ဂရေဟမ်

ဝီကီပီးဒီးယား မှ
ဂရေဟမ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားတောင်ကြီးမြို့ရှမ်းပြည်နယ်
ဂီတဟန်Pop, R&B, Blues
အလုပ်အကိုင်အဆိုတော်
တူရိယာဂစ်တာဒရမ်စန္ဒယား
တက်ကြွသည့်နှစ်များ၁၉၉၆ - လက်ရှိ

ဂရေဟမ်သည် မြန်မာ အမျိုးသား အဆိုတော်တစ်ယောက် ဖြစ်သည်။

ဂရေဟမ်အား တောင်ကြီးမြို့တွင် မွေးဖွားပြီး ဆယ်တန်းအောင်သည်အထိ တောင်ကြီးမြို့တွင် နေထိုင်ခဲ့သည်။ သူသည် အသက်(၁၂)နှစ်သားအရွယ်ခန့်က ဒရမ် စတင်တီးခတ်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဥပဒေပညာရပ်အထူးပြု၍ တက္ကသိုလ်တက်ရောက်ခဲ့ရင်း ဂီတဘက်ကိုလည်း professional လုပ်ကိုင်ဖြစ်ခဲ့သည်။ သူ့တွင် မြန်မာအမည်ရှိသည်။ ဂရေဟမ်ဆိုသည့်အမည်မှာ သီချင်းခွေ လုပ်မှ ပေးဖြစ်သည့် အမည်ဖြစ်သည်။ ခင်မင်သူများက သူ့အား "ပူစူး" ဟု ခေါ်ကြသည်။ သူ့တွင် ဇနီး မသဉ္ဇာဦးနှင့် ပန်းရောင်ခြယ် နှင့် ပန်းသွေးခြယ် အမည်ရှိ သမီးနှစ်ယောက် ရှိသည်။

ရန်ကုန်ရောက်ပြီးနောက် အစပိုင်းတွင် ပင်ဂွင်းစားသောက်ဆိုင်တွင် ဒရမ်တီးခဲ့သည်။ မိတ်ဆွေများဖြစ်လာသော ကိုမြတ်စိုး၊ ကိုမြတ်လင်းတို့မှ တစ်ဆင့် ပရိုဂျူဆာ ကိုဝင်းဆွေနှင့် ဆုံတွေ့ခဲ့သည်။ သူ၏ ပထမဦးဆုံး သီချင်းခွေမှာ အလင်းတံခါး ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ထွက်ခဲ့သည်။ ထိုသီချင်းခွေကို တစ်နှစ်ခန့် အချိန်ယူပြင်ဆင်ခဲ့ပြီး သူငယ်ချင်းများစုစည်းတီးခတ်ကာ သူကိုယ်တိုင်လည်း ဒရမ်မာတစ်ယောက်အနေဖြင့် ပါဝင်ခဲ့သည်။

ဒုတိယ သီချင်းခွေမှာ ဂန္ထဝင်အချစ်နေ့ ဖြစ်ပြီး ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထွက်ရှိခဲ့သည်။ အမျိုးသမီးအဆိုတော် လေးလေးဝါး ပါဝင်ကူညီ သီဆိုခဲ့သည်။ ထိုအခွေတွင်လည်း သူကိုယ်တိုင် ဒရမ်တီးခတ်ခဲ့သည်။ ၁၉၉၉ တွင် ထွက်ရှိသည့် တတိယသီချင်းခွေမှာ အဆိုတော် ကိုလေးဖြူ စီစဉ်သည့် ရက်မြတ်မင်္ဂလာ အခွေဖြစ်သည်။ ဆလိုင်းဂျွန်သင်ဇမ်းနှင့် ဆလိုင်းသွအောင်တို့၏ သီချင်းများ ဖြစ်သည်။ စတုတ္ထအခွေမှာ ချစ်သူဒိုင်ယာရီ အမည်ရှိ စုံတွဲတေးသီချင်းများ ဖြစ်ပြီး ချစ်သူများနေ့ အမှတ်တရအခွေတစ်ခုပင် ဖြစ်သည်။ ပဉ္စမအခွေ လက်ဆောင် ကို ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဆဋ္ဌမအခွေ ဝိညာဉ်တစ်ခုရဲ့ ဆန္ဒ အခွေက ၂၀၀၂ ခုနှစ်တွင် ထွက်ရှိခဲ့သည်။

သူသည် ကြော်ငြာသီချင်းများလည်း များစွာသီဆိုခဲ့သည်။ အစပိုင်းတွင် မဇ္ဈိမလှိုင်း ကိုဇော်မျိုးထွဋ်၊ ဒါရိုက်တာမီးပွား၊ ဒါရိုက်တာ ဇာဂနာတို့၏ ကြော်ငြာများအတွက် သီဆိုရင်း ကြော်ငြာသီချင်းများ ပေါက်သည့်အတွက် ဆက်တိုက်သီဆိုခဲ့ခြင်းဖြစ်သည်။

ဂရေဟမ်သည် Pop နှင့် Rock သီချင်းများကို အဆိုများသည်။ ၂၀၀၂ ခုနှစ် သင်္ကြန်တွင် နှစ်သစ်မင်္ဂလာ အမည်ရှိ သင်္ကြန်သီချင်း ပြန်ဆိုတေး အခွေကို ခင်စံပယ်ဦး တေးထုတ်လုပ်ရေးနှင့်အတူ စီစဉ်ခဲ့သည်။ ထိုအခွေတွင် သူနှင့်အတူ စည်သူလွင်နှင့် ရင်ဂိုတို့ တွဲဖက်သီဆိုခဲ့ကြသည်။

၂၀၀၆ ခုနှစ်တွင် ဗွီဒီယိုသရုပ်ဆောင်အဖြစ် စတင်လက်ခံရိုက်ကူးခဲ့သည်။ ပထမဦးဆုံး ရိုက်ကူးသည့် ဇာတ်ကားတွင် မင်းသမီး ခိုင်သင်းကြည်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]