ခေါင်းတုံရွာ၊ ဂန့်ဂေါမြို့နယ်

ဝီကီပီးဒီးယား မှ
ခေါင်းတုံ
ရွာ
ခေါင်းတုံရွာ
ခေါင်းတုံ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ခေါင်းတုံ
ခေါင်းတုံ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°59′46″N 94°11′16″E / 21.9959907531738°N 94.1877517700195°E / 21.9959907531738; 94.1877517700195ကိုဩဒိနိတ်: 21°59′46″N 94°11′16″E / 21.9959907531738°N 94.1877517700195°E / 21.9959907531738; 94.1877517700195
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ဂန့်ဂေါမြို့နယ်
ကျေးရွာအုပ်စုခေါင်းတုံ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ခေါင်းတုံရွာ (အင်္ဂလိပ်: Khaungton)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်ဂေါမြို့နယ်ခေါင်းတုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၆၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ခေါင်းတုံကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၈၇ အိမ် ရှိကာ၊ကျား ၄၃၆ ဦး၊ မ ၄၉၄ ဦး၊ လူဦးရေ စုစုပေါင်း ၉၃၀ ဦးနေထိုင်သည်။ [၁]

ပထဝီဝင်[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

တည်နေရာအကျယ်အဝန်း[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

ခေါင်းတုံရွာ၏ အရှေ့ဘက်တွင် တဇန်းရွာ၊ တောင်ဘက်တွင် ညောင်လယ်ရွာ၊ အနောက်ဘက်တွင် စမိတ်ရွာ နှင့် တောင်လုံးရွာ၊ မြောက်ဘက်တွင် မဲရွာ တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ခေါင်းတုံရွာ၏ မြောက်ဘက် ၁၈ မိုင်အကွာတွင် ဂန့်‌ဂေါမြို့ တည်ရှိသည်

ရာသီဥတု[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

ခေါင်းတုံရွာသည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ --- ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ---- ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ---လက်မ ရှိသည်။

ရေဆင်း[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

ခေါင်းတုံရွာသည် ရေရှားပါးသော ဒေသတစ်ခုဖြစ်ပြီး ရေအရင်းအမြစ်တစ်ခုအနေနဲ့ ချောင်းမြင်းတိုင်တောင်ရိုးမှာတဆင့် ကွန်းခင်းမှဖြတ်စီးဆင်းသော ပုန်းချောင်း ရှိသည်။ ခေါင်းတုံရွာ အတွင်းရှိ ရေအရင်း အမြစ်အများစုမှာ ထုံးဓာတ်အများဆုံးပါဝင်ပြီး ရေချိုများဖြစ်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေများအဖြစ် အသုံးပြုသည်။ သောက်သုံးရေအဖြစ် ခေါင်းတုံရွာတွင် သောက်သုံးရေတွင်း တစ်တွင်းသာရှိပြီး တစ်ရွာလုံး အသုံးပြုကြသည်။

လူနေထိုင်မှု[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် အစီရင်ခံစာ စာရင်းများအရ ခေါင်းတုံရွာတွင် လူဦးရေ ၉၃၀ ဦး နေထိုင်ကြပြီး အများစုမှာ ယောလူမျိုး များ ဖြစ်ကြသည်။

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။

စီးပွားရေး[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

ခေါင်းတုံရွာတွင် လယ်ယာလုပ်ငန်း ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန်မှာ စပါး၊ပဲ၊နှမ်း ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

ခေါင်းတုံရွာတွင် အခြေခံပညာ အထက်တန်းကျောင်းခွဲ [အ.ထ.က (ခွဲ) ခေါင်းတုံ] ၁ ကျောင်းသာ ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

ခေါင်းတုံရွာတွင် ကျန်းမာရေး ဆေးပေးခန်းမရှိသေးပါ။

ကိုးကား[ပြင်ဆင်ရန်]

2.သန်းခေါင်စာရင်း အစီရင်ခံစာ ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။