မြင်သားရွာ၊ ဂန့်ဂေါမြို့နယ်

ဝီကီပီးဒီးယား မှ
မြင်သား
ရွာ
မြင်သားရွာ
မြင်သား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြင်သား
မြင်သား
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°35′15″N 94°07′30″E / 22.5873908996582°N 94.125°E / 22.5873908996582; 94.125ကိုဩဒိနိတ်: 22°35′15″N 94°07′30″E / 22.5873908996582°N 94.125°E / 22.5873908996582; 94.125
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ဂန့်ဂေါမြို့နယ်
ကျေးရွာအုပ်စုမြင်သား
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြင်သားရွာ (အင်္ဂလိပ်: Myinthar)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်ဂေါမြို့နယ်မြင်သားကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြင်သားကျေးရွာအုပ်စုတွင် ကျား ၁၈၃၃ ဦး၊ မ ၁၉၈၆ ဦး၊ လူဦးရေ စုစုပေါင်း ၃၈၁၉ ဦးနေထိုင်သည်။ [၁]

၂၀၂၁ ဖြစ်ရပ်[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ စက်တင်ဘာလ ၉ ရက်တွင် စစ်တပ်မှ ဒဘယ်ကပ် ခေါ် နှစ်ခန်းပါကား ၃ စီး၊ ဆိုင်ကယ် ၈ စီးဖြင့် လာရောက်စဉ် ရွာခံလုံခြုံရေးတပ်နှင့် ပစ်ခတ်မှုဖြစ်သည်။ [၂] စစ်ဘေးရှောင်ရွာခံတို့က စစ်တပ်မှ ရွာထဲသို့ လက်နက်ကြီးဖြင့်ပစ်ကာ ဦးနှိမ်သဖြင့် ရွာထိပ်ရှိ တံတားသို့ ထွက်ကာ ခုခံခြင်းဖြစ်ကြောင်း ဆိုသည်။ စစ်တပ်ကမူ စစ်ဆေးရန်သွားရောက်စဉ် ရွာထိပ်သို့ထွက်ကာ ခုခံသဖြင့် တိုက်ခိုက်ရကြောင်း သတင်းထုတ်ထားပြီး ဒေသခံဘက်မှ သေဆုံးဦးရေကို မသိကြောင်း ပြောသည်။ [၃] စက်တင်ဘာလ ၁၀ ရက်တွင် စစ်ကူသွားသော ပြည်သူ့ကာကွယ်ရေးတပ်(ယော)မှ တာဝန်ရှိသူတဦးက ၁၈ ဦး သေဆုံးပြီး ၎င်းအနက် ၅ ဦးမှာ ရွာထဲကျန် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ ခုခံသူ ၁၃ ဦးအနက် လက်နက်ကြီးမှန်၍ ဒဏ်ရာရဖမ်းမိသူ ၈ ဦးကို ဦးခေါင်းအား သေနတ်ဖြင့်ပစ်ထားကြောင်း ဖွင့်ဟသည်။ [၄][၅] စစ်တပ်မှာ ၉ ရက်နေ့တွင် ရွာထဲဝင်နိုင်သည်နောက် ရွာထဲကျန်သူတို့ကို ဘုန်းကြီးကျောင်းတွင် စုစည်းစေ၍ မှတ်တမ်းတင်နိုင်သော ဖုန်း၊ ကင်မရာတို့ကို ဖျက်ဆီးကာ ခေတ္တတပ်စွဲထားသည်။ ၁၀ ရက်နေ့တွင် ပစ္စည်းသိုလှောင်ထားသည်ထင်သော နေရာများကို မီးရှို့ကာ ပြန်သွား၏။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. "ဂန့်ဂေါ မြင်သားရွာမှာ တိုက်ပွဲဖြစ်၊ ရွာသား ၁၁ ဦးထက်မနည်း သေဆုံး". RFA Burmese. 2021-09-10.
  3. "ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး". Irrawaddy. 2021-09-10.
  4. ခင်မောင်စိုး. "မြင်သားကျေးရွာ လူငယ် ရှစ်ဦး အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခံရလို့ ယော PDF ပြော". RFA Burmese. 2021-09-10. "... PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျိုးဖြူက ... သူတို့ အရှင်ဖမ်းပြီး အဲဒီအရှင်ဖမ်းမိတဲ့အချိန်မှာ ခေါင်းကိုပစ်သတ်တာ လုံးဝထင်ရှားတယ်။ အရှင်ဖမ်းမိတာ ၈ ယောက်လောက်ရှိမယ် ခေါင်းတွေကို ပစ်ထားတာ ပြီးတော့ သေနတ်ဒင်တွေနဲ့ ထုထားတာ ..."
  5. "မြင်သားကျေးရွာတွင် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုအတွင်း သေဆုံးရသူ (၁၈) ဦးတွင် (၁၈)နှစ်အောက် (၁၂)ဦးပါဝင်" Tachileik News. 2021-09-11. Archived from the original in 2021-09-12.