မြန်မာ့တော်ဝင်တံဆိပ်နာမံတော်များ

ဝီကီပီးဒီးယား မှ
ရတနာပုံမန္တလေးနန်းတော်ရှိ မှန်နန်း​ဆောင်​တော်တွင် ဘုရင်မင်းမြတ်နှင့်အတူ မိဘုရားကြီးလေးပါး (နန်းရမိဘုရား)ကိုသာ နေထိုင်ခွင့်ပြုခဲ့သည်။

မြန်မာ့တော်ဝင်တံဆိပ်နာမံတော်များမှာ ၁၈၈၅ခုနှစ် ကုန်းဘောင်မင်းဆက်၊နောက်ဆုံးမြန်မာဘုရင်နန်းကျချိန်အထိ မြန်မာဧကရာဇ်မင်းများအသုံးပြုခဲ့သော တော်ဝင်တံဆိပ်နာမံတော်များဖြစ်သည်။ ထိုနာမံတော်များကိုတော်ဝင်မျိုးနွယ်( မင်းမျိုးမင်းနွယ်ထီးရိုးနန်းရိုးဆွေတော်မျိုးတော် ) တရားဝင်ခေါ်အဝေါ် (မဟာဆီမဟာသွေး)တို့မှသာ အသုံးပြုခြင်းဖြစ်သည်။

ကုန်းဘောင်မင်းဆက်လက်ထက် တံဆိပ်နာမံတော်နှင့် ရာထူးအခေါ်အဝေါ်[ပြင်ဆင်ရန်]

ဘုရင်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ရှင်ဘုရင်တို့အတွက် သုံးစွဲသော ဘုန်းတော်ဘွဲ့နာမံတော်များကို များသောအားဖြင့် ပါဠိနှင့် သက္ကတ တို့ကို ပေါင်းစပ်ခေါ်ဝေါ်သုံးစွဲတတ်ပါသည်။

ဘုရင်ကို အောက်ပါတံဆိပ်နာမံတော်အမျိုးမျိုးဖြင့် ပြည်သူများသိရှိကြသည်။

  • ဘုန်းတော်ကြီး(လှသော)ဘုရား[pʰóʊɴdɔ̀dʑí pʰəjá] )
  • အရှင်ဘုရား[əʃɪ̀ɴ pʰəjá] )
  • ရွှေနန်းရှင်ဘုရား
  • ဧကရာဇ်မင်းမြတ်[၁]
  • ရှင်ဘုရင်
  • အသက်ဦးဆံပိုင်အရှင် "သတ္တဝါတို့၏အသက်၊ ဦးခေါင်းနှင့်ဆံပင်၏အရှင်သခင်")
  • ရွှေနန်းရွှေပြာသာဒ်သခင်, တောင်ငူနှင့် ကုန်းဘောင် မင်းဆက်များတွင် အသုံးပြုခဲ့သည့် "ရွှေနန်းတော်၏သခင်"
  • ခမည်းတော်[kʰəmɛ́dɔ̀] ၊ "တော်ဝင်ဖခင်") - (မင်းသားနှင့်မင်းသမီး)
  • ဒကာတော်ရေမြေ့ရှင် - ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကခေါ်ဝေါ်သောနာမံတော်
  • (ဒကာတော်ဧကရာဇ်မင်းမြတ် ) - ဗုဒ္ဓဘာသာသံဃာတော်များ၏ အခေါ်ဝေါ် [၁]

မိဖုရား[ပြင်ဆင်ရန်]

ကုန်းဘောင်မင်းဆက်၏ အစောပိုင်းကာလများ၌ ဘုရင်အများစုသည် မိဖုရား အကြီးအကဲသုံးဦးအထိ အများဆုံးရှိပါသည်။ [၂] စတုတ္ထမြောက်ဘုရင်မကြီးနှင့် မိဖုရားလေးပါးတို့ကို ၁၇ ရာစုနှစ်နောက်ဆုံးသုံးလပတ်တွင် ထပ်တိုးခန့်ထားခဲ့သည်။ [၂]

မိဖုရားများတွင် ပထမအဆင့်ရှိ မိဖုရားကို (နန်းရ မိဖုရား (အသျှင်နန်းမတော်မိဘုရား)ဟုခေါ်သည်။ ဤအခေါ်အဝေါ်နှင့် မိဖုရားများ တိုးမြှင့်ခန့်ထားခြင်းသည် စဉ့်ကူးမင်းလက်ထက် (၁၇၇၆ - ၁၇၈၂)တွင် ဆန်းသစ်တီထွင်မှုတစ်ခုဖြစ်ပါသည်။ ထိုမိဖုရားတို့၏ ရာထူးအဆင့်ဆင့်အခေါ်အဝေါ်များမှာ အောက်ပါအတိုင်း​ဖြစ်သည်။

  1. နန်းမတော် မိဖုရားခေါင်ကြီး (ခ) 'တောင်နန်း(မ)တော် မိဖုရား(ခေါင်ကြီး)သည် မိဖုရားများတွင် အကြီးဆုံးဖြစ်ပါသည်။ ထိုမိဖုရားသာလျှင် ဘုရင်နှင့်အတူ ထီးဖြူဆောင်းပလ္လင်ပေါ်တွင် အတူထိုင်ခွင့်ရှိသည်။ ထိုသို့ထိုင်ရာတွင် လက်ယာဘက်မှ ထိုင်ရသည်။ ထို့ကြောင့်- (တောင်ညာစံ)၊ (အရှင်နန်းမတော်ဘုရား)နှင့် (နန်းမတော်)ဟု လူသိများပါသည်။
  2. မြောက်နန်းတော် မိဖုရား
  3. အလယ်နန်းတော် မိဖုရား
  4. အနောက်နန်းတော် မိဖုရားတို့လည်းရှိကြသည်။

၎င်းတို့ကို နန်းရမိဖုရား - (ပထမတန်းတော်)နှင့် အဆောင်ရမိဖုရား (ခ) နန်းဆွယ်မိဖုရား - (ဒုတိယတန်းတော်)ဟုလည်းခေါ်သည်။ ထိုအဓိပ္ပါယ်မှာ ဥပမာပေးရလျှင် မင်းတုန်းမင်း၏ ပထမ အနောက်နန်းမတော်မိဖုရားကံကုန်သော် ညီမဖြစ်သူ ယင်းကဲမိဖုရားက ဒုတိယ နန်းမတော်မိဖုရားအဖြစ် အမှုတော်ထမ်းရသည်။ ၎င်းမိဖုရားတို့သည် မြင့်မြတ်စွာမွေးဖွားလာသူများဖြစ်ကြသည်။ ထို့ကြောင့် နန်းစွယ်မိဖုရားဖြစ်လာကြသည်။ ဤမိဖုရားရာထူးများကို ဘိုးတော်ဘုရားနှင့် မင်းတုန်းမင်းလက်ထက်တို့တွင် ဖန်တီးထားခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယတန်းတော်မိဖုရားကို (အဆောင်ရမိဖုရား)ဟုသိကြသည်။ ဤအဆောင်ရမိဖုရားရာထူးကို သာယာဝတီမင်းလက်ထက် (၁၈၃၇ - ၁၈၄၆)တွင် စတင်ဖန်တီးခဲ့ပါသည်။ ၎င်းရာထူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  1. တောင်ဆောင်တော် မိဖုရား
  2. မြောက်ဆောင်တော် မိဖုရား

တတိယတန်းတော်မိဘုရားကို (ရွှေရေးဆောင်ရ မိဖုရား)ဟု သိကြသည်။ These were innovations dating to the reign of King Bodawphaya. In order of precedence, they were as fo မြန်အောင်တောင်ရွှေရေးဆောင် မိဖုရား

  1. မြန်အောင်မြောက်ရွှေရေးဆောင် မိဖုရား
  2. မြန်အောင်အလယ်ရွှေရေးဆောင် မိဖုရား
  3. မြန်အောင်အနောက်ရွှေရေးဆောင် မိဖုရား

Royal Queens of fourth rank were considered minor consorts:

  1. မြို့စားမိဖုရား
  2. ရွာစား မိဖုရား

Royal concubines were typically the daughters of officials and tributary princes. They received no rank and in order of precedence were as follows:

  1. ကိုယ်လုပ်တော်
  2. (ခြေတော်တင်
  3. မောင်းမ

Consorts were granted titles based on rank, divided into two grades (queens and for concubines).

The styles of queens contained the following words based on rank, as follows (in order of precedence):

  1. ဒေဝီ
  2. မဟေ (သို့) ဟေသီ
  3. သီရိ
  4. သု
  5. မင်း

The styles of royal concubines contained the following words based on rank, as follows (in order of precedence):

  1. ဒေဝီ
  2. ဝတီ
  3. ရုဇာ
  4. ပဘာ
  5. ကေသာ
  6. စန္ဒာ
  7. မာလာ
  8. မုတ္တာ

မင်းသမီးများ[ပြင်ဆင်ရန်]

