မြေလူးငှက်ဗိုက်နီ
ပုံပန်းသွင်ပြင်
| မြေလူးငှက်ဗိုက်နီ (Naumann's Thrush) | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Passeriformes |
| မျိုးရင်း: | Turdidae |
| မျိုးစု: | Turdus |
| မျိုးစိတ်: | T. naumanni |
| ဒွိနာမ | |
| Turdus naumanni Temminck, 1820 | |

မြေလူးငှက်ဗိုက်နီ (Naumann's Thrush) သည် ဆိုက်ဘေးရီးယားအလယ်ပိုင်းမှ မန်ချူးရီးယားဒေသများတွင် သားပေါက်ပြီး တောင်အာရှ၊ အရှေ့တောင်အာရှ၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့တွင် ဆောင်းခိုတတ်သည့်ငှက်ဖြစ်သည်။ သစ်ပင်များပေါ်တွင် အသိုက်ပြုလုပ်တတ်ကြပြီး ဥ ၃-၅ လုံး ဥတတ်သည်။ တီကောင်၊ ခြင်နှင့် အင်းဆက်များကို စားသောက်သည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2017). "Turdus naumanni". IUCN Red List of Threatened Species 2017. IUCN. doi:.
- ↑ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀ 18 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
| ဤ စာကလေးနှင့် အလားတူငှက်မျိုးနွယ်ဝင် ငှက်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |