ဝမ်းဘဲအင်းရွာ၊ ပဲခူးမြို့နယ်
| ဝမ်းဘဲအင်း | |
|---|---|
| ရွာ | |
| ဝမ်းဘဲအင်းရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 17°32′37″N 96°32′34″E / 17.5436496734619°N 96.5427093505859°Eကိုဩဒိနိတ်: 17°32′37″N 96°32′34″E / 17.5436496734619°N 96.5427093505859°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ပဲခူးခရိုင် |
| မြို့နယ် | ပဲခူးမြို့နယ် |
| ကျေးရွာအုပ်စု | ဝမ်းဘဲအင်း |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဝမ်းဘဲအင်းရွာ (အင်္ဂလိပ်: Wanbeinn)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၃၀၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝမ်းဘဲအင်းကျေးရွာအုပ်စုတွင် ကျား ၄၅၁၄ ဦး၊ မ ၄၂၃၄ ဦး၊ လူဦးရေ စုစုပေါင်း ၈၇၄၈ ဦးနေထိုင်သည်။ [၁] ပဲခူးမြို့မှ (၁၆)မိုင်ခန့် အကွာတွင် တည်ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]အထက်တန်းအဆင့်ပညာရေးကို အ.ထ.က - ဝမ်းဘဲအင်း တွင် သင်ကြားနိုင်သည်။ အ.ထ.က(ခွဲ)အဖြစ် နှစ်အတော်ကြာ ရပ်တည်ခဲ့ရပြီး နိုင်ငံတော် အစိုးရမှ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်မှာ (၂)နှစ်ခန့်သာ ရှိသေးသည်။ များသောအားဖြင့် ထိုရွာမှ ကျောင်းသားများ သင်ကြားလျက်ရှိသည်။ ဤစာသင်ကျောင်းသည် အမှတ်(၂) ကားလမ်း၏ ဘေးတွင် တည်ရှိသည်။
စီးပွားရေး
[ပြင်ဆင်ရန်]တောင်သူလယ်သမားများ အများစုနေထိုင်ကြသည်။ စပါးကို အဓိကထား စိုက်ပျိုးကြသည်။ ထို့ပြင် ရာသီပေါ်သီးနှံတို့ကိုလည်း စိုက်ပျိုးကြသေးသည်။ တစ်နိုင်စီးပွားရေးအဖြစ် အချို့ အိမ်များတွင် ကြက်၊ ဝက်၊ ဘဲ စသော တိရစ္ဆာန်များကိုလည်း မွေးမြူကြသည်။
မိုးယွန်းကြီးအင်း နှင့် နီးသောကြောင့် ထိုအင်းကို အမှီပြုကာ ရေလုပ်ငန်းဖြင့်လည်း အသက်မွေးကြသည်။
ဘာသာရေး
[ပြင်ဆင်ရန်]ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ အများစု နေထိုင်ကြသည်။ ဝမ်းဘဲအင်းရွာတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါင်း (၇၀) ကျော်ခန့်တည်ရှိသည်။ ထိုဘုန်းကြီးကျောင်းများသည် အရိပ်အာဝါသအလွန်ကောင်းသည့် နေရာတွင် တည်ရှိသည်။ ဒေးစွန်ပါစေတီတော် အဝင်မှစကာ ဘုရားတည်ရှိရာ ကုန်းတော်သွားရာ လမ်းဘေးတွင် တည်ရှိကြသည်။
ဝမ်းဘဲအင်းရွာတွင် နတ်ကိုးကွယ်ယုံကြည်မှုလည်း ရှိ၏။ နေအိမ်များ၏ အိမ်ရှေ့တွင် နတ်ကွန်းများဆောက်လုပ်ကာ ကိုးကွယ်ကြသည်။ ဝမ်းဘဲအင်းရွာရှိ ဒေးစွန်ပါစေတီတော် သို့ ရန်ကုန် နှင့် ပဲခူးတစ်ဝိုက်ရှိ ဘုရားဖူးပြည်သူများသည် လာရောက်လာလည်ပတ်ဖူးမြော်လေ့ရှိပြီး အခါကြီးရက်ကြီးများတွင် အထူးစည်ကားသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
| ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |