အသုံးပြုသူ:Nay Wun Thit Insein

ဝီကီပီးဒီးယား မှ

ပညာဟူသည် လူ့လောကအတွက် မရှိမဖြစ် အရေးပါသော အရာဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် အခြေခံအကျဆုံးသော အတွေးအခေါ်ကို ပညာဖြင့်တည်ဆောက်ကြခြင်းဖြစ်သည်။ ပညာဆိုသည် အကောင်းအဆိုး၊ အမှားအမှန်၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိူင်သော လမ်း၏အစဟုဆိုလျှင် လွန်မည်မထင်ပါ။ ထို့သို့ဆိုပါလျှင် ပညာဟူသည် ပညာရေးမှတစ်ဆင့် ကူးပြောင်းလာကြောင်းကို လက်ခံကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ပညာရေးဆိုသည် လက်တင်ဝေါဟာရ (Educere) လမ်းညွှန်ခြင်း၊ (Educare) လေ့ကျင့်ခြင်း(သို့မဟုတ်) ပြုစုပျိုးထောင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ခေတ်ပြိုင်ပညာရေးဒဿနပညာရှင် ပီတာက ပညာရေးဟာ တန်ဖိုးထားအပ်တဲ့အရာတွေ ဆက်လက်ဖြစ်ပေါ်နေဖို့ အသုံးပြုခြင်းနှင့် အသိပညာ တရားကိုယ်ကို လေ့လာစူးစမ်းခြင်းဟု ဆိုခဲ့ဖူးသည်။[ပြင်ဆင်ရန်]