မာတိကာသို့ ခုန်သွားရန်

လျှူယိဖေး

ဝီကီပီးဒီးယား မှ
လျှူယိဖေး
刘亦菲  (တရုတ်)
၂၀၁၇ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ
ဇာတိ အမည်刘亦菲
မွေးဖွားအန်ဖန့် (တရုတ်: 安风)
(1987-08-25) ဩဂုတ် ၂၅၊ ၁၉၈၇ (အသက် ၃၈)
ဝူဟန်မြို့၊ ဟူးပေပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အခြား အမည်များ
  • ခရစ္စတယ် လျှူ
  • လျှူသျှန့်မေးဇူ[]
နိုင်ငံသား
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ (၂၀၀၂ ခုနှစ်မတိုင်မီ)
  • အမေရိကန်ပြည်ထောင်စု (၂၀၀၂ ခုနှစ်နောက်ပိုင်း)
မိခင်ကျောင်းပေကျင်း ရုပ်ရှင်အကယ်ဒမီကျောင်း
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
  • မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၂ – လက်ရှိ
ဖန်တီးမှုများ
ရရှိသည့်ဆုများစာရင်းအပြည့်အစုံကြည့်ရန်
ဂီတခရီးလမ်း
မူလတိုင်းပြည်ဂျပန်[]
ဂီတဟန်
တူရိယာသီဆိုခြင်း
တေးသံသွင်း ကုမ္ပဏီSony Japan[] (၂၀၀၅–၂၀၁၀)
တရုတ်အမည်
ရိုးရှင်းသော တရုတ်
ရိုးရာ တရုတ်
လျှူသျှန့်မေးဇူ
ရိုးရှင်းသော တရုတ်
ရိုးရာ တရုတ်
အန်ဖန့် (ငယ်အမည်)
ရိုးရှင်းသော တရုတ်
ရိုးရာ တရုတ်

ခရစ္စတယ် လျှူ (အင်္ဂလိပ်: Crystal Liu; ၂၅ ဩဂုတ်လ ၁၉၈၇ ဖွား)[] သည် တရုတ်-အမေရိကန်[မှတ်စု ၁] သရုပ်ဆောင်၊ အဆိုတော် နှင့် မော်ဒယ်တစ်ဦးဖြစ်ပြီး သူမအား လျှူယိဖေး (တရုတ်: 刘亦菲; ပင်ယင်: Liú Yìfēi; အင်္ဂလိပ်: Liu Yifei) ဟူသော အနုပညာအမည်ဖြင့် ပို၍ လူသိများသည်။ သူမသည် Forbes မှ ရွေးချယ်သော တရုတ် အောင်မြင်ကျော်ကြားသူများ အယောက် ၁၀၀ စာရင်းတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်လည်း New Four Dan အမျိုးသမီး သရုပ်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။[] သူမအား တရုတ်နိုင်ငံအတွင်းတွင် "Fairy Sister" အဖြစ် ပို၍ လူသိများသည်။[][]

၂၀၂၀ ခုနှစ်တွင် သူမသည် ဒစ္စနီ၏ live-action အမျိုးအစား ရုပ်ရှင်ဇာတ်ကားဖြစ်သော Mulan ဇာတ်ကားတွင် ထိပ်တန်းဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတကာပရိသတ်များအကြား လူသိများလာခဲ့သည်။[] ၎င်းဇာတ်ကားသည် Critics' Choice Super Award ၊ Kids' Choice Award နှင့် Saturn Award စသည့် ဆုများအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့လေသည်။

ငယ်စဉ်ဘဝ

[ပြင်ဆင်ရန်]

လျှူယိဖေး ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူးပေပြည်နယ်၊ ဝူဟန်မြို့တွင် ၁၉၈၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၌ မွေးဖွားခဲ့ပြီး ငယ်အမည်မှာ အန်ဖန့် (安风) ဖြစ်သည်။[၁၀] သူမသည် တစ်ဦးတည်းသော ကလေးဖြစ်သည်။ သူမ၏ ဖခင်အမည်မှာ အန် ရှောင်ကန့် (安少康) ဖြစ်ပြီး ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ပထမ အတွင်းဝန်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ပေကျင်းမြို့၊ ပြင်သစ်ဘာသာစကား တက္ကသိုလ်၏ ပါမောက္ခလည်းဖြစ်သည်။[] သူမ၏ မိခင်အမည်မှာ လျှူသျှောင်လိ (刘晓莉) ဖြစ်ပြီး ဟူးပေ မှ အကမယ် နှင့် စင်မြင့်ဖျော်ဖြေတင်ဆက်သူတစ်ဦးဖြစ်သည်။ သူမအသက် ၁၀ နှစ်အရွယ်တွင် မိဘများ ကွာရှင်းခဲ့ကြပြီး မိခင်တစ်ဦးတည်းကသာ သူမကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုနှစ်တွင်ပင် သူမ မိခင်၏မျိုးရိုးအမည်ကို ဆက်ခံ၍ "လျှူသျှန့်မေးဇူ" (刘茜美子) ဟူသော အမည်သို့ ပြောင်းလဲခဲ့သည်။ သူမ၏ ခေါင်းကိုင်ဖခင်မှာ ချန်းဂျင်းဖေ (陈金飞) ဖြစ်ပြီး ပေကျင်း တုန့်ချန် ရင်းနှီးမြှုပ်နှံရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။[၁၁][၁၂]

၁၉၉၇ ခုနှစ်၊ လျှူယိဖေး အသက် ၁၀ နှစ်အရွယ်တွင် သူမနှင့် မိခင်ဖြစ်သူတို့ နှစ်ဦးသည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ သူမသည် Louis Pasteur Middle School 67 အလယ်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး နယူးယောက်မြို့၊ ကွင်းစ်ရပ်ကွက်တွင် နေထိုင်ခဲ့ကြသည်။[၁၃] ၂၀၀၂ ခုနှစ်တွင် သူမသည် သရုပ်ဆောင်လောကသို့ ဝင်ရောက်ရန် တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီး လျှူယိဖေး (刘亦菲) ဟူသော အနုပညာအမည်ကို ခံယူခဲ့သည်။[၁၄] တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာ အသက် ၁၅ နှစ် အရွယ်တွင် ပေကျင်း ရုပ်ရှင် အကယ်ဒမီကျောင်းသို့ တက်ရောက်ခွင့် ရခဲ့ပြီး[] ၂၀၀၆ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။

ရိုက်ကူးရေး

[ပြင်ဆင်ရန်]

ရုပ်ရှင်

[ပြင်ဆင်ရန်]
ခုနှစ်ဇာတ်ကားအမည် (အင်္ဂလိပ်)ဇာတ်ကောင်အမည်မှတ်ချက်
2004Love of MayZhao Xuan
The Love WinnerJin Qiaoli[၁၅]
2006 Abao's StoryXixiCameo[၁၆]
2008The Forbidden KingdomGolden Sparrow
2010Love in DisguiseSong Xiaoqing
2011A Chinese Fairy TaleNie Xiaoqian
White VengeanceConsort Yu
2012The FourWu Qing
The AssassinsLingju / Diaochan
2013The Four IIWu Qing
2014The Four IIIWu Qing
For Love or MoneyXing Lu
2015OutcastZhao Lian
The Third Way of LoveZou Yu
2016Night PeacockElsa
So Young 2: Never GoneSu Yunjin
2017Once Upon a TimeBai Qian / Si Yin / Su Su
The Chinese WidowYing
Hanson and the BeastBai Xianchu
2020MulanHua Mulan

ရုပ်/သံ ဇာတ်လမ်းတွဲ

[ပြင်ဆင်ရန်]
ခုနှစ်ဇာတ်လမ်းအမည် (အင်္ဂလိပ်)ဇာတ်လမ်းအမည် (တရုတ်)ဇာတ်ကောင်အမည်မှတ်ချက်
2003The Story of a Noble Family金粉世家Bai Xiuzhu
Demi-Gods and Semi-Devils天龙八部Wang Yuyan
2005Chinese Paladin仙剑奇侠传Zhao Ling'er
Doukou Nianhua豆蔻年华Teacher Xiao ZhaoCameo
2006The Return of the Condor Heroes神鵰俠侶Xiaolongnü
2022A Dream of Splendor梦华录Zhao Paner
2023Meet Yourself 去有风的地方 Xu Hongdou
TBAThe Love of Hypnosis南煙齋筆錄Lu ManshengPost-Production[၁၇]

တေးသံသွင်း

[ပြင်ဆင်ရန်]

အယ်လ်ဘမ်

[ပြင်ဆင်ရန်]
အသေးစိတ် အချက်အလက်များပါဝင်သော သီချင်းများမှတ်ချက်
Title: Liu Yifei
Label: Sony BMG Music Entertainment (Hong Kong) Limited
Release date: August 31, 2006
  1. 泡芙女孩
  2. 就要我滋味
  3. 心悸
  4. 幸运草
  5. 放飞美丽
  6. 世界的秘密
  7. 一克拉的眼泪
  8. 做你的秒钟
  9. 毛毛雨
  10. 爱的延长赛
တရုတ် အယ်လ်ဘမ်
Title: All My Words
Label: Sony Music Entertainment Japan
Release date: September 6, 2006
  1. 真夜中のドア
  2. 恋する週末
  3. HAPPINESS
  4. 愛のミナモト
  5. どこまでも ひろがる空に向かって
  6. テノヒラノカナタ
  7. My sunshiny day
  8. 世界の秘密
  9. CLOSE TO ME
  10. 月の夜
  11. スピード
  12. Pieces of my words ~言の花~
ဂျပန် အယ်လ်ဘမ်

တကိုယ်တော်

[ပြင်ဆင်ရန်]
အသေးစိတ် အချက်အလက်များပါဝင်သော သီချင်းများမှတ်ချက်
Title: Mayonaka no Door
Label: Sony Music Entertainment Japan
Release date: July 19, 2006
  1. 真夜中のドア
  2. brightly
  3. 真夜中のドア (Instrumental)
  4. brightly (Instrumental)
Japanese album

