မာတိကာသို့ ခုန်သွားရန်

ပန်းရောင်ခြယ်

ဝီကီပီးဒီးယား မှ
ပန်းရောင်ခြယ်
အမည်ရင်းပန်းရောင်ခြယ်
မွေးဖွား (1996-01-14) ၁၄ ဇန်နဝါရီ၊ ၁၉၉၆ (အသက် ၃၀)
ရန်ကုန်မြို့မြန်မာနိုင်ငံ
ဂီတဟန်Pop, R&B
အလုပ်အကိုင်အဆိုတော်
တူရိယာစန္ဒယား
တက်ကြွသည့်နှစ်များ၂၀၁၅ - လက်ရှိ

ပန်းရောင်ခြယ် (အင်္ဂလိပ်: Pan Yaung Chel (၁၄ ဇန်နဝါရီ ၁၉၉၆ မွေးဖွား) သည် မြန်မာ တေးရေး နှင့် အဆိုတော် တစ်ဦးဖြစ်သည်။ သူမသည် ပွဲဦးထွက် album ဖြစ်သော Wake Up Daddy ကို သူမ၏ အဖေ ဂရေဟမ် နှင့် အတူသီဆိုခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

၁၉၉၆-၂၀၁၃အတွင်း ငယ်ဘဝနှင့်ပြည်ပတွင်နေထိုင်မှု

[ပြင်ဆင်ရန်]

သူမ၏မိဘများမှာ ဂရေဟမ် နှင့် သင်ဇာဦး တို့ဖြစ်သည်။ သူမကို ၁၄ ဇန်နဝါရီ ၁၉၉၆ တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ၌ မွေးဖွားသည်။ သူမတွင် ပန်းသွန်းခြယ် ဟု ခေါ်သော ညီမတစ်ယောက်ရှိသည်။

သူမသည် မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့ပြီး နိုင်ငံတကာ ကျောင်းများကို လေ့လာခဲ့သည်။ သူမသည် ၉နှစ် အရွယ်တွင် Yin Mar Record Label's ၏ ကလေးသီချင်းများ အယ်လ်ဘမ် အတွက် သူမ၏ "Twinkle Twinkle Little Star" သီချင်းကို ထည့်သွင်းခဲ့သည်။

၁၁ နှစ်အရွယ်တွင် သူမသည် သူမ မိသားစု နှင့်အတူ ဩစတေးလျ သို့ပြောင်းရွေ့ ခဲ့သည်။ သူမသည်ပညာရေး အတွက် ဆက်လက်လေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သူမ ၏ ဖခင်၊မိခင်နှင့် ညီမလေးတို့သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ သူမသည် St Brigid's College, မှာ ၂၀၁၃ ခုနှစ်က ဘွဲ့ရရှိရာ နောက်ထပ် လေ့လာမှုများ အတွက် ထပ်မံ ကြိုးစားခဲ့သည်။[]

၂၀၁၃ ခုနှစ် မတ်လတွင် သူမ၏ အဖေ ဂရေဟမ်သည် ရန်ကုန် တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပရာ သူမ၏ သီချင်းသီဆိုမှု စွမ်းရည် များကြောင့် ချီးကျူးခံခဲ့ရသည်။

အလုပ်အကိုင်

[ပြင်ဆင်ရန်]

၂၀၁၄-၂၀၁၇ အတွင်း Wake Up Daddy သီချင်းနှင့်စတင်

[ပြင်ဆင်ရန်]
Graham and Pan Yaung Chel performing for Coca-Cola Festival 2016
"Wake Up Daddy!" DVD Album Signing Event (January 2017)

အထက်တန်းကျောင်းပြီးနောက် သူမသည် အနောက်တိုင်း ဩစတေးလျတက္ကသိုလ် ၌ လေ့လာမှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်။ သူမ၏ တက္ကသိုလ်ပညာရေး မပြီးမီ သူမ၏ ပွဲဦးထွက် အယ်လ်ဘမ် Wake Up Daddy အတွက် သူမ၏ အဖေ ဂရေဟမ်နှင့်အတူ ကြိုးစားခဲ့သည်။ အယ်လ်ဘမ် ၌ လူကြိုက်အများဆုံး သီချင်းမှာ (Wake Up Daddy) ဖြစ်သည်။ ဤသီချင်းကို ကလေးများ နှင့် ဆယ်ကျော်သက်များ အပြင် လူကြီးများပါ ကြိုက်နှစ်သက်ခဲ့ကြသည်။[] ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထွက်ရှိခဲ့သော ဤအယ်လ်ဘမ် တွင် သီချင်း Video ၁၄ ပုဒ် ပါဝင်ခဲ့သည်။

