မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) | |
---|---|
မွန်: ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန် New Mon State Party (Anti-Military Dictatorship) | |
![]() NMSP-AD ၏ အလံ | |
တည်ထောင်ခြင်း | ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄ |
စတင်လှုပ်ရှားခြင်း | ၂၀၂၄-လက်ရှိ |
ပေါင်းစည်းခဲ့မှု | မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် |
ခွဲထွက်လာမှု | မွန်ပြည်သစ်ပါတီ |
ပူးပေါင်းခြင်း | ရာမညမွန်တပ်တော် |
လှုပ်ရှားနယ်မြေ | မြန်မာနိုင်ငံ |
နိုင်ငံရေးအယူဝါဒ | မွန်အမျိုးသားရေး ဖက်ဒရယ် |
မဟာမိတ် | ပြည်သူ့ကာကွယ်ရေးတပ်မတော် |
ပြိုင်ဘက်များ | တပ်မတော် ပျူစောထီးပြည်သူ့စစ်အဖွဲ့ |
စစ်ပွဲနှင့် တိုက်ပွဲများ |
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (အင်္ဂလိပ်: New Mon State Party (Anti-Military Dictatorship)) သည် မြန်မာနိုင်ငံရှိ မွန်လူမျိုး၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ခွဲထွက်ပေါ်ပေါက်လာသော အဖွဲ့အစည်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် "မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)" အမည်ဖြင့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာခဲ့သည်။[၁][၂] မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့် ယင်း၏ နိုင်ငံရေးအဖွဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)[၃] ကို မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့ ဦးဆောင်သည်။[၄] ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ပြောရေးဆိုခွင့်ရှိသူက ဒေသခံ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၅]
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ အမှတ် (၅) တပ်ရင်းတစ်ခုလုံး သည် ၎င်းတို့၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗွတ်မွန် ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ MNLA အမှတ် (၅) တပ်ရင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်၊ ဂျပန်ရေတွင်းစသည့် ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် တပ်ရင်းဖြစ်သည်။[၆]မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ အမှတ် (၅) တပ်ရင်းတစ်ခုလုံး သည် ၎င်းတို့၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗွတ်မွန် ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ MNLA အမှတ် (၅) တပ်ရင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်၊ ဂျပန်ရေတွင်းစသည့် ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် တပ်ရင်းဖြစ်သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ကြေညာ" (in my)၊ Democratic Voice of Burma၊ 14 February 2024။
- ↑ "မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့မှ ပါတီတွင်းမှ ယုံကြည်ချက်တူသူများနှင့် လက်တွဲ၍ စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ကြေညာချက်ထုတ်" (in my)၊ Narinjara၊ 14 February 2024။
- ↑ "New Mon State Party breakaway formed to fight Myanmar junta" (in en)၊ Mizzima၊ 17 February 2024။
- ↑ "Ethnic Mon Party Offshoot Declares War on Myanmar Junta" (in en)၊ The Irrawaddy၊ 15 February 2024။
- ↑ "Anti -Dictatorship Wing of Mon Party Pledges to Join with Resistance Forces" (in en)၊ Independent Mon News Agency၊ 26 February 2024။
- ↑ "MNLA အမှတ် (၅) တပ်ရင်းတစ်ခုလုံး NMSP-AD ထံ ပူးပေါင်းဟု ဆို"၊ Independent Mon News Agency။ 25 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 25 May 2025။
- ↑ "MNLA အမှတ် (၅) တပ်ရင်းတစ်ခုလုံး NMSP-AD ထံ ပူးပေါင်းဟု ဆို"၊ Independent Mon News Agency။ 25 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 25 May 2025။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မွန်ပြည်သစ်ပါတီ