အခြားတေးသီချင်းများ

[ပြင်ဆင်ရန်]
ခုနှစ်သီချင်းအမည် (အင်္ဂလိပ်)သီချင်းအမည် (တရုတ်)အယ်လ်ဘမ်မှတ်ချက်
2006I Want My Taste我要我的滋味N/Atheme song for Yili milk
2011Lan Ruo's Lyrics兰若词N/Atheme song for video game A Chinese Ghost Story Online
Song of Chu楚歌White Vengeance OSTwith Feng Shaofeng
2012Dreams Won't Die梦不死The Four OSTwith Deng Chao, Ronald Cheng & Collin Chou
Waiting For Snow等雪来The Assassins OSTwith Chow Yun-fat
2013Letting Go放下The Four II OST
2016Still Here还在这里So Young 2: Never Gone OSTwith Reno Wang
2017Three Lifetimes, Ten Miles of Peach Blossoms三生三世十里桃花Once Upon a Time OSTwith Yang Yang
2020Reflection自己Mulan (Original Motion Picture Soundtrack)Liu Yifei also sung this song in English

မှတ်စုများ

[ပြင်ဆင်ရန်]
  1. လျှူယိဖေးသည် အမေရိကန် နိုင်ငံသားသာဖြစ်သည်။[] တရုတ်နိုင်ငံ၏ နိုင်ငံသား ခံယူမှုဆိုင်ရာ ဥပဒေများတွင် နိုင်ငံနှစ်ခု၏ နိုင်ငံသားအဖြစ် ခံယူခြင်းကို အသိအမှတ်မပြုပေ။ တရုတ်နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူလိုက်ပါက "၎င်းတို့သည် တရုတ်နိုင်ငံသားအဖြစ်မှ အလိုအလျောက် ရပ်စဲမည်" ဖြစ်သည်။[] သူမ၏ မွေးရပ်မြေ၊ မိသားစုနှင့် ငယ်ဘဝအကြောင်းတို့အား "ငယ်စဉ်ဘဝ" အပိုင်းတွင် ဖော်ပြထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Xinhua News Agency (July 29, 2004)။ 神仙姐姐 劉亦菲 (in zh)။ September 15, 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. 1 2 刘亦菲加盟索尼成索尼总部签约唯一中国艺人 (in zh)။ Sohu (16 June 2005)။ 3 March 2021 တွင် ပြန်စစ်ပြီး။
  3. Justin (2018-08-29)။ Crystal Liu Yifei Celebrates 31st Birthday On Disney's Mulan Movie Set (in en-US)။ 4 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-12-04 တွင် ပြန်စစ်ပြီး။
  4. Yau၊ Elaine။ "Yao Ming and Kris Wu not Chinese? Online witch hunt of Chinese celebrities with foreign passports"၊ March 27, 2020။ "Due to her long years studying and living in America, her mother eventually switched her nationality from Chinese to American."
  5. Nationality Law of the People's Republic of China August 5, 2020 တွင် ပြန်စစ်ပြီး။ “Article 3 The People's Republic of China does not recognize dual nationality for any Chinese national ... Article 9 Any Chinese national who has settled abroad and who has been naturalized as a foreign national or has acquired foreign nationality of his own free will shall automatically lose Chinese nationality.”
  6. 80后评新四小花旦 黄圣依杨幂王珞丹刘亦菲获封 (in zh) (April 29, 2009)။
  7. 1 2 3 Crystal Liu Yifei: seven things you don't know about the Chinese actress playing Mulan (December 1, 2017)။
  8. 美了多年的刘亦菲一直是那个神仙姐姐 (in zh) (March 4, 2016)။
  9. Disney's 'Mulan' Finds Its Star (Exclusive) The Hollywood Reporter (November 29, 2017)။ November 29, 2017 တွင် ပြန်စစ်ပြီး။
  10. "劉亦菲成長照片曝光 跳新疆舞美若天仙" (in zh)၊ People's Daily၊ November 30, 2005 25 June 2023 တွင် ပြန်စစ်ပြီး Archived from the original on 20 April 2006။
  11. 揭秘刘亦菲富豪"教父" 中国首富榜排23 (in zh)။ NetEase (May 7, 2008)။ June 17, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  12. 刘亦菲"富豪继父"真实身份揭秘 (in zh)။ NetEase (May 6, 2008)။ June 17, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  13. 芳邻刘亦菲 (in zh)။ Sina (October 22, 2006)။
  14. Hong Kong Protestors Call for Disney Boycott After 'Mulan' Star Voices Support for Police Crackdown Hollywood Reporter (August 15, 2019)။
  15. 刘亦菲林志颖《恋爱大赢家》 (in zh) (November 8, 2006)။
  16. 刘涛刘亦菲聂远贺岁剧《阿宝的故事》给狗捧场 (in zh) (February 7, 2006)။
  17. 《南烟斋笔录》主演神秘揭面 刘亦菲井柏然出演 2021-07-14 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]