ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ

ဝီကီပီးဒီးယား မှ
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ
ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင်
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ လိုဂို
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ လိုဂို
လှုပ်ရှား၁၉၉၄ (၁၉၉၄)–၂၀၂၀
ခံယူချက်ရခိုင်အမျိုးသားရေး ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
ဦးဆောင်သူများဗိုလ်ခိုင်ရာဇာ
မဟာမိတ် ကရင်အမျိုးသားအစည်းအရုံး
ပြိုင်ဘက်စစ်အာဏာရှင်စနစ်

မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ

ပြည်ထောင်စု မြန်မာနိုင်ငံ (၁၉၉၄ - ၂၀၂၀)
တိုက်ပွဲနှင့် စစ်ပွဲများပြည်တွင်းပဋိပက္ခ

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (အင်္ဂလိပ်: National United Party of Arakan; NUPA) သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးအဖွဲ့အစည်းနှင့်[၁] လက်နက်ကိုင်အဖွဲ့[၂] ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ရခိုင်ပြည်ကွန်မြူနစ်ပါတီ အပါအဝင် အမျိုးသားရေးအဖွဲ့လေးဖွဲ့ ပူးပေါင်းကာ တည်ထောင်ခဲ့သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၅ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (All Arakan Students' and Youths' Congress - AASYC) က ရခိုင်မျိုးဆက်သစ်တပ်မတော် (Arakan New Generation Army - ANGA) ကို ထူထောင်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ရခိုင်တော်လှန်ရေးပါတီများကို စုစည်းထားသည့် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (National United Front of Arakan - NUFA)က ၎င်းတို့လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (New Arakan Construction Army - NACA)ကို ဖွဲ့စည်းခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army - ALA) မှ တော်လှန်ရေးလမ်းကြောင်းသစ် ဖောက်လိုသည့် ဗိုလ်ခိုင်ရာဇာဦးဆောင်သော တပ်ဗိုလ်တပ်မှူးများက ရခိုင်တပ်မတော် (Arakan Army - AA)ကိုထူထောင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ဦးအား ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (National United Party of Arakan - NUPA) အဖြစ် ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (NACA) နှင့် ရခိုင်တပ်မတော်တို့ကိုပေါင်းစည်းကာ ရခိုင်ပြည်တပ်မတော် (Arakan Army - AA) ဆိုသည့် အမည်ကို သုံးစွဲခဲ့သည်။

၁၉၉၅ ခုနှစ်တွင် အိန္ဒိယရှိ AASYC အဖွဲ့ဝင်များမှလွဲ၍ တခြား AASYC အဖွဲ့ဝင်များသည် NUPA နှင့်လည်းကောင်း၊ ANGA သည် AA နှင့်လည်းကောင်း ပူးပေါင်းသည်။ ၁၉၉၈ ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းတွင် လျှို့ဝှက်အခြေစိုက်ရန် အိန္ဒိယထောက်လှမ်းရေး လက်ဖတင်နင်ကာနယ် Biswajit Singh Grewal ၏ ဖိတ်ခေါ်မှုကြောင့် ပင်လယ်ကြောင်းမှထွက်ခွါခဲ့ရာ ဗမာစစ်အစိုးရနှင့် အိန္ဒိယထောက်လှမ်းရေးတို့၏ ပူးပေါင်းလုပ်ကြံမှုကြောင့် ရခိုင်ပြည်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးခဲ့ရပြီး AASYC/ANGA ရဲဘော်ဟောင်းများ အများအပြားလည်း အိန္ဒိယနိုင်ငံ အကျဉ်းထောင်များတွင် နှစ်ပေါင်း(၁၀)ကျော် အကျဉ်းချခံခဲ့ရသည်။

၂၀၂၀ ဒီဇင်ဘာလတွင် NUPA/AA မျက်နှာစုံညီ အစည်းအဝေးမှ ဗဟိုကော်မတီ အများစု သဘောတူညီချက်ဖြင့် (NUPA/AA) ကိုဖျက်သိမ်းလိုက်ကာ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပူးပေါင်းလိုက်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Minahan၊ James; Wendel၊ Peter T. (2002)။ Encyclopedia of the Stateless Nations: S-Z (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Greenwood Publishing Group။ p. 2144။ ISBN 978-0-313-32384-3
  2. Roberts၊ Christopher (2010)။ ASEAN's Myanmar Crisis: Challenges to the Pursuit of a Security Community (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Institute of Southeast Asian။ p. 65။ ISBN 978-981-4279-36-94 May 2020 တွင် ပြန်စစ်ပြီး
  3. Leftist Parties of Myanmar။ 7 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2018 တွင် ပြန်စစ်ပြီး။