နျူထရီနို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
နျူထရီနို /ဆန့်ကျင်နျူထရီနို
FirstNeutrinoEventAnnotated.jpg
၁၉၇၀ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဟိုက်ဒရိုဂျင် ပူပေါင်းအခန်းကို ပထမဆုံးအကြိမ်အသုံးပြုပြီး နျူထရီနိုကို ထောက်လှမ်းရှာဖွေခဲ့စဉ်။ နျူထရီနိုတစ်ခုသည် ဟိုက်ဒရိုဂျင်အက်တမ်တစ်ခု၏ ပရိုတွန်တစ်လုံးကို ထိမှန်သည်။ ပုံ၏ ညာဘက်ရှိ လမ်းကြောင်းသုံးခု စတင်ရာအမှတ်တွင် ထိမှန်မှု ဖြစ်ပွားသည်။
ပါဝင်မှု အခြေခံအမှုန်များ
မျိုးဆက် ပထမ၊ ဒုတိယနှင့် တတိယ
အတွင်းစည်း နျူကလီးယားအားပျော့နှင့် ဒြပ်ဆွဲအား
အမျိုးအစား အီလက်ထရွန်နျူထရီနို၊ မျူယွန်နျူထရီနိုနှင့် တောနျူထရီနို

နျူထရီနို ဆိုသည်မှာ လျှပ်စစ်ဓာတ်မဲ့သော အခြေခံအမှုန်တစ်မျိုးဖြစ်သည်။[၁] နျူထရီနို ဆိုသည်မှာ အီတလီဘာသာစကားဖြင့် ဓာတ်မဲ့သော သေးငယ်သည့်အရာဟု အဓိပ္ပါယ်ရသည်။ ၎င်းကို ဂရိအက္ခရာ ν ဖြင့် အမှတ်အသားပြုသည်။ နျူထရီနို၏ ဒြပ်ထုမှာ အခြားသော အက်တမ်အောက်အမှုန်များဖြင့်နှိုင်းယှဉ်ပါက များစွာသေးငယ်သည်။ ၎င်းတို့သည် ဒြပ်မှောင် ဖြစ်နိုင်ချေရှိသည်ဟု သိရှိထားသော တစ်ခုတည်းသော အရာဖြစ်သည်။[၂]

နျူထရီနို(Neutrino)သည် လျှပ်စစ်ဓာတ်ရှိသော အီလက်ထရွန်မျူယွန် နှင့် တော အမှုန်များနည်းတူပင် လက်ပတွန်(lepton) အမှုန် ဖြစ်သည်။ နျူထရီနိုတွင် ရနံ့ သုံးမျိုးရှိသည်။ ၎င်းတို့မှာ အီလက်ထရွန်နျူထရီနို၊ မျူယွန်နျူထရီနိုနှင့် တောနျူထရီနိုတို့ ဖြစ်ကြသည်။ ၎င်းရနံသုံးမျိုးစီတွင် လျှပ်စစ်ဓာတ်မဲ့ပြီး ကိန်းပြည့်ဝက်စပင်(half-integer spin) ရှိသော ဆန့်ကျင်အမှုန်များရှိကြသည်။ နျူထရီနိုများကို ထုတ်လွှတ်ရာတွင် လက်ပတွန်နံပါတ်ကို ထိန်းသိမ်းစေသည့် နည်းလမ်းဖြင့် ထုတ်လွှတ်ကြသည်။ ဥပမာ အီလက်ထရွန်နျူထရီနိုတစ်ခုကို ထုတ်လွှတ်တိုင်း ပိုစီထရွန် (ဆန့်ကျင်-အီလက်ထရွန်) တစ်ခုကိုလည်းထုတ်လွှတ်သည်။

နျူထရီနိုများတွင် လျှပ်စစ်ဓာတ် လုံးဝမရှိသောကြောင့် ၎င်းတို့ကို လျှပ်စစ်သံလိုက်အား(electromagnetic force) သက်ရောက်မှုမရှိသည့်အပြင် လပ်ပတွန်များဖြစ်သောကြောင့် ၎င်းတို့အပေါ်တွင် နျူကလီးယားအားပြင်း( nuclear strong force)သက်ရောက်မှု မရှိပါ။ ထို့ကြောင့် ၎င်းတို့အပေါ်တွင် နျူကလီးယားအားပျော့( nuclear weak force)နှင့် ဒြပ်ဆွဲအား(gravity)သာ သက်ရောက်မှု ရှိသည်။ နျူကလီးယားအားပျော့သည် သက်ရောက်နိုင်သည့် အကွာအဝေး အလွန်တိုတောင်းပြီး ဒြပ်ဆွဲအားသည် အက်တမ်အောက် အတိုင်းအတာတွင် အလွန်အားပျော့သည်။ ထို့ကြောင့် နျူထရီနိုများသည် ပုံမှန်အားဖြင့် သာမန်ဒြပ်ဝတ္တုများအား ထိခိုက် သက်ရောက်မှုမရှိဘဲ ဖြတ်သန်းသွားနိုင်သည်။

