နန်စီ ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်

ဝီကီပီးဒီးယား မှ
နန်စီ ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ (ဝဲ) နှင့် ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ် (ယာ) တို့ ထိုင်ဝမ်သမ္မတရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြစဉ်
နေ့ရက်ဩဂုတ် ၂–၃, ၂၀၂၂ (၂၀၂၂-၀၈-၀၂ – ၂၀၂၂-၀၈-၀၃)
တည်နေရာ ထိုင်ပေထိုင်ဝမ်
ပါဝင်သူများအမေရိကန်ပြည်ထောင်စု အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှ ကိုယ်စားလှယ်များ
တရုတ်သမ္မတနိုင်ငံ တရုတ်သမ္မတနိုင်ငံမှ ကြိုဆိုသူများ

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီသည် ထိုင်ဝမ် ခေါ် တရုတ်သမ္မတနိုင်ငံသို့ အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စင်ကာပူမလေးရှားတောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ လည်ပတ်၍အပြီးတွင် ရောက်ရှိလာခဲ့သည်။[၁] အမေရိကန်အိမ်ဖြူတော်သည် ထိုခရီးစဉ်ကိုတရားဝင်ထောက်ပံ့ခြင်းမရှိဟုဆိုခဲ့သည်။[၂][၃][၄] သူမရောက်ရှိပြီး မကြာမီတွင် ပလိုစီသည် သူမ၏ခရီးစဉ်သည် "ထိုင်ဝမ်၏ဒီမိုကရေစီကို ထောက်ခံသည့် အမေရိကန်ပြည်ထောင်စု၏ မယိမ်းမယိုင်သော ကတိကဝတ်များ၏ လက္ခဏာဖြစ်ကြောင်း" ပြောကြားခဲ့သည်။ သူမသည် ဥပဒေပြုရေးယွမ်သို့ သွားရောက်ခဲ့ပြီး နောက်နေ့တွင် သမ္မတချိုင်အင်းဝမ်နှင့် တွေ့ဆုံခဲ့သည်။[၅] ထိုင်ဝမ်ပြည်သူများသည် သူမကိုယူကရိန်းအလံ၏ အရောင်များဖြစ်ကြသော အဝါနှင့်အပြာရောင်တို့ကို ဝတ်ဆင်၍ကြိုဆိုခဲ့ကြသည်။[၆]

ပလိုစီ ထွက်ခွာပြီးနောက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်ကိုဝန်းရံထား၍ စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ပြီး ဩဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်။[၇]

နောက်ခံ[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက်နေ့ မနက်ချိန်အထိ နန်စီ ပလိုစီသည် ထိုင်ဝမ်သို့ အလည်လာမည်၊ မလာမည်ကို သေ‌သေချာချာ မသိရဖြစ်နေခဲ့သည်။[၈][၉][၁၀] အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ် ဂျွန် ကာဘီ (John Kirby) သည် ဩဂုတ်လ ၁ ရက်နေ့၌ အ‌‌မေရိကန်နိုင်ငံ‌ရေးသမားက ထိုင်ဝမ်သို့အလည်လာခြင်းကို ဆန့်ကျင်လိုသောအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထိုင်ဝမ်အနားသို့ ဒုံးကျည်များပစ်ခတ်ခြင်း သို့မဟုတ် စစ်ရေးလေ့ကျင့်မှုများပြုလုပ်လာနိုင်ကြောင်း၊ ထိုသို့အကြမ်းအတမ်းလုပ်ရပ်များကို လုပ်ပါကလည်း အမေရိကန်အနေဖြင့် ရပ်ကြည့်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။[၁၁]

ခရီးစဉ်[ပြင်ဆင်ရန်]

နန်စီ ပလိုစီသည် သမ္မတချိုင်အင်းဝမ်မှ ပေးအပ်သော Order of Propitious Clouds ဆုတံဆိပ်ကိုရရှိခဲ့

လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားမှုများရှိသော်လည်း[၁၂]ပလိုစီသည် ဩဂုတ် ၂ ရက် ညနေ ၁၀ နာရီ ၄၃ မိနစ်တွင် ထိုင်ပေမြို့သို့ စစ်လေယာဉ်ဖြင့်ရောက်ရှိလာပြီး တရုတ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူမှကြိုဆိုခဲ့သည်။[၅] သူမရောက်ရှိချိန်တွင် အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီနှင့် အတိုက်အခံကိုမင်တန်ပါတီ နှစ်ဖက်စလုံးက ထိုခရီးစဉ်ကိုထောက်ခံခဲ့ကြသည်။[၁၃] ဩဂုတ်လ ၃ ရက်နေ့တွင် သမ္မတချိုင်အင်းဝမ်နှင့်တွေ့ဆုံခဲ့ပြီး သမ္မတရုံးအဆောက်အအုံတွင် သမ္မတချိုင်သည် "First Class Order of Propitious Clouds" ဂုဏ်ပြုဆုတံဆိပ်ကို သူမအားချီးမြှင့်ခဲ့သည်။[၁၄] ပလိုစီသည် ဥပဒေပြုရေးယွမ်အား မိန့်ခွန်းပြောကြားခဲ့သည်။[၁၅]

ထိုခရီးစဉ်နှင့်ပက်သက်သည့် သတင်းထုတ်ပြန်ချက်ထဲတွင် သူမသည် "ထိုခရီးစဉ်သည် အမေရိကန်၏မူဝါဒကို မည်သို့သောနည်းနှင့်မျှ မဆန့်ကျင်ခဲ့ကြောင်း၊ ရှိရင်းစွဲအခြေအနေများကို မပြောင်းလဲလိုကြောင်း" ဆိုခဲ့သည်။[၁၆] အမျိုးသားလုံခြုံရေးကောင်စီရှိ မဟာဗျူဟာမြောက် ဆက်သွယ်ရေးအတွက် အိမ်ဖြူတော်ညှိနှိုင်းရေးမှူး ဂျွန် ကာဘီ သည်လည်း ထိုခရီစဉ်ကာလအတွင်းပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် "သူမ၏ခရီးစဉ်သည် ထိုင်ဝမ်ပြည်ဆက်ဆံရေးအက်ဥပဒေ၊ အမေရိကန်–တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပူးတွဲကြေညာချက်သုံးရပ်နှင့် အာမခံချက်ခြောက်ချက်တို့ဖြင့် ဖွဲ့စည်းထားသောမိမိတို့၏ တရုတ်တစ်ပြည်ပေါ်လစီ၏မူဘောင်အတွင်း၌ရှိကြောင်း" ပြောကြားခဲ့သည်။[၁၇]

ပလိုစီသည် ဩဂုတ် ၃ ရက် ညနေ ၆ နာရီတွင် ထိုင်ဝမ်မှ ထွက်ခွာခဲ့သည်။[၁၈]

ပလိုစီ၏ ကိုယ်စားလှယ်အဖွဲ့[ပြင်ဆင်ရန်]

နန်စီ ပလိုစီ ထိုင်ပေ ဆောင်ရှန်းလေဆိပ်သို့ ရောက်ရှိစဉ်

ဥက္ကဋ္ဌပလိုစီ၏ ကိုယ်စားလှယ်အဖွဲ့တွင် အောက်ဖော်ပြပါ အမေရိကန် အောက်လွှတ်တော် အဖွဲ့ဝင်များပါဝင်သည်။[၁၉]

  • ဂရီဂေါ်ရီ မီးခ်စ် (Gregory Meeks) (ဒီမိုကရက်-နျူးယောက်)
  • ရာဂျာ ကရစ်ရှနာမောသီ (Raja Krishnamoorthi) (ဒီမိုကရက်-အီလီနွိုင်း)
  • ဆူဇန်း ဒယ်လ်ဘင်း (Suzan DelBene) (ဒီမိုကရက်-ဝါရှင်တန်)
  • အင်ဒီ ကင်မ် (Andy Kim) (ဒီမိုကရက်-နျူးဂျာစီ)
  • မာ့ခ် တာကာနို (Mark Takano) (ဒီမိုကရက်-ကယ်လီဖိုးနီးယား)

တုံ့ပြန်မှု[ပြင်ဆင်ရန်]

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) သည် ထိုင်ဝမ်အစိုးရအုပ်ချုပ်ရာဒေသများကို မိမိပိုင်နယ်ဟုမှတ်ယူသောကြောင့် အမေရိကန်အစိုးရ၏ ရာထူးကြီးအမှုထမ်းမှ ထိုင်ဝမ်သို့အလည်ရောက်လာခြင်းသည် မိမိနိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဖြစ်ကြောင်း ထိုခရီးစဉ်အပေါ်အဆက်မပြတ်ဝေဖန်ခဲ့သည်။ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် နှင့် ပီအာစီခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ တယ်လီဖုန်းခေါ်ဆိုကြရာတွင် ဘိုင်ဒင်အနေဖြင့် ပလိုစီကို တရုတ်သမ္မတနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပြုပါက အမေရိကန်သည် "မီးနှင့်ကစားရာရောက်သည်" ဟု ပီအာစီအစိုးရက သတိပေးခဲ့သည်။[၂၀][၂၁] ဩဂုတ် ၂ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်က ထိုသို့ထိုင်ဝမ်သို့အလည်လာခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ–အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်းပြောကြားခဲ့သည်။[၂၂]

ထိုနေ့၌ပင် တရုတ်သမ္မတနိုင်ငံ၏ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်မှ စစ်လေယာဉ် ၂၁ စင်းသည် ထိုင်ဝမ်၏လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[၂၃]

Map
စစ်ရေးလေ့ကျင့်မှုများနှင့် လေ့ကျင့်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန်နေရာများ

ထိုင်ပေတွင် ပလိုစီ၏ဆင်းသက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ဩဂုတ်လ ၂ ရက်‌နေ့ ညအချိန်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ဘက်စစ်တလင်းဌာနချုပ်သည် ထိုင်ဝမ်ကျွန်း၏ မြောက်၊ အနောက်တောင်နှင့် အရှေ့တောင်ဘက်ဒေသများတွင် ပူးတွဲရေတပ်နှင့်လေတပ် စစ်ရေးလေ့ကျင့်ခန်းများကိုစတင်ခဲ့ရာ ထိုင်ဝမ်ရေလက်ကြားအတွင်းသို့ ဒုံးကျည်အမျိုးမျိုးတို့ကို စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်။[၂၄]ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်ကိုဝန်းရံထားသည့် ဒေသများတွင် ဩဂုတ် ၄ ရက်မှ ဩဂုတ် ၇ ရက်အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟုကြေညာခဲ့သည်။[၇][၂၅]တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပေကျင်းရှိ အမေရိကန်သံအမတ်ကြီး နီကိုလက်စ် ဘန်းစ် (Nicolas Burns) ကို သမ္မန်ဆင့်ခေါ်ပြီး ထိုခရီးစဉ်နှင့်ပက်သက်၍ ပြစ်တင်ပြောဆိုခဲ့သည်။[၂၆]

ဩဂုတ် ၅ တွင် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ပလိုစီနှင့် သူမ၏မိသားစုကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။[၂၇][၂၈][၂၉]

