နော်ခမ်း

ဝီကီပီးဒီးယား မှ
စိုင်းနော်ခမ်း
မွေးဖွားစိုင်းနော်ခမ်း
(1969-11-08)၈ နိုဝင်ဘာ၊ ၁၉၆၉
လားရှိုးမြို့ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ
ကွယ်လွန်၁ မတ်၊ ၂၀၁၃(2013-03-01) (အသက် ၄၃)
ကူမင်းမြို့ယူနန်ပြည်နယ်တရုတ်နိုင်ငံ
လူမျိုးရှမ်း
အလုပ်အကိုင်မူးယစ်ရာဇာ
အဖွဲ့အစည်းHawngleuk Militia
ရာဇဝတ်မှုလူသတ်မှု
ရာဇဝတ်ပြစ်ဒဏ်ဆေးထိုးခြင်းဖြင့် သေဒဏ်
မိဘ(များ)Khun Zeun, Nang Mya Oo

စိုင်းနော်ခမ်း (ရှမ်း: ၼေႃႇၶမ်း, တရုတ်: 糯康; ပင်ယင်: Nuò Kāng; ၁၉၆၉ - ၂၀၁၃)သည် တရုတ်လာအိုမြန်မာထိုင်းကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်း စီးဆင်းနေသော မဲခေါင်မြစ်ကြောင်း တလျှောက် လှုပ်ရှားသည့် အကြီးဆုံး မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ရွှေတြိဂံဒေသ အတွင်းလှုပ်ရှားနေသော မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းသည် ဘိန်းဘုရင် ခွန်ဆာ၏ MTA ခေါ် မော်ထိုင်း တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ကာ ၁၉၉၆ ခုနှစ်၌ ဘိန်းဘုရင်ခွန်ဆာ လက်နက်ချပြီးနောက် တာချီလိတ်မြို့နယ်၊ ဟောင်လိတ် ပြည်သူ့စစ် ခေါင်းဆောင် တစ်ယောက် ဖြစ်လာသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ လှုပ်ရှားနေသည့် မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို လာအိုအာဏာပိုင်များက ၂၀၁၃ ဧပြီလအတွင်း ရွှေတြိဂံဒေသ၌ပင် ဖမ်းမိပြီးနောက် တရုတ်အာဏာပိုင်လက်ထဲ လွှဲပြောင်းလိုက်သည်။ ဧပြီလအတွင်း သူ့ကိုမဖမ်းဆီးမိမီ ရက်ပိုင်းအလိုတွင် ထိုင်းအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့က သူ့ကို ဖမ်းဆီးနိုင်ပါက ဆုငွေ ထိုင်းဘတ် ၂ သန်း ပေးမည်ဟု ကြေညာခဲ့သကဲ့သို့ တရုတ်နိုင်ငံကလည်း နော်ခမ်းကို ဖမ်းဆီး သုတ်သင် နိုင်ဖို့ အတွက် မောင်းသူမပါအဝေးထိန်း ဒုံးယာဉ်သုံးပြီး မြန်မာနိုင်ငံ နယ်မြေထဲထိ တိုက်ခိုက် နှိမ်နင်းရန် စဉ်းစားခဲ့သည် ဆိုသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်သည်ဟု ယူဆပြီး ကူမင် တရားရုံးတွင် နော်ခမ်းနှင့်တကွ အပေါင်းအပါဖြစ်သော ထိုင်းနိုင်ငံမှ Hsang Kham၊ နိုင်ငံမဲ့တဦးဖြစ်သော Yi Lai နှင့် လာအိုနိုင်ငံမှ Zha Xika တို့ကို ရုံးတင်စစ်ဆေးမှု ပြုခဲ့သည်။၂၀၁၁ ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုဖြင့် တရုတ်အာဏာပိုင်များ ဖမ်းဆီးထားသော ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းပါ သုံးယောက်၏ အယူခံကို တရုတ်နိုင်ငံ ကူမင်တရားရုံးက ပလပ်ခဲ့ပြီးနောက် သူတို့ကို သေဒဏ်စီရင်ရန် အမိန့်ချမှတ်ခဲ့သည်။ သူတို့လေးဦးကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ပြည်သူ့တရားရုံး ဖြစ်သော ကူမင်ပြည်သူ့တရားရုံးက ဆေးထိုးပြီး အဆုံးစီရင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တရုတ် အစိုးရက မူးယစ်ရာဇာ နော်ခမ်း ကို သေဒဏ် စီရင်မည် - Lwintmgmg Daily News။ 2 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2017 တွင် ပြန်စစ်ပြီး။