လွှမ်းပိုင်

ဝီကီပီးဒီးယား မှ
လွှမ်းပိုင်
မွေးဖွား (1989-03-01) ၁ မတ်၊ ၁၉၈၉ (အသက် ၃၅)
တောင်ကြီးမြို့
ဂီတဟန်
အလုပ်အကိုင်တေးရေး၊ တေးဆို၊ သရုပ်ဆောင် ၊[Bo Paing Gyi အမည်ဖြင့် Online ပေါ်တွင် ဂိမ်း streamer ]
တက်ကြွသည့်နှစ်များ၂၀၀၅- လက်ရှိ

လွှမ်းပိုင်သည် ဟစ်ဟော့အဆိုတော်တစ်ဦး ဖြစ်သည်။ ထို့အပြင် တေးရေးနှင့် သရုပ်ဆောင်လည်း ဖြစ်သည်။ ဒုံးပျံ တေးစီးရီးမှ သူ၏ ရပ်ရွတ်ဆိုမှုများကြောင့် နာမည်ကျော်ကြားလာသူဖြစ်သည်။[၁][၂][၃]လွှမ်းပိုင်သည် bo paing gyi ဟူသော အမည်ဖြင့် stemers အလုပ်လည်း လုပ်ကိုင်သည်။

အစောပိုင်းဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ အစ်ကိုဖြစ်သူ ကျော်ဆုမှာလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။[၄] နည်းပညာတက္ကသိုလ်(သန်လျင်)မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။

အဆိုတော်ဘဝ[ပြင်ဆင်ရန်]

၂၀၀၅-၂၀၀၉ အစပိုင်း[ပြင်ဆင်ရန်]

သူ၏ အဆိုတော်ဘဝကို တက္ကသိုလ်တက်စဉ်ကပင် စတင်ခဲ့သည်။ ပြင်ပအဆိုတော် (underground) အဖွဲ့ဖြစ်သော "89"တွင် သီချင်းရေး၊ သီချင်းဆိုခဲ့သည်။ မကြာမီတွင် အာဘွိုင်းနှင့် ဆက်သွယ်မိကာ ရော့ခ်စတား (Rock$tar) အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ဖြစ်လာသည်။[၅] ထိုအချိန်မှစတင်၍ သူသည် ခေတ်ရေစီးကြောင်း အဆိုတော်များနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်။[၆]

၂၀၀၉-၂၀၁၄ ပရိသတ် အသိအမှတ်ပြုခံရခြင်း[ပြင်ဆင်ရန်]

လွှမ်းပိုင်သည် ၂၀၀၉ ခုနှစ်တွင် ထိုစဉ်က အောင်မြင်နေသော အဆိုတော်ရဲလေးတတိယကာရံတေးစီးရီးမှ "မနှုတ်ဆက်ချင်ဘူး"သီချင်းတွင် ပါဝင်ခဲ့သည်။ ထိုသီချင်းတွင် ရဲလေး၊ အိမ့်ချစ်တို့နှင့်အတူ လွှမ်းပိုင်၊ ဘော်ဘီဆော်ဆာတို့ကပါ ပါဝင်သီဆိုခဲ့သည်။ ထိုသီချင်းဖြင့် စတင်ကာ လွှမ်းပိုင်ကို ပရိသတ်များ သတိပြုမိလာခဲ့သည်။[၇] သူ၏ "ဒုံးပျံ"တေးစီးရီးမှ "ဒုံးပျံ"နှင့် "ဘိုကေ"သီချင်းတို့မှာ လူငယ် ပရိသတ်များအကြား ရေပန်းစားလာခဲ့ပြီး လွှမ်းပိုင်မှာ အောင်မြင်လာခဲ့သည်။ ထိုတေးစီးရီးမှာ သူနှင့် ဘော်ဘီဆော်ဆာတို့၏ စုံတွဲခွေဖြစ်ကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[၈]ဤတေးစီးရီးမှာ ရွှေ အက်ဖ်အမ်နှင့် စီးတီးအက်ဖ်အမ် နှစ်ခုလုံးမှ ပေးအပ်သော အကောင်းဆုံးတေးစီးရီးဆုကို ရရှိခဲ့သည်။ ရွှေတံဆိပ်ကို ရောင်းချပြီး ရရှိလာသော ငွေကျပ်တစ်သန်းကို မိဘမဲ့ကလေးများကို လှူဒါန်းခဲ့သည်။

၂၀၁၄- လက်ရှိ တစ်ကိုယ်တော်ခွေများနှင့် လူကြိုက်များလာခြင်း[ပြင်ဆင်ရန်]

သူ၏ ပထမဆုံး တစ်ကိုယ်တော်ခွေဖြစ်သော ဂီတစာဆိုလွှမ်းပိုင်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထိုတေးစီးရီး၏ အမ်တီဗွီ ခွေဖြန့်ချိခဲ့သည်။[၉]ထိုတေးစီးရီးမှ "မင်းရဲကျော်စွာ ဘိုနေတိုး" သီချင်းမှာ ရုပ်ရှင်အဖြစ်ပင် ရိုက်ကူးခံခဲ့ရသည်။[၁၀]"ကိုကို"သီချင်းကို ဘော်ဘီဆော်ဆာနှင့် အိမ့်ချစ်တို့နှင့်အတူ တွဲ၍ သီဆိုခဲ့ပြီး ရွှေ အက်ဖ်အမ်မှ ပေးအပ်သော အကောင်းဆုံးသီချင်းဆုကို ရရှိခဲ့သည်။[၂]

သူ၏ ဒုတိယမြောက် တေးစီးရီးဖြစ်သော "ဂီတဗေဒ"ကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[၁၁][၁၂][၁၃] သူ၏သီချင်းများကို ရုပ်ရှင်ဇာတ်ကားများတွင် ယူ၍ သုံးစွဲမှုများလည်းရှိခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း ဂီတလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၂၀၁၉ ဂျူလိုင်လ တွင် လစ်တယ်လ်ချမ်း နှင့်အတူသီဆိုထားသော Only One သီချင်း Mtv ကို ပရိသတ်များထံ ချပြခဲ့သည်။[၁၄][၁၅]

ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗွီဗွီအချိုရည်မှ ကိုယ်စားလှယ်အဖြစ်နှင့် ၂၀၁၆တွင် vivo-Y55 ဖုန်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[၁၆][၁၇]

ရရှိခဲ့သောဆုများ[ပြင်ဆင်ရန်]

  • ရောင်းအားအကောင်းဆုံးတေးစီးရီးဆု ၂၀၁၃ခုနှစ် (ဒုံးပျံ)( ရွှေ အက်ဖ်အမ်)
  • ရောင်းအားအကောင်းဆုံးတေးစီးရီးဆု ၂၀၁၄ခုနှစ် (ဂီတစာဆို)( ရွှေ အက်ဖ်အမ်)
  • အကျော်ကြားဆုံး အမျိုးသားတေးသံရှင်ဆု ၂၀၁၄ခုနှစ် (စီးတီးအက်ဖ်အမ်) The[၁၈]
  • အကောင်းဆုံး ရပ်သီချင်းဆု ၂၀၁၄ခုနှစ်(ကိုကို)(Myanmar Music Awards)
  • The Freshest Rap Song of the Monsoon (People Choice Award) ၂၀၁၄ခုနှစ်(ကိုကို) (Myanmar Music Awards)[၁၉]
  • The Best MTV Award ၂၀၁၄ခုနှစ် (ငါတို့ဝေး)(Myanmar Music Awards)
  • The Best Selling Male Artist Album Award of Year 2017, (ဂီတဗေဒ)(စီးတီးအက်ဖ်အမ်)[၂၀]

ရုပ်ရှင်[ပြင်ဆင်ရန်]

ရုပ်ရှင်ဇာတ်ကားကြီးများ[ပြင်ဆင်ရန်]

Film[ပြင်ဆင်ရန်]

  • ဂျာကင်ဟောင်းလေး"(၂၀၁၆)[၂၃]
  • 67 ပလာဇာ"(၂၀၁၈)[၂၄]
  • ရပ်ကျော်ရွာကျော်"

ရုပ်သံဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

  • ရင်ထဲကဒဏ္ဍာရီ (၂၀၂၂)

ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်]

သူသည် ဘော်ဘီဆော်ဆာနှင့် ၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့မှ တွဲခဲ့သော်လည်း[၂၅] ၂၀၂၂ နှစ်ကုန်တွင် လမ်းခွဲခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. From hip hop to silver screenEleven Media Group (26 June 2015)။ 8 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ၂.၀ ၂.၁ Popular Singer Couple Hlwan Paing And Bobby Soxer။ Myanmar Celebrities။ 9 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Interview With Hlwan Paing(Biography)။ Myanmar HipHop Channel (26 September 2010)။ 10 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. အဆိုတော် လွှမ်းပိုင်ရဲ့ အသက်တစ်နှစ်ကျော်သာ ကြီးသော ကျော်ဆု ရုပ်ရှင်ကားကြီး စရိုက် (in my)။ Trend Myanmar Magazine (18 December 2015)။ 16 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. Hlwan Paing Interiew (in my)။ Myanmar Page News။ 30 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Interview With Hlwan Paing (in my)။ Myanmar Hip Hop Channel (26 September 2010)။ 19 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း (in my)။ The Voice Weekly (13 October 2013)။
  8. Bobby Soxer to release solo album next month (in en)။ Eleven Media Group (2 February 2015)။ 17 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  9. Hlwan Paing To Release "Gita Sar So" Karaoke DVD on February 12 (in en)။ Myanmar Celebrity News (5 February 2016)။
  10. ပရိသတ်အားပေးမှုများစွာ ရရှိအောင်မြင်ခဲ့သည့် "ဂီတစာဆို လွှမ်းပိုင်"Shwe Chitthu
  11. ကျွန်တော့်ကိုမကြိုက်သည် ကြိုက်သည်က ပရိသတ်ကဆုံးဖြတ်မှာပါ လွှမ်းပိုင် (in my)။ Popular Journal
  12. သီချင်း 18ပုဒ်နဲ့အတူပွဲထွက်လာတဲ့လွှမ်းပိုင်ရဲ့ဂီတဗေဒ (in my)။ Popular Journal
  13. G.T.B.D by Hlwan Paing (in en)။ Yangon Life (29 June 2017)။ 9 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  14. မော်ကွန်းတင်ပြီးမိတ္တူ။ 2 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2019 တွင် ပြန်စစ်ပြီး။
  15. https://m.facebook.com/story.php?story_fbid=2340777449320894&id=555364414528882
  16. 20th anniversary of Ve Ve (in en)။ Yangon Life (6 March 2017)။ 9 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  17. လွှမ်းပိုင် နှင့် Vivo Y55 မိတ်ဆက်ပွဲ - Hlwan Paing & Vivo Y55 Promotion (in my)။ Hlwan Paing။ 17 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  18. City FM 13th Annual Music Awards။ Yangon Life (20 October 2014)။ 1 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  19. City FM 13th Annual Music Awards။ Yangon Life (11 January 2015)။ 17 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  20. YCDC celebrates 16th anniversary of City FM (in en)။ The Global New Light of Myanmar (16 January 2018)။
  21. Remake of the movie "Kywae" (in en)။ Yangon Life (11 July 2016)။ 16 September 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  22. ရိုက်ကူးနေတာ ၁၀ရက် ရှိပြီ ဖြစ်တဲ့ "ကိုယ်စောင့်နတ်" ရုပ်ရှင်ဇာတ်ကားကြီး (in my)။ Popular Journal။ 17 September 2017 တွင် ပြန်စစ်ပြီး။
  23. လတ်တလောမှာ ဂျာကင်ဟောင်းလေး ဆိုတဲ့ကားကိုအဆိုတော်လွှမ်းပိုင်နဲ့အတူပါဝင်သရုပ်ဆောင်နေပါတယ် (in my)။ Shwe Chitthu။ 16 September 2017 တွင် ပြန်စစ်ပြီး။
  24. ထိုင်းမင်းသမီး နဲ့ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမယ့် လွှမ်းပိုင် (in my)။ KMT News။ 17 September 2017 တွင် ပြန်စစ်ပြီး။
  25. ချစ်သူသက်တမ်း (၈) နှစ်ပြည့်သွားတဲ့ Hlwan Paing နဲ့ Bobby Soxer (in my)။ Shwe Mom (19 May 2017)။ 17 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင်ခ့်များ[ပြင်ဆင်ရန်]