ရွှေမင်းဝံဘုရား

ဝီကီပီးဒီးယား မှ
ရွှေမင်းဝံဘုရား
ဘုရားကြီး
ရွှေမင်းဝံဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေမင်းဝံဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာရွှေမင်းဝံစေတီပရဝုဏ်၊ ဆိပ်ဖြူမြို့မြန်မာနိုင်ငံ
ကိုဩဒိနိတ်20°54′29″N 94°47′47″E / 20.908072°N 94.796286°E / 20.908072; 94.796286ကိုဩဒိနိတ်: 20°54′29″N 94°47′47″E / 20.908072°N 94.796286°E / 20.908072; 94.796286
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
အုပ်ချုပ်မှုရွှေမင်းဝံစေတီတော် ဂေါပကအဖွဲ့
ဗိသုကာ
ဗိသုကာပညာရှင်[[မင်းကြီးဦးလူညို ]]
ပြီးစီးc. AD ၁၉ ရာစု
အသေးစိတ်
အမြင့်၁၀၅ m (၃၄၄ ft)
ခေါင်ချွန်းအမြင့်၁၁၂.၁၇ m (၃၆၈ ft)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့တွင် မြန်မာသက္ကရာဇ် (၁၂၀၄) (ခရစ်နှစ် ၁၈၄၂) ခုနှစ်က စလေမြို့ ဝန်ကြီး ဦးလူညိုက တည်ထားခဲ့သော ‌စေတီ‌ော်ကြီးဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ မကွေးတိုင်း ဆိပ်ဖြူမြို့ အလယ်ပိုင်းရပ်ကွက် နှင့် ယောဝရပ်ကွက် နှစ်ခုအကြားတွင် တည်ရှိသည်။ ဘုရား ‌တောင်ဖက်စောင်းတန်း အဆုံးရှိ ခြင်္သေ့ကြီးနှစ်‌‌ကောင် နေရာတွင် ရှေးက ဧရာဝတီမြစ်‌ ရေကြီးချိန် လှေဆိပ် ရှိဖူးသည်။ ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားလာ‌‌သော လှေသင်္ဘောများ‌ပေါ်မှ ခရီးသွားများသည်လည်းကောင်း၊ မြစ်တဖက်ကမ်း ချောက်မြို့ ကမ်းနားမှလည်းကောင်း၊ ယခုအခါ ဧရာဝတီမြစ်ကူး အနော်ရထာတံတားပေါ်မှလည်းကောင်း မြစ်ဧရာ အနောက်ဖက်ကမ်း သစ်ပင်များဖြင့် အုပ်အုပ်ဆိုင်းဆိုင်းရှိသော ဆိပ်ဖြူမြို့ သစ်ပင်ကြီးများကြားမှ ‌ရွှေတောင်ကြီးအလား ဝံ့ကြွား ငွင့်စွားစွာ စံပါယ် နေတော်မူသော ရွှေမင်းဝံဘုရားကြီးကို ကြည်နူးစွာ ဖူးတွေ့ နိုင်ကြပေသည်။

သမိုင်း[ပြင်ဆင်ရန်]

