မြင့်မြတ်တော်မူလှသော (တော်ဝင်)

ဝီကီပီးဒီးယား မှ

မြင့်မြတ်တော်မူလှသောဟူသည့်အသုံးကို တော်ဝင်မိသားစုများ၏ ဂုဏ်ပုဒ်တစ်ခုအနေဖြင့် ရည်ညွှန်းသုံးစွဲသည်၊ အများအားဖြင့် မင်းသားများ သို့မဟုတ် မင်းသမီးများအတွက် သုံးစွဲခြင်းဖြစ်ပါသည်။ ဘုရင်များ နှင့် ၎င်းတို့၏ ကြင်ယာတော် များအတွက်ဆိုလျှင် အများအားဖြင့် ဘုန်းတော်ကြီးအလွန်ြကီးလှသောဘုရားနှင့် အရှင်နန်းမတော် ဆိုသည့် ဂုဏ်ပုဒ်ကို အသုံးပြုဖြစ်သည်။

မြင့်မြတ်တော်မူလှသော ဟူသည့်ဂုဏ်ပုဒ်ကို မိန့်ခွန်း၊ စကားပြောခြင်း၊ စာရေးသားခြင်းတို့တွင် တိုက်ရိုက်သုံးစွဲ အသုံးပြုသည်။ တတိယလူကို အကိုးအကားအဖြစ် သုံးသောအခါတွင် ၎င်းသည် ကျား-မ သီးသန့် ( မြင့်မြတ်တော်မူလှသော မင်းသား သို့မဟုတ် မြင့်မြတ်တော်မူလှသော မင်းသမီး ၊ အတိုကောက် မြင့်မြတ်တော်မူ)နှင့် အများကိန်းအားဖြင့် မြင့်မြတ်တော်မူလှသောသူများ ဖြစ်သည်။

မြန်မာပြည်[ပြင်ဆင်ရန်]

မြင့်မြတ်တော်မူဘွဲ့ကို မြန်မာပြည်၏ မင်းသား/မင်းသမီး ဘွဲ့အမည်၏ ရှေ့ဆက် ဂုဏ်ပုဒ်အဖြစ် ၁၈၈၆ခုနှစ်မှစတင် အသုံးပြုသည်။ မြန်မာဘုရင်ပါတော်မူပြီးနောက် ဗြိတိသျှအုပ်ချုပ်ရေးစနစ်အောက်သို့ သွတ်သွင်းခံရအပြီး ဤဘွဲ့တော်ကို ဘုရင့်သားစဉ်မြေးဆက်အတွက တိုက်ရိုက် အသုံးပြုနိုင်သည်၊

  1. မင်းသားများအတွက် - မြန်မာဘာသာအားဖြင့် ရွှေကိုယ်တော်ကြီးဘုရားဟု အဓိပ္ပါယ်ပေါ်လွင်သော ဤဘွဲ့ကို ဘုရင့်မြေးတော် ၆ပါးနှင့် မြစ်တော် ၆ထက်မနည်းရရှိခဲ့ပါသည်။ ဥပမာ - တော်ဘုရားမင်းသား မြေးတော်၊ ရစ်ချက်တော်ဘုရားမြတ်ကြီး မြစ်တော်၊ မဟာစန္ဒြကုမာရ (ခ) စိုးဝင်း မြစ်တော်။
  2. မင်းသမီးများအတွက် - မြန်မာဘာသာအားဖြင့် စုဘုရားဟု အဓိပ္ပါယ်ပေါ်လွင်သော ဤဘွဲ့တော်ကို ထီးသုံးနန်းသုံးစကားအရ ထိပ်စုကြီးဘုရား (ခ) ထိပ်စုဘုရားကြီးဟု ခေါ်ဆိုနိုင်သည်။ ဤဘွဲ့ရရှိသူ ဘုရင့်သမီးတော် ၄ပါး၊ မြေးတော် မိန်းမ ၃ပါး၊ မြစ်တော်မိန်းမ ၅ပါးရှိပါသည်။ ဥပမာအားဖြင့် ထိပ်စုဘုရားကြီး မြေးတော်မိန်းမ။ စုဘုရားလေးဒေဝီသန့်စင်ဒေဝီခင် မြစ်တော်မိန်းမများ။

