ပုဏ္ဏားရွာ

ဝီကီပီးဒီးယား မှ
အခြား အသုံးအနှုန်းများ အတွက် ပုဏ္ဏားရွာ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ပုဏ္ဏားရွာ
ကျေးရွာ
ပုဏ္ဏားရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုဏ္ဏားရွာ
ပုဏ္ဏားရွာ
ပုဏ္ဏားရွာ တည်နေရာ
ကိုဩဒိနိတ်: 19°13′20″N 94°58′59″E / 19.2221698760986°N 94.9830169677734°E / 19.2221698760986; 94.9830169677734ကိုဩဒိနိတ်: 19°13′20″N 94°58′59″E / 19.2221698760986°N 94.9830169677734°E / 19.2221698760986; 94.9830169677734
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်သရက်ခရိုင်
မြို့နယ်သရက်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပုဏ္ဏားရွာသည် မကွေးတိုင်းဒေသကြီးသရက်ခရိုင်သရက်မြို့နယ်တွင်း၌ တည်ရှိပြီး၊ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်ဝယ် ဖက်ဆစ်တော်လှန်ရေးကို စတင်ကြေညာခဲ့သော သမိုင်းဝင်ရွာဖြစ်သည်။ [၁] ၂၀၁၅ တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် ဂုဏ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့သည်။ ၂၀၁၆ တွင် ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူခဲ့သည်။

ဒေသ[ပြင်ဆင်ရန်]

ပုဏ္ဏားကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၁,၅၀၀ ခန့်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ကာ၊ အထက်တန်းကျောင်းခွဲ ရှိသည်။ သောက်သုံးရေရှားပါးသော ဒေသတစ်ခု ဖြစ်ပြီး လျှပ်စစ်မီးလည်း မရရှိသေးပေ။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂျပန်ခေတ်က ဤရွာဝယ် ဗိုလ်ချုပ်အောင်ဆန်း စခန်းချခဲ့ပြီး၊ ဖက်ဆစ်တော်လှန်ရေးကို ကြေညာခဲ့သည်။ ရက်စွဲမှာ ၁၉၄၅ မတ် ၂၇ ဖြစ်၏။

၂၀၁၅ မတ် ၂၇ ဝယ် ဗိုလ်ချုပ်အောင်ဆန်း (အသက်)ရာပြည့်ပွဲ ကျင်းပခဲ့သည်။

၂၀၁၆ မတ်လ ၂၇ ရက်နေ့ဝယ် ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ အခမ်းအနားကို ကျင်းပပြီး၊ ခြောက်ပေမြင့် ကျွန်းသား တစ်ပင်တည်းဖြင့် ပခုက္ကူမြို့တွင် ထွင်းထုပြီး၊ ၂၅ ရက်တွင် အောင်လံမြို့မှတဆင့် မော်တော်ဖြင့် သယ်ယူလာသော ဗိုလ်ချုပ်ရုပ်တုကို သရက်မြို့ပေါ်မှာ ၂၆ ရက်နေ့က လှည့်လည်ပြသပြီးနောက်၊ ဗိုလ်ချုပ် အမိန့် ကြေညာခဲ့သည့် နေရာ၌ အမှတ်တရ စိုက်ထူခဲ့သည်။ အလှူရှင်မှာ ပခုက္ကူမြို့မှ အငြိမ်းစားပါမောက္ခ တစ်ဦး ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]