်ပြခြင်း ခံရသူ ချင်းပြည်နယ်နေ မြိုတို့နှင့် ဘာသာစကားတူ ပြီး ဆက်ဆံရေး ရှိသူ၊ ချင်းတို့က မြို(ဝါကုန်း)ဟု ခေါ် ဆိုခြင်းခံရသူ) ၂. မြို (မရူစား) စစ်တကောင်းဒေသနေထိုင်သူ၊ ဖြစ်ပါတယ်။

၁။ မြို (ချင်းပြည်နယ် ဆမီးဒေသ တွင် နေထိုင်သူ) ချင်းပြည်နယ်တွင် မြိုအဖြစ်ရှိနေပြီး ၊ သမိုင်းလာရာ ဆမီးဒေသတွင် လက်ရှိထိ မြိုအဖြစ်ရှိနေသည်ကို တွေ့ရတ့သို ဘာသာစကားတွင် မြို(ခမိ) လက်ရှိရခိုင်တွင် မြိုအဖြစ်လည်းကောင်း၊ ခမိ အဖြစ်လည်းကောင်း ခေါ် ဆိုမှုတွင်ဘာသားစကား ၉၇ ရာခိုင်နှုန်း တူညီနေပါတယ်။

၂။မြို(ခမိ) ( ရခိုင်ပြည်နယ် တွင် မြို၊ ခမိ၊ ခမီး အဖြစ် ဖော်ပြခြင်း ခံရသူ ချင်းပြည်နယ်နေ မြိုတို့နှင့် ဘာသာစကားတူ ပြီး ဆက်ဆံရေး ရှိသူ၊ ချင်းတို့က မြို(ဝါကုန်း)ဟု ခေါ် ဆိုခြင်းခံရသူ) မြို(ခမိ) လို့ ဆိုရာတွင် လက်ရှိချိန်ထိ သမိုင်း သုတေတီတို့၏ ဖော်ပြမှုတွင် မြို ၊ မြို(ခမိ) ၊ ခမီးလို့ သုံးနှုန်းကြပါတယ်။ ဒါဟာ မီးချောင်း၊ ပီးချောင်း၊ ကုလားတန် တလျှောက်နေထိုင်သော မြိုတွေကို များနှင့် အတူတူပင်ဖြစ်ပါတယ်။ မြိုအား ချင်းလူမျိုးတို့က မြို(ဝါကုန်း) လို့ ခေါ် ဆိုခြင်းတွင် မရူစား များအား ဆိုလိုခြင်း မဟုပ်ပဲ မြို(ခမိ) တို့အား ဆိုလိုခြင်း ဖြစ်ပါတယ်။

၃။ မြို (မရူစား) စစ်တကောင်းဒေသနေထိုင်သူ မရူစား (မြို) သည် လင်ကြဲ ဟု အစောပိုင်းသမိုင်းတွင် တွေ့ရပါတယ်။ နောက်တွင် မရူစားဟူ၍လည်းကောင်း ဒေသခ မြို(ခမိ)တို့က ဒါတ်ဟု၍လည်းကောင်းခေါ် ပါတယ်။

ပလက်ဝ ဒေသ ကီမာတောင်ခြေတွင်မှ အနောက်ဘက်တွင် သွားကြောင်း ခူမီး သမိုင်းတွင် ဖော်ပြထားပါတယ်။ ဒီလူမျိုးများဟာ စစ်တကောင်း တောင်တန်းဒေသတွင်သာ နေထိုင်ပြီး ရခိုင်သမိုင်းတွင် ဖော်ပြမှု အားနည်းသည်ကို တွေ့ရပါတယ်။ လက်ရှိမြေပြင်တွင် ဒီပြဿနာများကြောင်း သုတေသန သေချာပြုလုပ်ပြီး ရေးသင့်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး ဖြစ်တည် ရပ်တွင် သမိုင်း အပေါ် တွင် မှီတင်သောကြောင်း သမိုင်းကြေင်း မလွဲစေဖို့ ဆန္ဒပြုပါတယ်။

 --Yomeo (ဆွေးနွေး)  ၁၀:၅၈၊ ၁၇ မေ ၂၀၂၀ (UTC) — Yomeo (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 17:52, 17 May 2020

လဲ့ဆန်း[ပြင်ဆင်ရန်]

လဲ့ရှန်းဗုဒ္ဓရုပ်ပွားတော် စာလုံးပေါင်း ပြင်ကြပါ. Shan ဆိုတာ ဆန်း လို့ ပြန်မှ သင့်လျော်ပါမယ်. San ဆို စန်းနဲ့ သင့်လျော်ပါတယ်.

ရှန်းအတွက်ဆိုရင်တောင်မှ တရုတ်မှာ အသံတူ စာလုံးတွေ အများကြီး ရှိနေတယ်.

Xian, xiang ဒီစာလုံးတွေ တွေ့ရင် အသံက လေးသံ ရှိသေးတယ်

ရှန်း ရှန် ရှန် ရှန့် စသဖြင့်.

Shan ဆိုရင်လည်း အသံလေးသံ ရှိသေးတယ်. တရုတ်စာလုံး မသိဘူးဆိုရင် စာလုံးကို ကော်ပီကူးပြီး google tranlator မှာ နားထောင်ကြည့်ကြပါ။ ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၀၆:၄၈၊ ၂၀ ဩဂုတ် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ကိုဗစ်ကာလမှာ မြန်မာဝီကီ အမြတ်ထွက်ပါစေ[ပြင်ဆင်ရန်]

လူတွေအားလုံး အိမ်တွင်းအောင်းနေချိန် မြန်မာဝီကီမှာ ဝင်ရောက်ရေးသားရင်း ကိုဗစ်ကာလကို ကျော်လွှားနိုင်မယ်ဆို သိပ်ကောင်းမယ်။ ၅သောင်း ပြည့်တော့မယ်။--Battoe19 (ဆွေးနွေး) ၀၈:၅၁၊ ၂၁ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

အတတ်နိုင်ဆုံး ကိုယ်တတ်နိုင်သလောက်ကြိုးစားပြီး ရေးပါတယ်။ ပါဝင်ရေးသားတဲ့သူတွေ များလာရင် ကောင်းမယ်။ အခုက ဝင်ရေးတဲ့သူက နည်းနည်းလေးပဲ ရှိတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၁:၁၀၊ ၂၁ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ရွာတည်နေရာများ[ပြင်ဆင်ရန်]

