ဝအမျိုးသားတပ်မတော်
| ဝအမျိုးသားတပ်မတော် | |
|---|---|
| ခေါင်းဆောင်များ | စဝ်မဟာဆန်း |
| စတင်လှုပ်ရှားခြင်း | ၂၉ ဇူလိုင် ၁၉၆၉ – လက်ရှိ |
| ဌာနချုပ် | ဟိုမိန်းမြို့၊ ရှမ်းပြည်နယ် |
| လှုပ်ရှားနယ်မြေ | ရှမ်းပြည်နယ်; မြန်မာ–ထိုင်း နယ်စပ် |
| နိုင်ငံရေးအယူဝါဒ | ဝ အမျိုးသားရေး ခွဲထွက်ရေး |
| အရွယ်အစား | ၂၀၀[၁] |
| Part of | ဝအမျိုးသားအဖွဲ့ချုပ် |
| မဟာမိတ် | |
| ပြိုင်ဘက်များ | State opponents
Non-state opponents |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ဝအမျိုးသားတပ်မတော် (အင်္ဂလိပ်: Wa National Army; အတိုကောက် WNA) သည် မြန်မာ နှင့် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းတွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး[၂] ဝအမျိုးသားအဖွဲ့ချုပ် (WNO) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။[၃]
သမိုင်း
[ပြင်ဆင်ရန်]WNA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် မူလအဖွဲ့ဖြစ်သည့် SSA ရှမ်းပြည်တပ်မတော် (SSA) နှင့် လော်စစ်ဟန် တို့ ပူးပေါင်းပြီး တည်ထောင်ခဲ့သည်။ ထိုအဖွဲ့ကို ကကွယ်ရဲ ဟု ခေါ်ကာ ဝိန်ငင်း နောက်ဆုံး စော်ဘွား၏သား စဝ်မဟာဆန်းက ဦးဆောင်ခဲ့သည်။
၁၉၇၇ ခုနှစ်တွင် WNO သည် SSA နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး Li Wenhuan ဦးဆောင်သော မြန်မာ - တရုတ်နယ်စပ်အနီး တွင် လှုပ်ရှားနေသော ကူမင်တန် တပ်ရင်း ၃ နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် WNO သည် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သို့ တရားဝင် ဝင်ရောက်ခဲ့သည်။
၁၉၈၀ ဆယ်စုနှစ်များတွင် WNA သည် မြန်မာ - ထိုင်းနယ်စပ် အနီး ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သော်လည်း ၁၉၈၉ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ ၏ ထိန်းချုပ်မှုအောက်ရှိ တောင်တန်းဒေသများတွင် မဟုတ်ပေ။
ဝအမျိုးသားတပ်မတော်သည် ၁၉၉၇ ဩဂုတ်လတွင် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆို ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ I. Rotberg၊ Robert (1998)။ Burma: Prospects for a Democratic Future။ Brookings Institution Press။ ISBN 0815791690။
- ↑ Tucker၊ Shelby (2001)။ Burma: Curse of Independence (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Pluto Press။ p. 6။ ISBN 9780745315416။ 10 April 2016 တွင် ပြန်စစ်ပြီး။
- ↑ Lintner၊ Bertil (1999)။ Burma in Revolt: Opium and Insurgency since 1948 (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Silkworm Books။ p. 17။ ISBN 9781630411848။