ဖုန်းဇော်ဟန်

ဝီကီပီးဒီးယား မှ

ဖုန်းဇော်ဟန်
Phone Zaw Han
မန္တလေးမြို့တော်ဝန် နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၆ ဧပြီ ၂၀၁၁ – ၂၇ ​​ဖေ​ဖော်ဝါရီ ၂၀၁၂
သမ္မတဦးသိန်းစိန်
ဝန်ကြီးချုပ်ဦးရဲမြင့်
ယခင်လူကိုယ်တိုင်
ဆက်ခံသူဦး​အောင်​မောင်း
တာဝန်သက်တမ်း
၁၆ ​ဖေ​ဖော်ဝါရီ ၂၀၀၅ – ၃၀ မတ် ၂၀၁၁
ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်
ယခင်လူဗိုလ်ချုပ် ရဲမြင့်
ဆက်ခံသူကိုယ်တိုင်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး
တာဝန်သက်တမ်း
၃၁ မတ် ၂၀၁၁ – ၂၇ ​ဖေ​ဖော်ဝါရီ ၂၀၁၂
ယခင်လူရာထူးစတင်
ဆက်ခံသူ​အောင်​မောင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား မြန်မာ
ကြင်ဖော်(များ)မိုးသီတာ
သားသမီးခင်အင်ကြင်း
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဦးဖုန်း​ဇော်ဟန် သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့၏ ယခင်မြို့တော်ဝန်ဖြစ်သည်။ မြို့​တော်ဝန်အဖြစ် နိုင်ငံ​တော်​အေးချမ်းသာယာ​ရေးနှင့်ဖွံ့ဖြိုး​ရေး​ကောင်စီအစိုးရ[၂]နှင့် ဦးသိန်းစိန်အစိုးရလက်ထက်တို့တွင် ၇နှစ်အကြာ တာဝန်ယူခဲ့သည်။ သူသည် ယခင်က ဗိုလ်မှူးချုပ်တစ်ဦးဖြစ်ကာ ၂၀၁၀အ​ထွေ​ထွေ​​ရွေး​ကောက်ပွဲတွင် အရပ်ဖက်​ပြောင်းခဲ့သည်။ [၃]

ဘဝအစနှင့် ပညာရေး[ပြင်ဆင်ရန်]

ဇေယျာကျော်ထင် ဗိုလ်မှူးသိန်းဟံနှင့် ဒေါ်မူမူဟန်တို့မှ မွေးဖွားခဲ့ကာ ရန်ကုန်မြို့ အ.ထ.က(၁) ဒဂုံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်သင်တန်း (၁၉)သို့ တက်ရောက်ခဲ့ကာ ဝိဇ္ဇာဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)တို့ ရရှိခဲ့သည်။

နိုင်ငံ​ရေး[ပြင်ဆင်ရန်]

သူ၏လက်ထက်တွင် မြို့အတွင်း လမ်းများနှင့် အ​ခြေခံအ​ဆောက်အဦးများတည်​ဆောက်မှု၊ မန္တလေးမြို့အား ကြွပ်ကြွပ်အိတ်ကင်းစင်ရေး ဆောင်ရွက်ခြင်း၊ ရေပေဝေရေးလုပ်ငန်းများ​ကြောင့် နာမည်​ကျော်ကြားသည်။ ထို့အပြင် သူ၏ ခက်ထန်မှု၊လာဘ်စားမှုများ၊မန္တ​လေးမြို့အတွင်း အိမ်များစွာ ​ဆောက်လုပ်မှုတို့​ကြောင့် မြို့​နေပြည်သူအကြား မ​ကောင်းသတင်းဖြင့် နာမည်ကြီးခဲ့သည်။၂၀၁၂ခုနှစ်တွင် မြို့​တော်ဝန်အဖြစ်မှ အနား​ပေးခံရပြီး ​တိုင်း​ဒေသကြီး ဘဏ္ဍာ​ရေးနှင့်အခွန်ဝန်ကြီးအဖြစ် ၂၀၁၃ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ထို့​နောက် နေအိမ်အကျယ်ချုပ်ဖြင့် စစ်​ဆေးခံခဲ့ရပြီး ​နောက်ပိုင်းတွင် ​နေပြည်​​တော်​ကောင်စီဝင်ဖြစ်လာခဲ့သည်။၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်​ရောက်အ​ရွေးခံ​သော်လည်း ရှုံးနိမ့်ခဲ့သည်။[၄][၅]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ (၁၉.၁၁.၂၀၂၂)
  2. SPDC Order No. 3/2005: The Mayor of Mandalay Appointed - မန္တလေးမြို့တော်ဝန်ခန့်အပ်တာဝန်ပေးခြင်း
  3. List of members of the Government of Burma/Myanmar။ European Commission။
  4. Mandalay chief minister promises mcdc shakeup။ 22 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 January 2019 တွင် ပြန်စစ်ပြီး။
  5. Ex Mayor။ 2 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2021 တွင် ပြန်စစ်ပြီး။