နျူထရီနိုများသည် နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်ကြသည်။ အချို့သော ရေဒီယိုသတ္တိကြွပြိုကွဲမှုများ၊ နေ၏ အလည်ဗဟိုတွင် ဖြစ်ပေါ်နေသည့် နျူကလီးယားတုံ့ပြန်မှု(nuclear reaction)များ၊ နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် စူပါနိုဗာပေါက်ကွဲမှု ဖြစ်စဉ်များတွင် နျူထရီနိုများကို ထုတ်လွှတ်ကြသည်။ ကမ္ဘာ့ပတ်ဝန်းကျင်တွင် ရှိသော နျူထရီနိုအများစုမှာ နေ၏ နျူကလီးယားတုံ့ပြန်မှု ဖြစ်စဉ်မှ ထွက်ပေါ်လာသော နျူထရီနိုများ ဖြစ်ကြသည်။ တကယ်တမ်းတွင် နေကိုမျက်နှာမူနေသော ကမ္ဘာ့မျက်နှာပြင်၏ တစ်စတုရန်းစင်တီမီတာတိုင်း၌ တစ်စက္ကန့်လျှင် နျူထရီနိုပေါင်း ၆၅ ဘီလီယံ ဖြတ်သန်းနေကြသည်။[၃] နျူထရီနိုများသည် ရွေ့လျားသွားလာနေကြစဉ်အတွင်း မတူညီသော ရနံ့များအဖြစ် ပုံမှန်ချိန်ကိုက်ပြောင်းလဲနေကြသည်။ ဥပမာ ဘီတာပြိုကွဲမှု ဖြစ်စဉ်မှ ထွက်ပေါ်လာသော အီလက်ထရွန်နျူထရီနိုသည် ထောက်လှမ်းကိရိယာသို့ ရောက်ရှိသည့်အခါတွင် မျူယွန်နျူထရီနို သို့မဟုတ် တောနျူထရီနို ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပေါ်လီ၏ အဆိုပြုချက်[ပြင်ဆင်ရန်]

ဘီတာပြိုကွဲမှုဖြစ်စဉ်တွင် စွမ်းအင်အဟုန်နှင့် ထောင့်ပြောင်းအဟုန်များကို မည်သို့ ထိန်းသိမ်းနိုင်ကြောင်း ရှင်းလင်းတင်ပြရန်အတွက် နျူထရီနို အယူအဆကို ဝုဖ်ဂန်း ပေါ်လီက ၁၉၃၀ ခုနှစ်တွင် စတင်အဆိုပြုခဲ့သည်။ ဘီတာပြိုကွဲမှု ဖြစ်စဉ်တွင် အက်တမ်၏ နျူကလိယမှနေ၍ ဘီတာအမှုန် သို့မဟုတ် အီလက်ထရွန်နှင့်အတူ အမှုန်အသစ်တစ်မျိုးပါ ထုတ်လွှတ်သည်ဟု ပေါ်လီက ယူဆခဲ့ပြီး ပထမတွင်၎င်းအမှုန်ကို နျူထရွန်ဟု အဆိုပြုခဲ့သည်။

၁၉၃၂ တွင် ဂျိမ်းချက်ဝစ်က ပိုမိုလေးလံသည့် နျူကလိယအမှုန်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းကို နျူထရွန်ဟုပင် အမည်ပေးခဲ့သောကြောင့် အမှုန်နှစ်မျိုးအတွက် အမည် တစ်ခုတည်း ဖြစ်နေခဲ့သည်။ ၁၉၃၂ ဂျူလိုင်လတွင် ပါရီမြို့တွင် ကျင်းပခဲ့သော ကွန်းဖရန် တစ်ခုတွင်မှ အန်ရီကိုဖာမီ က နျူထရီနိုဟုသော အမည်ကို စတင် အသုံးပြုခဲ့သည်။ ၁၉၂၂ ခုနှစ်တွင်း ကွန်းဖရန့်တစ်ခု၌ ပေါ်လီသည်လည်း ထိုအမည်သစ်ကို အသုံးပြုခဲ့သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. NeutrinoGlossary for the Research Perspectives of the Max Planck Society။ Max Planck Gesellschaft။ 2012-03-27 တွင် ပြန်စစ်ပြီး။
  2. "Sterile neutrinos as dark matter" (1994) 72. 
  3. "New Solar Opacities, Abundances, Helioseismology, and Neutrino Fluxes" (2005). The Astrophysical Journal 621 (1): L85–8. doi:10.1086/428929. Bibcode2005ApJ...621L..85B.