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ခ်ျ မက်ကောနယ်အပါအဝင် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၂၆ ဦးတို့သည်လည်း ပလိုစီ၏ခရီးစဉ်ကို "အမေရိကန်ပြည်ထောင်စု၏ တရုတ်တစ်ပြည်ထောင်မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း" မကြုံစဖူးထောက်ခံခဲ့ကြသည်။[၃၀]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "Live Updates: Pelosi Arrives in Taiwan, Setting Up High-Stakes Standoff With China" (in en-US)၊ The New York Times၊ 2022-08-02။ 
  2. "Китай-Тайвань: на тлі можливого візиту Пелосі зростає напруження" (in uk)၊ BBC News Україна 
  3. Ненсі Пелосі летить на Тайвань: що потрібно знати про кризу між США і Китаєм (in uk)။ 2022-08-01 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-02 တွင် ပြန်စစ်ပြီး။
  4. Why is Pelosi's expected trip to Taiwan fueling tensions?။ 2022-08-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-02 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ "US speaker makes late-night landing"၊ Taipei Times၊ 3 August 2022။ 
  6. Тайвань вистрелив по винищувачах Китаю, а Пелосі зустрічають у синьо-жовтих масках (in uk)။ 2022-08-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-02 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ Reuters။ "China to launch 'targeted military operations' due to Pelosi visit" (in en)၊ Reuters၊ 2022-08-02။ 
  8. 'If she dares': China warns Nancy Pelosi against visiting Taiwan (in en)။ Al Jazeera (August 1, 2022)။ 2022-08-01 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-02 တွင် ပြန်စစ်ပြီး။
  9. Літак Ненсі Пелосі рухається в бік Тайваню (in uk) (2022-08-02)။ 2022-08-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-02 တွင် ပြန်စစ်ပြီး။
  10. Pelosi expected to visit Taiwan, Taiwanese and US officials say။ CNN (August 2, 2022)။ 2022-08-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-02 တွင် ပြန်စစ်ပြီး။
  11. Pelosi set to visit Taiwan despite China warnings, sources sayReuters (2022-08-01)။ August 2, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-02 တွင် ပြန်စစ်ပြီး။
  12. Dawson၊ Bethany။ In a banned tweet, a top state-media commentator reportedly said China could 'forcibly dispel Pelosi's plane' and shoot it down if it flies to Taiwan (in en-US)။ August 3, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-04 တွင် ပြန်စစ်ပြီး။
  13. "Pelosi in Taiwan: Legislators from all major parties welcome Pelosi"၊ Taipei Times၊ 3 August 2022။ 
  14. "Beijing can’t stand in way of more US visits to Taiwan, Pelosi says"၊ South China Morning Post၊ 3 August 2022။ 
  15. "Pelosi hails Taiwan's free society as China holds military drills, vents anger"၊ Reuters၊ 3 August 2022။ 
  16. Pelosi, Congressional Delegation Statement on Visit to Taiwan Archived 3 August 2022 at the Wayback Machine. (၂ ဩဂုတ် ၂၀၂၂)
  17. Press Briefing by Press Secretary Karine Jean-Pierre and NSC Coordinator for Strategic Communications John Kirby, August 2, 2022
  18. "Pelosi departs Taiwan as furious China holds military drills"၊ CNBC၊ 3 August 2022။ 
  19. Huizhong Wu။ "Pelosi says US will not abandon Taiwan as China protests"၊ August 3, 2022။ 
  20. Pettypiece၊ Shannon (2022-07-28)။ Biden, Xi speak amid rising tensions, possible Pelosi trip to Taiwan (in en)။ NBC News။ 2022-08-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-07-28 တွင် ပြန်စစ်ပြီး။
  21. Desheng၊ Cao။ "Pelosi's Taiwan visit strongly condemned"၊ 2022-08-03။ 
  22. "China says Pelosi Taiwan visit would undermine U.S.-China ties" (in en)၊ Reuters၊ 2022-08-01။ 
  23. Shull၊ Abbie။ 21 Chinese warplanes, including more than a dozen fighter aircraft, flew through Taiwan's air defense zone on the day of Pelosi's visit (in en-US)။ 2022-08-03 တွင် ပြန်စစ်ပြီး။
  24. China vows military operations around Taiwan in response to Pelosi visit (in en) (2022-08-03)။ 2022-08-02 တွင် ပြန်စစ်ပြီး။
  25. Nancy Pelosi Arrives in Taiwan Despite Threats From China။ Bloomberg (2022-08-02)။ 2022-08-02 တွင် ပြန်စစ်ပြီး။
  26. US House Speaker Nancy Pelosi addresses Taiwan's parliament as China summons US ambassador။ 3 August 2022 တွင် ပြန်စစ်ပြီး။
  27. China sanctions Pelosi over 'provocative' visit to Taiwan (in en) (2022-08-05)။ 5 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-05 တွင် ပြန်စစ်ပြီး။
  28. Foreign Ministry Spokesperson Announces China’s Sanctions on US House Speaker Nancy Pelosi (in en) (2022-08-05)။ 2022-08-05 တွင် ပြန်စစ်ပြီး။
  29. China sanctions Pelosi, sends 100 warplanes to Taiwan drills (in en) (2022-08-05)။ 2022-08-05 တွင် ပြန်စစ်ပြီး။
  30. Schonfeld၊ Zach။ "McConnell, 25 GOP senators back Pelosi Taiwan trip"၊ The Hill၊ August 2, 2022။