@Bhone.bm: @ခင်မောင်မောင်လွင်: အစ်ကိုတို့နှစ်ယောက် မြို့နယ်အလိုက် ရွာစာရင်းဆောင်းပါးတွေ ဖန်တီးပေးနေတဲ့အတွက် ကျေးဇူးပါ။ အစကတော့ ရွာဆောင်းပါးတွေထဲမှာ Coordinate မထည့်ထားတာတွေကို မြေပုံပေါ်အောင် coordinate တွေ လိုက်ထည့်ပေးဖြစ်တယ်။ ဒါပေမယ့် ရွာဆောင်းပါးသစ်တွေများလာတော့ ကျွန်တော်လဲ လိုက်ဖြည့်မနိုင်ဖြစ်သွားတယ်။ အဲဒါကြောင့် တကယ်လို့များ အဆင်ပြေမယ်ဆိုရင် ရွာဆောင်းပါးဖန်တီးရင်းနဲ့ coordinates တွေပါ တပါတည်း ထည့်လိုက်လို့ ရနိုင်မလားလို့ ဆွေးနွေးကြည့်တာပါ။ ဖြည့်ဖို့အတွက် Coordinates တွေကို မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုအဖွဲ့ရဲ့ Pcodeဖိုင်တွေကနေ ယူပါတယ်။ ဒီစာမျက်နှာရဲ့ PCode Datasets အောက်မှာ တိုင်းနဲ့ပြည်နယ်အလိုက် Pcode တွေကို zip နဲ့ တင်ပေးထားပါတယ်။ သက်ဆိုင်ရာ တိုင်းပြည်နယ်အလိုက် ဒေါင်းလုပ်လုပ်ပြီး ဖြည်လိုက်ရင် Excel ဖိုင် ရလာပါလိမ့်မယ်။ Excel ဖိုင်ရဲ့ "07_Village" sheet ထဲက ကော်လံ N နဲ့ O မှာ တစ်ရွာချင်းစီရဲ့ coordinates (Longitude, Latitude) တွေ ပါပါတယ်။ အဲဒီ Lat, Long ကို {{Infobox settlement}} ရဲ့ |coordinates ပါရာမီတာမှာ {{Coord}} တမ်းပလိတ်သုံးပြီး ကော်ပီယူဖြည့်ထည့်လိုက်ရင် မြေပုံထွက်ပါပြီ။ sheet ထဲမှာ ရွာနာမည် ရှာရလွယ်ဖို့ဆိုရင် မြို့နယ်တစ်ခုချင်းစီကို filter လုပ်ပြီး ရွာအမည်ကို အက္ခရာစဉ်လုပ်လိုက်ရင် ရှာရလွယ်ပါလိမ့်မယ်။ ထည့်ရမယ့် ပုံစံက {{Coord|Latitude|Longitude|region:MM|format=dms|display=inline,title}} ဆိုပြီး Latitude နဲ့ Longitude နေရာမှာ Excel ဖိုင်ထဲက ဂဏန်းတွေ ယူဖြည့်ရုံပါပဲ။ သတိထားဖို့လိုတာက Excel ဖိုင်ထဲမှာက Longitude ကော်လံပြီးမှ Latitude ကော်လံဖြစ်ပြီး ဝီကီရဲ့ coord တမ်းပလိတ်မှာက Latitude ပြီးမှ Longitude ဖြည့်တာပါ။ တခြားပါရာမီတာတွေဖြစ်တဲ့ format=dms ဆိုတာကတော့ coordinates ကို ဒီဂရီ၊ မိနစ်၊ စက္ကန့် ပုံစံနဲ့ ပြခိုင်းတာပါ။ display ဆိုတာကတော့ coordinates ကို Infobox ထဲမှာ inline လိုင်းအနေနဲ့ရော၊ ခေါင်းစီးညာဖက်မှာ title အနေနဲ့ရော ပြခိုင်းတာပါ။ ရွာဆောင်းပါးတွေမှာ တည်နေရာပါ တပါတည်း ထည့်ပေးနိုင်တော့ ပိုပြီး ပြည့်စုံသွားမှာပါ။ ဖြည့်ဖို့ အခက်အခဲရှိရင်လည်း ပြောပေးပါ။ ကျနော်လဲ အားတဲ့အခါ တည်နေရာမပါသေးတဲ့ ရွာဆောင်းပါးတွေကို ကူဖြည့်ထားပေးပါမယ်။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၀၈:၁၀၊ ၁၁ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