ဆိပ်ဖြူမြို့သူ မြို့သားတို့က "ဘုရားကြီး" ဟု ခေါ် ကြသော "ရွှေမင်းဝံမြတ်စွာဘုရားစေတီတော်ကြီး"ကို မြန်မာသက္ကရာဇ် (၁၂၀၄) (ခရစ်နှစ် ၁၈၄၂) ခုနှစ်တွင် ဘုရားဒါယိကာ "မင်းကြီးဦးလူညို"က တည်ထားကိုးကွယ်ခဲ့သည် [၁]။ ဦးလူညို၏ ဗိသုကာဆရာတို့သည် ဘုရားတည်ရာတွင် စနစ်ကျသူများဖြစ်ကြသည်။ ဘုရား မတည်ထားမီ နမူနာ ဗိသုကာ ပုံစံငယ်အဖြစ် ‌ရွှေလွန်းပင်ဘုရားကို ဦးစွာတည်ထားခဲ့ရာ ရွှေလွန်းပင် ဘုရားကို ရွှေမင်းဝံဘုရားအနီးတွင် သီးသန့် ပရဝုဏ်ဖြင့် ယနေ့တိုင် ဖူး‌တွေ့နိုင်သည်။ ဘုရားတည်သည့်နှစ်မှာ အင်းဝငလျင်ကြီးလှုပ်အပြီး သုံးနှစ်ခန့်အကြာ၊ သာယာဝတီမင်း ‌အောက်ပြည်အောက်ရွာသို့ စုန်ဆင်း၍ ‌ရွှေတိဂုံဘုရား၊ ‌ရွှေမော်ဓောဘုရားများ ဘုရားဖူးခရီးထွက် အပြီး တစ်နှစ်ခန့်အကြာတွင် ဖြစ်သည်။ ဘုရား‌ောင်ဖက် ရတနာဘုံကျော် တိုက် အဆောက်အအုံ ‌ောင်းမှာ ထိုခေတ် လက်ရာပင်ဖြစ်သည်။

ဘုရား ဒါယိကာ[ပြင်ဆင်ရန်]

ဘုရားဒါယိကာ ဦးလူညို မှာ ကုန်းဘောင် ရှစ်ဆက်မြောက်ဘုရင် သာယာဝတီမင်းလက်ထက် စလေမြို့ "ဝန်ကြီး" ရာထူး ထမ်းဆောင်ရသူဖြစ်သည်။ မကွေးနယ် ဆိပ်ဖြူမြို့သူကြီး ဦးပွား (နောင်အခါ ရေနံချောင်းမြို့ ဝန်ကြီး)၏ ဘခင်လည်းဖြစ်သည် [၂]

ဗိသုကာလက်ရာ[ပြင်ဆင်ရန်]

ရွှေမင်းဝံဘုရားပုံစံမှာ ညောင်ဦး ရွှေစည်းခုံဘုရား ပုံစံမျိုးဖြစ်သည်။ ‌အောက်ခံ လေးထောင့်ပုံ ဖိနပ်ခုံ နှင့် ပစ္စယာ သုံးဆင့် ပါရှိသည်။ ထိုအပေါ် တွင်မှာ စက်ဝိုင်းပုံ ခေါင်းလောင်း နား၊ ဖောင်းရစ်၊ ကြာ‌မှောက်၊ ရွဲလုံး၊ ကြာလှန်၊ ငှက်ပျောဖူး တို့ ပါရှိသည်။

ဖိနပ်ခုံ နှင့် အောက်ပစ္စယာ ထောင့် လေးထောင့်တို့တွင် အရံစေတီငယ်များ ပါရှိသည်။ အလယ် နှင့် အထက်ပစ္စယာ ‌ောင့် ‌ေး‌ောင့် တို့တွင် ကာလသာအိုးများ ပါရှီသည်။

လေးမျက်နှာ မှ ပစ္စယာများသို့ တက်ဆင်းနိုင်ရန် စောင်းတန်းလှေကား လေးခုပါရှိသည်။ လှေခါးများ၏ ပစ္စယာ ‌နှင့် အညီ နေရာများတွင် မုခ်ဦးများ ပါရှိသည်။

ဖိနပ်ခုံ ပစ္စယာ နှင့် လှေခါးများကို ထုံးသင်္ကန်းကပ်လှူထားသည်။

မူလက စေတီတော် ခေါင်းလောင်းပုံ နှင့် အထက်ပိုင်း ကို မှန်စီ ရွှေချထားသော် လည်း ၂၀၀၀ ပြည့်နှစ်ခန့်တွင် ကြေးသင်္ကန်းကပ်လှူကာ အပေါ်မှ ရွှေချထားသည်။

