အပူပိုင်းဇုန်

ဝီကီပီးဒီးယား မှ
အပူပိုင်းဇုန်အား အနီရောင်ဖြင့် ပြသထားသည့် ကမ္ဘာ့မြေပုံ။

အပူပိုင်းဇုန် ("Tropics") သည် မြောက်ယဉ်စွန်းတန်းနှင့် တောင်ယဉ်စွန်းတန်းအကြား အီကွေတာအနီး တည်ရှိသည့် ဒေသဖြစ်သည်။ အပူပိုင်းဇုန်တွင် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် မွန်းတည့်ချိန်၌ နေသည် ဦးခေါင်းပေါ် တည့်တည့်ရှိနိုင်သည့် ဧရိယာအားလုံး ပါဝင်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

ဖိလစ်ပိုင်နိုင်ငံရှိ နေ့တစ်နေ့၏ မွန်းတည့်ချိန်တွင် နေသည် ဦးခေါင်းအပေါ် တည့်တည့်နီးပါး ရှိနေသည့်မြင်ကွင်း

အပူပိုင်းဇုန်တွင် တစ်နှစ်ပတ်လုံးနီးပါး ပူအိုက်ပြီး စိုစွတ်သည့် ရာသီဥတုရှိသည်။