P.S တစ်ခုစဉ်းစားမိလို့ပါ။ ဖုန်းနဲ့ဆောင်းပါးရေးတာဆိုရင်တော့ ဖုန်းပေါ်ကနေ ဒီလိုလုပ်ဖို့က အခက်အခဲရှိမယ်ထင်ပါတယ်။ NinjaStrikers «» ၀၈:၁၂၊ ၁၁ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
Okay.ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၈:၁၆၊ ၁၁ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ကိုဩဒိနိတ်တွေ ဘယ်က ယူပြီး ထည့်သွင်းတာလဲလို့ တွေးနေတာပါ။ ကိုယ်တိုင်ထည့်လည်း ရယ်ဆိုရင် ထည့်ကြည့်မှာပါ။ ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၀၈:၃၃၊ ၁၁ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့။ အဆင်ပြေတယ်ဆိုရင် တပါတည်းထည့်ပေးကြပါဦး။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၁:၃၂၊ ၁၁ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ရှိသမျှလင့်တွေ အကုန်ဝင်ပြီး ရှိသမျှ အကုန်ဒေါင်း စာတွေအကုန်ကူးလိုက်မှ Login ဝင်လို့ ရသွားတယ်။ အဲတော့ စာဖိုင်လည်း အစမ်းသဘော နည်းနည်းစီ တင်ကြည့်တာ ဘယ်နှယ်နေလဲဗျ။ ဒီဇင်ဘာလေးရက်ကို မစောင့်ဘဲ ခုပဲ တင်လိုက်လို့ မရဘူးလား မသိ။ test.wikipedia မှာ အစမ်း pagefromfile လုပ်ကြည့်တာ filter လုပ်တားထင်တယ်။ Captcha တောင်းနေလို့ မရဘူး။ @Ninjastrikers: Bhonebsm (ဆွေးနွေး) ၁၀:၅၂၊ ၃၀ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
အဆင်ပြေသွားတဲ့အတွက် ဝမ်းသာပါတယ်။ တစ်ပတ်စောင့်ရတာက ပရောဂျက်တွေအားလုံး လိုက်နာကြတဲ့ standard procedure ကြောင့်ပါ။ ကြားထဲမှာ နည်းနည်းချင်းပဲ လုပ်ပါဦး။ ကျေးဇူးပါ။ NinjaStrikers «» ၁၂:၂၉၊ ၃၀ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
I see. ရှိပြီးသား page ကို edit လုပ်တာတွေ၊ ထည့်တာတော့ နားမလည်သေးဘူး။ bot နဲ့ ပြင်ဖို့ လိုအပ်တဲ့ နေရာက ဘယ်လိုနေရာမျိုးမှာလဲ မသိဘူး။ လိုအပ်တာတွေ ပြောပြပေးပါဦး။ သူငယ်ချင်းကို ပြန်လုပ်ပြရဦးမယ်။ ကျေးဇူးတင်ပါတယ် Bhonebsm (ဆွေးနွေး) ၁၂:၅၉၊ ၃၀ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
script တွေမှာ ကြည့်ကြည့်ပါ။ ကျနော့ဘော့သုံးလေ့ရှိတာတွေကို သူ့စာမျက်နှာမှာ ပြထားပါတယ်။ NinjaStrikers «» ၁၃:၃၇၊ ၃၀ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
Delete Deleted_GAD, March 2015
VillagetoWard Upgraded village to Nyaung Pin Seik Ward in Mawlamyine Town
ကျေးရွာတွေမှာ တချို့ အဲလို မှတ်ချက်ပါတာ ဘယ်လို လုပ်ရမလဲ။ ရွာက မရှိတော့တာလား။ ရပ်ကွက်အဖြစ် တိုးမြှင့်သွားတာလား။ Bhoned(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၇:၄၆၊ ၁ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ဟုတ်တယ်ဗျ။ Deleted ဆိုရင် ရွာအနေနဲ့ မရှိတော့တာပြောတာ။ တစ်ချို့ရွာတွေက မြို့ရပ်ကွက်ဖြစ်သွားတာတွေ၊ ရွာပျက်သွားတာတွေဆို Deleted မှတ်ချက်ပါတယ်။ NinjaStrikers «» ၀၈:၁၄၊ ၁ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
အဲဒီတော့ ဘယ်လိုရေးရမလဲ။ "ယခုအခါ ထိုရွာသည် မရှိတော့ပါ/ တိမ်ကောသွားပြီ ဖြစ်သည်။" / "ယခုအခါ ထိုရွာသည် မော်လမြိုင်မြို့အတွင်းရှိ ညောင်ပင်ဆိပ်ရပ်ကွက် ဖြစ်သွားလေပြီ။" အဲလိုထည့်ရေးရမလား။ ဒါမမဟုတ် ဘာမှ ထည့်မရေးဘဲ နေရမလား။ Bhoned(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၉:၁၁၊ ၁ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
မရှိတော့တဲ့ရွာဆိုရင်တော့ ဆောင်းပါးမလုပ်ဘဲ ထားရင်ကောင်းမလား။ ရွာအကြောင်းက မြို့ဟောင်းတွေလို ချဲ့ကားပြီးလဲ ရေးမရဆိုတော့။ ရပ်ကွက်ဖြစ်သွားတာ၊ မြို့ထဲ ပေါင်းသွားတာဆိုရင်တော့ ရပ်ကွက်ဖြစ်သွားကြောင်း ရေးထားခဲ့ရင်တော့ ရမယ်။ NinjaStrikers «» ၁၁:၅၄၊ ၁ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ကဏ္ဍ:မန္တလေးတိုင်းဒေသကြီးရှိ ရွာများ အားလုံးမှာ အုပ်ချုပ်ရေးဒေသကို ပြည်နယ်ကနေ တိုင်းဒေသကြီး ပြင်ဖို့ မေ့သွားတာ၊ စစ်ကိုင်းတိုင်း ရောက်မှ သတိထားမိတာ၊ အဲဒါတွေကို ဘယ်လို လိုက်ပြင်ရမလဲ၊ ကျနော် ပြင်ကြည့်တာ ပါရာမီတာ မမှန်လို့လား၊ ကချင်ပြည်နယ်ကနေ စပြင်နေလို့၊ ကဏ္ဍတခု ထဲက ရွာတွေအားလုံးကို ရွေးပြီးပဲ ပြင်ချင်ရင် ဘယ်လို ပါရာမီတာ သုံးပြီး ပြင်ရမလဲ၊ (သို့) ကိုနင်ဂျာ ပြင်ပေးပါ။ python pwb.py replace "အုပ်ချုပ်ရေးနယ်မြေဒေသများ|ပြည်နယ်]]" "အုပ်ချုပ်ရေးနယ်မြေဒေသများ|တိုင်းဒေသကြီး]]" -cat:"မန္တလေးတိုင်းဒေသကြီးရှိ ရွာများ" -search:"အုပ်ချုပ်ရေးနယ်မြေဒေသများ|ပြည်နယ်]]" -lang:my Bhoned(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၃:၄၅၊ ၂၅ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မသိတာမေး[ပြင်ဆင်ရန်]

