မာတိကာသို့ ခုန်သွားရန်

ဝင်းအောင် (ဝန်ကြီး)

ဝီကီပီးဒီးယား မှ
(ဝင်းအောင်၊ ဦး မှ ပြန်ညွှန်းထားသည်)

ဝင်းအောင်
၁၇ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး
တာဝန်သက်တမ်း
၁၄ နိုဝင်ဘာ ၁၉၉၈  ၁၈ စက်တင်ဘာ ၂၀၀၄
ယခင်လူအုန်းဂျော်
ဆက်ခံသူဉာဏ်ဝင်း
ယူနိုက်တက်ကင်းဒမ်းသို့ သံအမတ်အဖြစ်
တာဝန်သက်တမ်း
?  ၁၄ နိုဝင်ဘာ ၁၉၉၈
ခေါင်းဆောင်သန်းရွှေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1944-02-28)၂၈ ဖေဖော်ဝါရီ၊ ၁၉၄၄
ထားဝယ်မြို့တနင်္သာရီ၊ မြန်မာနိုင်ငံ
ကွယ်လွန်၄ နိုဝင်ဘာ၊ ၂၀၀၉(2009-11-04) (အသက် ၆၅)
အင်းစိန်ထောင်ရန်ကုန်မြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်စံယုံ
သားသမီးသောင်းစုငြိမ်း
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဦးဝင်းအောင် သည် မြန်မာနိုင်ငံသား တပ်မတော်အရာရှိနှင့် နိုင်ငံရေးသမားဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးဝင်းအောင်ကို ၁၉၄၄ ခုနှစ်တွင် တနင်္သာရီတိုင်း ထားဝယ်မြို့တွင် မွေးဖွားသည်။ သူသည် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး စစ်ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးဝင်းအောင်သည် ဂျာမနီနိုင်ငံနှင့် ယူနိုက်တက်ကင်းဒမ်းသို့ သံအမတ်အဖြစ် ၁၉၉၈ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယင်းလတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ရာတွင် ဦးဝင်းအောင်သည် အခြားသော ဝန်ကြီးများနှင့်အတူ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ဦးဝင်းအောင်သည် ဝန်ကြီးချုပ်ဖြစ်သူ ခင်ညွန့်နှင့် နီးစပ်သူ လူယုံတစ်ဦး ဖြစ်သည်။[] ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဦးဝင်းအောင်သည် အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဦးဝင်းအောင်သည် အင်းစိန်ထောင်တွင်း၌ ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်စဉ်အချိန်တွင် သူသည် ထောင်သွင်းအကျဉ်းကျခံရသော တစ်ဦးတည်းသော ဝန်ကြီး ဖြစ်ခဲ့သည်။[]

ဦးဝင်းအောင်၏ သားဖြစ်သူ သောင်းစုငြိမ်းသည် မြန်မာနိုင်ငံရှိ နာမည်ကြီးသတင်းစာတစ်ခုဖြစ်သော ၇ ရက် နေ့စဉ်သတင်းစာ ကို ပိုင်ဆိုင်သူ ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၁၀ Irrawaddy (11 March 2014)။
  2. Former Foreign Minister Win Aung dead Mizzima News (4 November 2009)။ 8 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 March 2016 တွင် ပြန်စစ်ပြီး။