သုံးစွဲနိုင်မည့်သူများ

  • နန်းစွန့်ပြီးနောက် ဘုရင်ဟောင်း။
  • ထီးနန်းဆက်ခံသူ။
  • သီပေါမင်း၏ မြေးတော်မြစ်တော်ယောက်ျားမိန်းမများအထိသာ။

နယ်သာလန်[ပြင်ဆင်ရန်]

မြင့်မြတ်တော်မူဘွဲ့ကို "နယ်သာလန်မင်းသား (ခ) မင်းသမီး"၏ဘွဲ့အမည်ရှေ့တွင် သုံးစွဲလျက်ရှိကြရာ ထိုသို့အသုံးပြုနိုင်ရန် အောက်ပါအချက်များနှင့် ကိုက်ညီသောလူပုဂ္ဂိုလ်များကို ဥပဒေအရ ပေးအပ်နိုင်သည်- [၁]

  • နန်းစွန့်ပြီးနောက် ဘုရင်ဟောင်း။
  • ထီးနန်းဆက်ခံသူ။
  • အမျိုးသမီးဘုရင်တစ်ပါး၏ ခင်ပွန်း။
  • အမွေဆက်ခံသူ၏ အိမ်ထောင်ဖက်။
  • ဧကရာဇ်၏တရားဝင်သားသမီးများနှင့် ဘုရင်၏တရားဝင်သားတော်များ၏ ဇနီး၊
  • အမွေဆက်ခံသူ၏ တရားဝင်သားသမီးများ။

"လိမ္မော်-နက်ဆောင် မင်းသား (ခ) မင်းသမီး"ဆိုသည့် သီးခြား ဘွဲ့အမည်အား ဒတ်ခ်ျအိမ်တော် [၁] အဖွဲ့ဝင်များအား ဥပဒေအရ ပေးအပ်နိုင်ပါသည်။ ထိုသို့ပေးအပ်ရာတွင် အိမ်တော်မိသားစုများအား ပုဂ္ဂိုလ်ရေးနှင့် မျိုးရိုးလိုက်ခြင်းမဟုတ်သော ဘွဲ့အမည်အဖြစ် ပေးအပ်နိုင်သည်။ နယ်သာလန်၏မင်းသား (ခ) မင်းသမီးမဟုတ်သော လိမ္မော်-နက်ဆောင်၏ မင်းသား (ခ) မင်းသမီးကို "တော်ဝင်သော" စာသားမပါဘဲ " မြင့်ြမတ်သော မင်းသား (ခ) မင်းသမီး "ဟုခေါ်ဆိုနိုင်သည်။ နတ်ပြည်စံ (ကွယ်လွန်) ဘုရင်မကြီး ဂျူလီယာနာ၏ သမီးငယ် မင်းသမီး မာဂရက်၏ သားသမီးများမှာ ဥပမာဖြစ်သည်။ [၂]

ဆော်ဒီအာရေဗျ[ပြင်ဆင်ရန်]

အီဗန်ဆွတ်၏ သား၊ သမီးများ၊ မြေးများနှင့် မြေးတော်မိန်းမများကို " မြင့်ြမတ်တော်မူလှသော (မတမ)"ဂုဏ်ပုဒ်ဖြင့် ရည်ညွှန်းပြီး " ကျန်အဆက်အနွယ်တို့ကို " မြင့်မြတ်သော သူ / သူ(မ) (မမ)" ဟုခေါ်သော ဂုဏ်ပုဒ်နှင့် ကွဲပြားသည်။ ထို့အပြင် စိုးစံသော ဘုရင်တစ်ပါးတွင် သန့်ရှင်းသော ဗလီနှစ်ခု၏ အုပ်ထိန်းသူ ဘွဲ့လည်း ရှိသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Wet lidmaatschap koninklijk huis။ overheid.nl။ ကိုးကား အမှား - Invalid <ref> tag; name "wetten.overheid.nl" defined multiple times with different content
  2. Titels။ koninklijkhuis.nl။ 6 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2022 တွင် ပြန်စစ်ပြီး။
  3. Saudi Arabia: HRH or HH? (23 March 2010)။ 7 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2022 တွင် ပြန်စစ်ပြီး။