Zwsp ဆိုတာဘာလဲ။ 1234 ကို ၁၂၃၄ လို့ ဖော်ပြပေးတဲ့ တမ်းပလိတ်ရှိမရှိ။ ကဏ္ဍက ကွကို ဖန်တီးရမှာလား တောင်းဆိုရမှာလား။ မွေးသက္ကရာဇ် မဟုတ်တဲ့ ရိုးရိုးရက်စွဲတွေအတွက် တမ်းပလိတ် ရှိမရှိ။ ဖြေပေးကြပါဦးဗျ။ ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၀၂:၁၄၊ ၁၃ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

Zero-width space ကို ပြောတာပါ။ မမြင်ရတဲ့ space ပါပဲ။ အဲဒီဟာလေး ပါနေရင် လင့်ခ်ချိတ်တဲ့နေရာမှာ အခက်အခဲရှိစေပါတယ်။ ဥပမာ မဲတောရွာ၊ ​ရေဖြူမြို့နယ် နဲ့ မဲတောရွာ၊ ရေဖြူမြို့နယ် ကိုကြည့်ရင် အမြင်မှာတော့ အတူတူပါပဲ။ ဒါပေမယ့် ပထမတစ်ခုက ရေဖြူ စာလုံးရှေ့မှာ zwsp ရှိနေပါတယ်။ အဲဒီတော့ လင့်ချိတ်ရင် စာရိုက်ပြီးရေးထားတာကို ချိတ်လို့မရတော့ဘဲ စာလုံးအတွဲလိုက် ကော်ပီယူပြီး လင့်ချိတ်မှ ရပါတော့တယ်။ ဒါကြောင့် ခေါင်းစီးတွေ စာပိုဒ်တွေမှာ zwsp ပါနေရင် လိုက်ဖယ်နေတာပါ။ zwsp ကို စာရိုက်တုန်း မြင်ရဖို့အတွက် text editor အကွက်အပေါ်က SyntaxHighlight tools ကို နှိပ်ကြည့်ရင် zwsp ကို အနီစက်အနေနဲ့ မြင်ရပါတယ်။
1234 ကို ၁၂၃၄ ပြောင်းချင်ရင် {{formatnum:1234}} ဆိုရင် ၁၂၃၄ လို့ မြင်ရပါမယ်။ ဒါက syntax နဲ့ ပြောင်းတာပါ။ မော်ဂျူးအနေနဲ့ မော်ဂျူး:ConvertDigit ဆိုတာရှိပါတယ်။ တမ်းပလိတ်အနေနဲ့ လုပ်ရင် အဲဒီမော်ဂျူးကို အခြေတည်ပြီး လုပ်လို့ရပါတယ်။ NinjaStrikers «» ၀၆:၄၄၊ ၁၃ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
အသုံးပြုသူ မည်သူမဆို ကဏ္ဍတွေကို (လိုအပ်ရင်) ဖန်တီးလို့ရပါတယ်။ ဆီလျော်တဲ့ ကဏ္ဍတွေထဲကို ပြန်ထည့်ပေးပြီး ဖန်တီးနိုင်ပါတယ်။ ရက်စွဲ၊ အသက် စတဲ့ တမ်းပလိတ်အစုံကို Template:Birth, death and age templatesမှာ ကြည့်လို့ရပါတယ်။ NinjaStrikers «» ၀၆:၅၄၊ ၁၃ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ဖုန်းဖြင့် တည်းဖြတ်ခြင်း[ပြင်ဆင်ရန်]