အရံစေတီနှင့် ကာလသာအိုးများကို ‌‌ရွှေချထားသည်။ အရံစေတီများကို သံထီးများ တင်ကာ ရွှေချထားသည်။ ကာလသာအိုးများတွင် ‌ရွှေချထား‌ော သံပန်းခိုင်များ စိုက်ထားသည်။

ထီးတော် မှာ သံထီးတော်မြစ်ပြီး ရွှေချထားသည်။

ပုဂံငလျင် ‌အပျက်အစီးများ ပြင်ဆင်အပြီးတွင် ထီးတော် စိန်ဖူးတော် ထက်တွင် မာကျူရီ မီးသီးကြီး တလုံးဖြင့် ထွန်းညှိပူဇော် ထားသည်။

စေတီ ကိုယ်လုံးတော် တောင်ဖက် တွင် အထက်ပစ္စယာမှာ ထီးတော် အောက်အထိ ပြုပြင်ထိန်းသိမ်းရေး သံလှေကားငယ်တစင်း တပ်ဆင်ထားသည်။

ဘုရား ဒါယိကာကြီး မင်းကြီး ဦးလူညို၏ ဗိသုကာဆရာတို့သည် ဘုရားတည်ရာတွင် စနစ်ကျသူများဖြစ်ကြသည်။ ဘုရား မတည်ထားမီ နမူနာ ဗိသုကာ ပုံစံငယ်အဖြစ် ‌ရွှေလွန်းပင်ဘုရားကို ဦးစွာတည်ထားခဲ့ရာ ရွှေလွန်းပင် ဘုရားကို ရွှေမင်းဝံဘုရားအနီးတွင် သီးသန့် ပရဝုဏ်ဖြင့် ယနေ့တိုင် ဖူး‌တွေ့နိုင်သည်။

ဘုရား ထောင့် လေးထောင့် ခြင်္သေ့ရုပ်များမှာ မူလ ရှေးလက်ရာများဖြစ်ကြသည်။ ‌ောင်ဖက် ‌ောင်းတန်း ခြင်္သေ့ကြီးနှစ်ကောင်မှာ ၁၉၉၀ ပြည့်လွန်နှစ်များက ပြန်လည် ပြင်ဆင်ထားသည်။ တံခွန်တိုင်မှာလည်း မူလ သစ်သားတံခွန်တိုင် ‌ေေး‌ေေ့သဖြင့် ကွန်ကရစ်တံခွန်တိုင် ပြန်လည်ပြုလုပ်ထားခြင်းဖြစ်သည်။

ဘုရား တံတိုင်းနှင့် အရှေ့၊ အနောက်၊ တောင်ဖက် မုခ်ဦးများမှာ မူလလက်ရာများဖြစ်သည်။

အနောက်ဖက် မုခ်ဦးအပြင်ဖက်နား သစ်သားဇရပ်မှာ ရှေးကတည်းက တည်ရှိခဲ့သည်။

ပုဂံငလျင်[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ် ပုဂံငလျင်ကြီး လှုပ်ခတ်စဉ်က ရွှေမင်းဝံဘုရား ထီးတော် မြေခခဲ့ပြီး စေတီတော်မှာလည်း ကြာမှောက် နေရာအထိ ပြိုကျပျက်စီးခဲ့ရသည်။ စေတီအရံများလည်း ထီးတော်များ မြေခခဲ့ကာ အရံစေတီတဆူလည်း ပျက်စီးခဲ့သည်။

အများပြည်သူကောင်းမှုကို ဘုရား‌ဂေါပကအဖွဲ့က ဦးစီးပြင်ဆင်ပြီး ထီး‌တော်အသစ် တင်လှူပူဇော်ခဲ့သည်။

ဘုရားဂေါပက[ပြင်ဆင်ရန်]