၂၀၁၈-လက်ရှိ ဂီတလမ်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ဖို့ရှိကြောင်း သူမ၏အင်တာဗျူးတွင် ပြောပြသွားခဲ့သည်။ [] ဖေဖော်ဝါရီ ၉ရက်နေ့တွင် သူမ၏ အဖေနှင့်တူတူရေးသားထားသော "Butterflies" သီချင်းကို Facebook,YouTube Channel တို့တွင့် လွှင့်တင်ခဲ့သည်။[] ၂၀၁၈ ခုနှစ် မတ်လ ၁၆ရက်နေ့ တွင် သူမအကြောင်းရေးသားထားသော"You Set Me Free" သီချင်းကို Facebook, YouTube channel တို့တွင် တင်ပေးခဲ့ပြန်သည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သူမ၏ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် "Let It Go" အတွက် သီချင်း ဗီဒီယို တစ်ပုဒ်ထုတ်ပြန်ခဲ့သည်။[]ဤသီချင်း ဗီဒီယို ကို Facebook စာမျက်နှာ နှင့် YouTube Channel တို့တွင် ဖြန့်ချိသည့်အချိန်ကတည်းက လူကြိုက်များခဲ့ကြသည်။ ဤသီချင်း ဗီဒီယိုကို မဖြန့်ချိမှီ ၅ ရက်အလိုက တင်ခဲ့သော Teaser ဗီဒီယို အတိုလေးကတည်းကပင် ပရိသတ်များက အားပေးခဲ့ကြသည်။

ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခြင်း

[ပြင်ဆင်ရန်]

သူမသည် ၂၀၁၆ မှ ၂၀၁၇ အတွင်း Dutch Mill အချိုရည် အတွက် ကိုယ်စားလှယ်အဖြစ် နှင့် ၂၀၁၉ ခုနှစ်တွင် Sun Silk ခေါင်းလျော်ရည် အတွက် ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ခဲ့သည်။ [] ထို့အပြင် သူမသည် Nescafe ကော်ဖီတွင်လည်း ၁ နှစ် တိုင်အောင် ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်ခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ်တွင် Samsung ၏ နောက်ဆုံးပေါ်ထုတ်ကုန်များ ကြော်ငြာရန် အတွက် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ခဲ့သေးသည်။[]


တစ်ကိုယ်တော် အယ်လ်ဘမ်များ

[ပြင်ဆင်ရန်]
  • Wake Up Daddy! (၂၀၁၅)

Single သီချင်းများ

[ပြင်ဆင်ရန်]
  • Butterflies (2018)
  • You Set Me Free (2018)
  • Let It Go (2018)

ပါဝင်သီဆိုဖူးသော သီချင်းများ

[ပြင်ဆင်ရန်]
  • Ba Wa Ye' A Date Bal (Myit Zi Ma Go Thwar Ja Myi) (2014)
  • မောင်လူချော (Padamyar FM) (2016)
  • Dream Holiday (Cherry FM 7th Anniversary) (2017)
  • ကြင်နာခြင်းရယ်အချစ်ရယ် (Sal Nhit Sal Moe) (2017)
  • ကနဦးပုံပြင် (Sal Nhit Sal Moe) (2017)
  • Tha Chin Ne' Ka Khone Lite (Thingyan Fever) (2017)
  • Kat Chit Mal (April Queens) (2017)
  • အမုန်းနိဒါန်း (Music Soon Lan Lil' Chan - လစ်တယ်(လ်)ချမ်း (2017)
  • Shall We Meet Again (Kiss Museum - James) (2017)
  • ဒိုင်ယာရီ (Gi Ta Bay Da - လွှမ်းပိုင်) (2017)
  • Bar Kyaunt (Man Thiri 20th Anniversary) (2018)

ကိုးကား

[ပြင်ဆင်ရန်]
  1. Pan Yaung Chel's Education pyoneplay.com 20 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2017 တွင် ပြန်စစ်ပြီး။
  2. Celebrities' Junior - "Wake Up Daddy!" Eleven Broadcasting 17 November 2017 တွင် ပြန်စစ်ပြီး။
  3. Pan Yaung Chel's Solo Album To Be Released In 2018 news-eleven.com 8 January 2018 တွင် ပြန်စစ်ပြီး။
  4. "Butterflies" Pan Yaung Chel 11 February 2018 တွင် ပြန်စစ်ပြီး။
  5. "Let It Go [official music video"]။ Pan Yaung Chel 21 November 2018 တွင် ပြန်စစ်ပြီး။
  6. Pan Yaung Chel Wants To Continue Singing As Long As There Are People That Wants To Listen burma.irrawaddy.com 25 July 2017 တွင် ပြန်စစ်ပြီး။
  7. A Small Talk With Pan Yaung Chel On Samsung Galaxy A8 Commercial Shooting Set Momolay TV 8 February 2018 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]