ဝီကီမှာ တည်းဖြတ်မှုများကို ဖုန်းနဲပဲအများဆုံးလုပ်ဖြစ်တော့ edit box မှာ မြန်မာစာလုံးကြားနေရာတိုင်းကို phone browser ကနေ cursor တိတိကျကျချမရဘူး၊ အဲလိုဆို ရတဲ့ နောက်ကနေရာတစ်ခုမှာ ချပြီး ဖျက်လိုက် ဖြည့်လိုက်နဲ့ ပြန်လုပ်ရတယ်။ (အထူးသဖြင့် အသတ်ရှိတဲ့နေရာတွေကြားမှာ တိတိကျကျ ချမရတာထင်တယ်) ကျွန်တော်တစ်ဦးပဲဖြစ်သလား အခြားသူများရောဖြစ်သလား မသိဘူး၊ စာလုံးကြားမှာ ကာဆာ ချလို့ရပြီဆိုရင်လည်း အရှေ့ကို ဖျက်ရင် အနောက်က စာတွေပါ space တစ်ခုမရောက်မချင်း ပျက်သွားတယ်။ ဒါ့ကြောင့် ရှေ့ကစာတွေဖျက်ချင်ရင် ကာဆာကို ရတဲ့နေရာချ space ထား၊ ပြီးနောက် ကာဆာကို ရှေ့တစ်ကွက်တိုးပြီးမှ ဖျက်ရတာ။ ဟိုရက်ပိုင်းက page တစ်ခု split လုပ်တော့ PC/laptop မှာ မြန်မာစာ တစ်လုံး နှစ်လုံးရိုက်ကြည့်တာ အဲ့ပြဿနာမတွေ့ရဘူး။ လိုချင်တဲ့ ကြားနေရာကို ကွက်တိချလို့ရတယ်။ ဖုန်းမှာ ဘာကြောင့် ဒီပြဿနာပေါ်သလဲ မသိဘူး။ (phone မှာ Safari browser သုံး၍ Desktop mode နဲ့ပဲ သုံးပါတယ်။ ဝီကီ theme ဆို မူရင်းပေးထားတဲ့ အရှင်းဆုံးပုံစံပဲ သုံးပါတယ်။) Aungookingofcelestials (ဆွေးနွေး) ၁၈:၃၀၊ ၆ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

အစ်ကိုက ဝီကီကို ဖုန်းဘရောက်ဇာနဲ့ ပြင်ဆင်နေတာကိုး။ ကျနော့မှာလည်း ဖြစ်တယ်။ဒါကြောင့် wiki app ထဲပဲ သွားပြီး ပြင်စရာ ရှိ ပြင်တယ်။ စာမျက်နှာသစ် ရေးမယ်ဆို ဘရောက်ဇာနဲ့ အရင်ဖွင့်ပြီး စာတလုံး နမူနာ ရေးလိုက်တယ်။ ပြီးမှ အက်ပ်ထဲသွား ပြန်ရှာပြီး ဘောပင် အိုင်ကွန်လေး နဲ့ ဝင်ရေးတယ်။ ရေးထား ပြင်ထားတာ ဘာလိုနေလဲဆိုတာ ဘရောက်ဇာမှာ တခါ ပြန်လာကြည့်ရတယ်။ စာရေးဖို့အတွက်က ဖုန်းမှာ လက်ရှိ အသုံးပြုနေတာက google sheets ထဲမှာ အရင်ရေးတယ် ပြီးမှ ကော်ပီ၊ ဘရောက်ဇာမှာ ပွားလိုက်ရင် အဆင်ပြေတယ်။ အခု ကွန်မင့်ကို မန့်မယ်ဆို sheets ထဲမှာ သွားရေးပြီး ကော်ပီကူး၊ ပြီးမှ ဒီမှာ လာမန့်နေရတာ။ Bhoned(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၉:၅၂၊ ၆ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
အသတ်နဲ့ ပတ်သက်တာကတော့ ဖြစ်နေကျပါ။ အစ်ကိုပြောသလို တစ်ခုကို ဖျက်လိုက်ရင် အတွဲလိုက်ကြီး ပျက်သွားတာမျိုးကို အရင်က ကြုံဖူးပါတယ်။ Browser ပြောင်းသုံးလိုက်တာ အဆင်ပြေသွားတယ်။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၂၃:၂၂၊ ၆ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
အသစ်ရေးရင်တော့ ဖုန်းက note app မှာရေးပြီး ဒီမှာ paste ချလိုက်တာပဲ၊ note မှာ စာရိုက်ရတာ မြန်တယ်၊ ဒီလိုပြဿနာမရှိဘူး၊ နေရာတိုင်းလုပ်ဖို့အဆင်ပြေပြီး laptop ဆို portable ဖြစ်ပစေ ph လောက် နေရာတိုင်းအသုံးမချနိုင်၊ wiki app တော့အရင်က သုံးပါတယ်၊ browser လောက်အားမရလို့ ပြန်ဖျက်လိုက်တာ 😁 ၊ အဓိက cleanup လုပ်တာတို့၊ စာလုံးပေါင်းမှားပြင်တာကျ editbox ခေါ်ပြီးလုပ်တော့ ဒီပြဿနာရှိတာ၊ ဘာပဲပြောပြော မချောမွေ့ပေမဲ့ ကျင့်သားတော့ရနေပါပြီ 🤕 ၊ ကို Bhome.bm ရော ကိုခင်မောင်မောင်လွင်ရော ပြောပြကြလို့ ကျေးဇူးပါ။ Aungookingofcelestials (ဆွေးနွေး) ၀၉:၅၃၊ ၇ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

2020/21 Affiliates Organizational Data survey[ပြင်ဆင်ရန်]

မင်္ဂလာပါ။

2020/21 Affiliates Organizational Data survey ကို ဝီကီမီဒီယာဖောင်ဒေးရှင်းရဲ့ Global Data and Insights Team ကနေပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကောက်ယူဖို့ရှိပါတယ်။ ဒီစစ်တမ်းမှာ ပါဝင်ဖြေဆိုနိုင်ဖို့အတွက် ကနဦးအနေနဲ့ ဖြေဆိုပေးမယ့် ဝီကီပီးဒီးယား အသုံးပြုသူစာရင်းကို အရင်ဆုံး ကောက်ယူပါမယ်။ Myanmar Wikimedia Community User Group (MWCUG) ရဲ့ အဖွဲ့ဝင်တွေအနေနဲ့ မဖြစ်မနေ ဦးစွာ စာရင်းပေးသွင်းဖို့လိုပြီး အဖွဲ့ဝင်မဖြစ်သေးတဲ့သူတွေအနေနဲ့လည်း MWCUG စာမျက်နှာမှာ အဖွဲ့ဝင်ရောက်နိုင်ပါတယ်။ ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ ၂၀ အောက်ဆိုရင် စာရင်းပေးသွင်းသူအားလုံး စစ်တမ်းကို ဖြေဆိုနိုင်မှာဖြစ်ပြီး၊ စာရင်းပေးသွင်းသူ ၂၀ ကျော်ခဲ့မယ်ဆိုရင် စစ်တမ်းဖြေဆိုမယ့်သူဦးရေကို ကျပန်းရွေးချယ်သွားမှာဖြစ်ပါတယ်။ စစ်တမ်းကို ဖြေဆိုဖို့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကျေးဇူးပြု၍ အောက်ပါဖောင်ကိုဖြည့်ပြီး ဦးစွာ စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းသွင်းခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့အထိ လုပ်ဆောင်နိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းမှာ စစ်တမ်းဖြေဆိုဖို့အတွက် အီးမေးလ်မှတဆင့် ဆက်သွယ်မှာ ဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