ဘုရားပွဲ နှင့် ဘုရားဝေယျာဝစ္စများ ပြင်ဆင်ထိန်းသိမ်းခြင်းများကို ရွှေမင်းဝံဘုရားဂေါပကအဖွဲ့က ဦးစီးဆောင်ရွက်သည်။

ဘုရားပွဲ[ပြင်ဆင်ရန်]

ရွှေမင်းဝံမြတ်စွာဘုရားကြီး၏ ဘုရားပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်းမှ လပြည့်နေ့အထိ တရားပွဲ ဇာတ်ပွဲ အငြိမ့် မျက်လှည့် ဆက်ကပ် ဘောလုံးပွဲ ဘော်လီဘောပွဲ ခြင်းပွဲ အားကစားပွဲများ ချား ရဟတ် ပျော်ပွဲရွှင်ပွဲ စားသောက်ဆိုင် ဆယ့်နှစ်ပွဲဈေးဆိုင်တန်းများဖြင့် စည်ကားစွာကျင်းပသည်၊ လဆန်း (၁၃)ရက် မှ လပြည့်အထိ ညစဉ် ရပ်ကွက်အလိုက် "ဆီမီးထောင်ပြည့်လှည့်လည်ပူဇော်ပွဲ"၊ လပြည့်နေ့နံနက်တွင် "ဗုဒ္ဓပူဇနိယပူဇော်ပွဲ" နှင့် "ဆွမ်းဆန်စိမ်းလောင်းလှူပွဲ"ကို ကျင်းပသည်။ "မြို့လုံးကျွတ်ဘုံကထိန်"ပွဲကိုလည်း လပြည့်နေ့တွင် တပါတည်း ကျင်းပသည်။ မြို့သူ မြို့သားတို့က "မီးထွန်းလှည့်" ဟု ခေါ်ကြသော ဆီမီးလှည့်လည်ပူဇော်ပွဲ တွင် အမျိုးသမီးများက လှပစွာ ဝတ်စားပြီး ရေနံဆီမီးခွက်များကို ပန်းကန်ပြားများတွင် တင်ကာ ခေါင်းပေါ်တွင် ရွတ်ပြီး မြို့တပတ်လှည့်ကာ ဘုရားသို့ ဝင်ရောက်ပူဇော်ခြင်းဖြစ်သည်၊ လှည့်လည်သော လူတန်းရှည်ကြီးကို ညအမှောင်ထဲတွင် မီးတန်းရှည်ကြီးအဖြစ် မြင်ရသည်မှာ ကြည်နူးဖွယ် ရင်သပ်ရှုမောဖွယ်ဖြစ်သည်။ အိုးစည်၊ ဒိုးပတ်၊ ဦးရွှေရိုးအက၊ တိုးနယားအက၊ ကျွဲအက၊ နှစ်ကိုယ့်တစိတ်အက၊ ဇီးကွက်စိန်အရုပ်အက (မနူဟာဘုရားပွဲမှ အရုပ်ကြီးများနှင့် ဆင်တူ)၊ ယိမ်းအက၊ တေးသရုပ်ဖော်အက၊ အငြိမ့်အကများ လည်း ပါဝင် လှည့်လည်ကြသဖြင့် မီးထွန်းလှည့် ညများမှာ လမ်းဘေးဝဲယာ ကြည့်ရှုသူများဖြင့် ကျိတ်ကျိတ်တိုး စည်ကားလှပါသည်။ ဘုံကထိန်လှည့်လည်ပွဲမှာ နေ့ခင်းပိုင်းတွင် ကျင်းပပြီး ၎င်းမှာလည်း စည်ကားလှပါသည်။

ရည်ညွှန်းကိုးကား စာညွှန်း[ပြင်ဆင်ရန်]

  1. ရွှေမင်းဝံဘုရားကြီး ဘုရားမုခ်ဦးကမ္ပည်းမှတ်တမ်းစာ
  2. ကုန်းဘောင်ခေတ်မင်းမှုထမ်းများအဘိဓာန်၊ တင်နိုင်တိုး