လွင်ကိုလတ်

ဝီကီပီးဒီးယား မှ
ဦးလွင်ကိုလတ်
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁
သမ္မတဦးဝင်းမြင့်
ဒုတိယ သမ္မတဒူဝါလရှီးလ
CRPHနိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၂ မတ် ၂၀၂၁ – ၁၆ ဧပြီ ၂၀၂၁
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဖေဖော်ဝါရီ ၂၀၂၁
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်သန်လျင်မြို့နယ် မဲဆန္ဒနယ်
အနိုင်ရမဲ အရေအတွက်၇၀,၃၈၀ မဲ[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1976-01-20) ၂၀ ဇန်နဝါရီ၊ ၁၉၇၆ (အသက် ၄၈)[၂]
ရန်ကုန်၊ မြန်မာ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အလုပ်အကိုင်တက်ကြွလှုပ်ရှားသူ
နိုင်ငံရေးသမား

ဦးလွင်ကိုလတ်သည် မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသူဖြစ်သည်။

၂၀၁၆မှ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်အထိ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

နိုင်ငံရေးဆောင်ရွက်ချက်[ပြင်ဆင်ရန်]

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၏ သန်လျင်မဲဆန္ဒနယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ မဲအရေအတွက် ၇၀,၃၈၀ ဖြင့် အနိုင်ရသည်။[၁][၃]

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သန်လျင်မဲဆန္ဒနယ်အတွက် ထပ်မံယှဉ်ပြိုင်ရာ အနိုင်ရသော်လည်း စစ်အာဏာသိမ်းမှုကြောင့် လွှတ်တော်တက်ခွင့် မရရှိခဲ့ပေ။[၄][၅]

၂၀၂၁၊ ဖေဖော်ဝါရီလ ၅ရက်၌ ရွေးကောက်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။[၆][၇]

၂၀၂၁၊ မတ်လ ၂ရက်နေ့တွင် CRPH က ဦးလွင်ကိုလတ်အား နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၈][၉][၁၀][၁၁]

၂၀၂၁၊ ဧပြီလ ၁၆ရက်နေ့တွင် CRPH က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၁၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ (in en)။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2021 တွင် ပြန်စစ်ပြီး။
  2. Myanmar Election 2020။ 16 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2021 တွင် ပြန်စစ်ပြီး။
  3. "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်နဲ့ မေးမြန်းချက်" (in en)၊ Radio Free Asia 
  4. Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (8 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
  5. "ခေတ္တပြည်ထောင်စုဝန်ကြီးများကို CRPH က ခန့်အပ်" (in en)၊ 2 March 2021။ 
  6. "NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း" (in my)၊ VOA၊ 5 February 2021။ 
  7. "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်" (in my)၊ BBC News မြန်မာ 
  8. Appointment of Acting Union Ministers (in en) (2 March 2021)။
  9. "Defying Military Regime, Myanmar's CRPH Names Four Acting Ministers"၊ The Irrawaddy၊ 2 March 2021။ 
  10. "CRPH က ပြည်ထောင်စုဝန်ကြီးတွေ စတင်ခန့်အပ်" (in my-MM)၊ BBC News မြန်မာ 
  11. "ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး CRPH ခန့်အပ်" (in my)၊ VOA 
  12. "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။