on behalf of Myanmar Wikimedia Community User Group
NinjaStrikers «» ၁၇:၃၁၊ ၁၅ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

IPA Template များ[ပြင်ဆင်ရန်]

Phonetics နဲ့ပတ်သက်တဲ့ ဆောင်းပါး (အတို/အလတ်) တွေရေးရန်ရှိသောကြောင့် ရေးရာတွင် template/ table/ pic တွေမပါရင်ရေးလို့အဆင်မပြေပါဘူး။ လောလောဆယ် တမ်းပလိတ်တွေ နဲနဲခေါ်ပြီး လုပ်ထားပါတယ်။ အတော်လုပ်ရမှာရယ် တမ်းပလိတ်ပိုင်း အခက်အခဲရှိတော့ နဲနဲ ဝိုင်းကူပေးကြပါဦး။ Aungookingofcelestials (ဆွေးနွေး) ၂၀:၃၀၊ ၁၅ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

အင်္ဂလိပ်ဝီကီဒီဆိုင်ပုံစံမြန်မာဝီကီတွင်တီထွင်လိုခြင်းထပ်မံခွင့်ပြုချက်တောင်းဆိုခြင်း[ပြင်ဆင်ရန်]

မင်္ဂလာပါအက်မင်ကျမအမည်--咽頭べさ (ဆွေးနွေး) ၁၅:၁၀၊ ၃ ဒီဇင်ဘာ ၂၀၂၀ (UTC)수수께စုကဲ့ဒီAccountပိုင်ရှင်ရဲ့ညီမပါ ကျမအင်္ဂလိပ်ဝီကီCategory:Meat user templatesဒီဆိုင်ပုံစံမြန်မာဝီကီတွင်တီထွင်ချင်ပါတယ် ဟိုနေ့ကခွင့်ပြုချက်မတောင်းရပဲလုပ်လိုက်တာအဖျက်ခံထိတယ်လို့သိရှိရပါတယ် လိုအပ်မယ်ထင်လို့လုပ်တာပါ ပြောရရင်အင်္ဂလိပ်ဝီကီဒီဆိုင်ပုံစံကြိုက်လို့ပါ ပေးထားတယ်Linkသေးခြာလေကြည့်ပါနော် ကျမဒီAccountပိုင်ရှင်လောက်ဗမာစာမကျွမ်းတာနာလည်းခွင့်လွတ်ပေးစေချင် ရုိးသာစွာဝန်ခံရရင်ဒီAccountဆောင်းပါရေးတာဆိုလို့မွန်ဝီကီပဲရှိပါတယ် ဒီဗမာဝီကီမှာလိုက်လုပ်နေတာအငယ်မနဲ့ကျမပါ သူကိုယ်တိုင်းဘာမှမရေးခဲ့ဖူးပါဘူးရိုးသာစွာဝန်ခံပါတယ်။ -咽頭べさ (ဆွေးနွေး) ၁၅:၁၀၊ ၃ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

အဲဒီဖက်ကရှိနေတဲ့ တမ်းပလိတ်ကို ကူးယူပြီး မိမိကိုယ်ပိုင်အသုံးပြုသူစာမျက်နှာခွဲအောက်မှာ Userbox များ ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။ အဲဒီဖက်မှာ သုံးထားတဲ့ အကောင့်ရဲ့ စာမျက်နှာခွဲအောက်မှာ ဖန်တီးတာမျိုး မဟုတ်ဘဲ ကိုယ့်စာမျက်နှာခွဲအောက်မှာပဲ ဖန်တီးနိုင်ပါတယ်။ NinjaStrikers «» ၁၅:၅၉၊ ၃ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]