သားတော်သီပေါမင်း နန်း‌တက်သဖြင့် မြန်မာဘုရင်မင်းမြတ်အပြောင်းအလဲ‌ဖြစ်သည့်အခါ မင်းတုန်းမင်းမှဆင်းသက်ဖြစ်သော သမီးတော်အားလုံးသည် ရာထူးအဆင့်အတန်းယုတ်လျော့သွားမည်ဟု ထင်ရသော်လည်း မင်းသမီးများအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ ၎င်းမင်းသမီးတို့မှ ဆင်းသက်သူ အနွယ်တော် မိန်းမ‌လေးအဆက်ဆက်သည် ထိပ်တင်ဘွဲ့ကို အလိုအလျောက်ရရှိသည်က များပါသည်။

ထီးနန်း၏ အထက်ပင်မဖြစ်သော သီပေါဘုရင်မှ ဖြစ်သော သမီးတော်၊ မြေးမြစ်မိန်းမများအတွက်ကား အလိုအလျောက် ပထမတန်းအဆင့်ရရှိသွာသည်။ အောက်ပါအဆင့်သတ်မှတ်ချက်များတွင်အကျုံးဝင်သည်။ ၎င်းတို့ကို အောက်တွင်ဖော်ပြထားသည်။

ပထမ (ထိပ်စုဘုရားဘွဲ့)[ပြင်ဆင်ရန်]

ဤဘွဲ့တော်ကို ကုန်းဘောင်ဧကရာဇ်မြန်မာနိုင်ငံ‌တော်ဘုရင်အစဉ်အဆက်၏ သမီးတော်များ အလိုအလျောက်ရရှိသည်။ အင်္ဂလိပ်ဘာသာ HRH Princess နှင့် အလားသဏ္ဌာန်တူသည်။

မင်းတုန်းမင်းမြတ်တွင် သမီးတော်အများအပြားရှိရာတွင် စုဘုရားဘွဲ့ခံမင်းသမီးအရေအတွက်ကို လက်ချိုး‌၍ပင် ရေတွက်ရရှိသဖြင့် ထိုအချိန်က ထိုဘွဲ့သည် အင်မတန်ထွတ်မြတ်ကြောင်းသိရှိအပ်ပေသည်။

သီပေါမင်းမြတ်လက်ထက်တွင် သမီးတော် လေးပါးထွန်းကားရာ၌ အလိုအလျောက် စုဘုရားဘွဲ့ရရှိကြသည်။

  1. 'ထိပ်စုမြတ်ဘုရားကြီး
  2. 'ထိပ်စုမြတ်ဘုရား
  3. 'ထိပ်စုမြတ်ဘုရားလတ်
  4. 'ထိပ်စုမြတ်ဘုရားက‌လေးတို့ဖြစ်သည်။

သီပေါမင်းမြတ်နတ်ရွာစံပြီးနောက်ပိုင်း ၂၀ရာစုတွင် မွေးဖွားလာသော ကုန်းဘောင်မင်းဆက်ဒသမမြောက်မြန်မာဘုရင်၏ မြေးမြစ်မိန်းမများသည် ပွင့်လင်းလာသော လူ့အဖွဲ့အစည်းနှင့်အတူ ပြောင်းလဲပါဝင်လာကြရာမှ ထိပ်စုဘုရား ဘွဲ့ကို လက်ခံရရှိလာကြသည်။ ထိုသူများကို ပထမတန်းစားမင်းသမီးဟု ညွှန်းဆိုခေါ်ဝေါ်ကြသည်။

ဒုတိယ (ထိပ်တင်မြတ်ဘုရားမင်းသမီး)[ပြင်ဆင်ရန်]

ဤဘွဲ့သည် မင်းတုန်းမင်း၊ ကနောင်မင်းသားမှ ‌ပေါက်ဖွားသော သက်တော် ၇၀နှစ်အထက်ရှိသူတို့ အလိုအလျောက်ရရှိသည်။ အင်္ဂလိပ်ဘာသာ HH Princess နှင့် အလားသဏ္ဌာန်တူသည်။

တတိယ (မြတ်ဘုရားမင်းသမီး)[ပြင်ဆင်ရန်]

ဤဘွဲ့ကို ၁၀နှစ်မှ ၆၉နှစ်အရွယ်ရှိသော မင်းမျိုးအနွယ်မိန်းမတို့ အလိုအလျောက်ရှိသည်။ အင်္ဂလိပ်ဘာသာ HSH Princess နှင့် အလားသဏ္ဌာန်တူသည်။

  1. ၁.၀ ၁.၁ Scott၊ J. George (1900)။ Gazetteer of Upper Burma and the Shan States2။ Rangoon: Superintendent, Government Printing, Burma။
  2. ၂.၀ ၂.၁ Yi Yi 1982.