နန်စီ ပလိုစီ
နန်စီ ပလိုစီ | |
---|---|
![]() | |
၅၂ ဆက်မြောက် အမေရိကန် အောက်လွှတ်တော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် January 3, 2019 | |
ယခင်လူ | ပေါ ရိုင်ယန် |
တာဝန်သက်တမ်း January 4, 2007 – January 3, 2011 | |
ယခင်လူ | Dennis Hastert |
ဆက်ခံသူ | John Boehner |
လူနည်းစု ခေါင်းဆောင် | |
တာဝန်သက်တမ်း January 3, 2011 – January 3, 2019 | |
လက်ထောက် | Steny Hoyer |
ယခင်လူ | John Boehner |
ဆက်ခံသူ | Kevin McCarthy |
တာဝန်သက်တမ်း January 3, 2003 – January 3, 2007 | |
လက်ထောက် | Steny Hoyer |
ယခင်လူ | Dick Gephardt |
ဆက်ခံသူ | John Boehner |
အောက်လွှတ်တော် ဒီမိုကရစ်တစ်အုပ်စု ခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် January 3, 2003 | |
ယခင်လူ | Dick Gephardt |
လူနည်းစု စောင့်ကြည့်ရေး ခေါင်းဆောင် | |
တာဝန်သက်တမ်း January 15, 2002 – January 3, 2003 | |
ခေါင်းဆောင် | Dick Gephardt |
ယခင်လူ | David Bonior |
ဆက်ခံသူ | Steny Hoyer |
ကာလီဖိုးနီးယားမှ အောက်လွှတ်တော်အမတ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် June 2, 1987 | |
ယခင်လူ | Sala Burton |
မဲဆန္ဒနယ် | 5th district (1987–1993) 8th district (1993–2013) 12th district (2013–present) |
ကာလီဖိုးနီးယား ဒီမိုရက်တစ် ပါတီ | |
တာဝန်သက်တမ်း February 27, 1981 – April 3, 1983 | |
ယခင်လူ | Charles Manatt |
ဆက်ခံသူ | Peter Kelly |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Nancy Patricia D'Alesandro မတ် ၂၆၊ ၁၉၄၀ ဘဲတီမိုး၊ မေရီလန်း |
နိုင်ငံရေးပါတီ | Democratic |
ကြင်ဖော်(များ) | Paul Pelosi (m. 1963) |
သားသမီး | 5, including Christine and Alexandra |
မိဘ | Thomas D'Alesandro Jr. |
ဆွေမျိုးသားချင်း | Thomas D'Alesandro III (brother) |
ပညာရေး | Trinity Washington University (BA) |
Net worth | US$26.4 million[၁] (2013) |
လက်မှတ် | ![]() |
ဝက်ဘ်ဆိုဒ် | House website Speaker website |
နန်စီ ပက်ထရစ်ရှာ ပလိုစီ (၁၉၄၀-) သည် အမေရိကန် ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမားတဦးဖြစ်ပြီး အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထိုရုံး၌ ပထမဆုံးအမှုထမ်းသောအမျိုးသမီးဖြစ်ပြီး လွှတ်တော်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကွန်ဂရက်သို့ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ အမေရိကန်သမိုင်းတွင် ရွေးကောက်ခံအဖြစ် အမြင့်ဆုံးနေရာရသည့် အမျိုးသမီး ဖြစ်သည်။ အောက်လွှတ်တော်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သဖြင့် သမ္မတနေရာအား စဉ်ပါက ဒုတိယသမ္မတအောက်တွင် ရှိသည် (ဒုသမ္မတမရှိလျှင် သမ္မတနေရာ ဝင်ရမည့်သူ ဖြစ်သည်) ။ [၂]
အထက်လွှတ်တော်အမတ်သက်တမ်း ၁၇ နှစ် ရှိနေပြီး လက်ရှိတွင် ကာလီဖိုးနီးယားပြည်နယ်၏ ၁၂ ခုမြောက် ကွန်ဂရက် မဲဆန္ဒနယ်မှ အရွေးခံထားခြင်း ဖြစ်သည်။ ထိုနေရာမှာ ဆန်ဖရန်စ္စကို၏ ငါးပုံလေးပုံခန့်ပါသော ဧရိယာဖြစ်သည်။ ကနဦး (၁၉၈၇-၁၉၉၃) ရွေးကောက်ခံနယ်မြေမှာ ငါးခုမြောက် မဲဆန္ဒနယ် ဖြစ်သည်။ ၁၉၉၀ တွင် သန်းခေါင်စာရင်းကောက်ပြီး နယ်မြေများ ပြန်ခွဲရာ နောက်တကြိမ် (၁၉၉၄-၂၀၁၃) ရွေးကောက်ခံရာ၌ ၈ ခုမြောက် မဲဆန္ဒနယ်မှ အရွေးခံသည်။
အီရတ်စစ်ပွဲအတွက် အဓိကအတိုက်အခံ ဖြစ်ခဲ့သည်။ ပထမဦးဆုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်စဉ် အရေးပါသော ဥပဒေများ အသက်ဝင်အောင် ဆောင်ရွက်သည်။ စရိတ်သက်သာသောကျန်းမာရေးစောင့်ရှောက်မှုအက်ဥပဒေ၊ ဒေါ့-ဖရန့် ဝေါလမ်း ပြုပြင်ပြောင်းလဲရေး၊ စားသုံးသူအကာအကွယ်ပေးရေးအက်ဥပဒေ, မမေးမပြောအား ပယ်ဖျက်သော အက်ဥပဒေ၊ အမေရိကန်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်ရင်းနှီးမြှုပ်နှံရေး အက်ဥပဒေတို့အပြင် ကမ္ဘာ့ကြီးပွားပျက်ကပ်ကြောင့် ငိုင်နေသော စီးပွားရေးကို ပြန်လှုပ်နိုင်ခဲ့သည့် ၂၀၁၀ အခွန်သက်သာခွင့်အက်ဥပဒေလည်း ပါသည်။
၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်ကို လက်လွှတ်လိုက်ရရာ ၂၀၁၁ ခု၊ ဇန်နဝါရီလတွင် ပြောရေးဆိုခွင့် လက်လွှတ်ရသည်။ သို့သော် ဒီမိုကရက်တစ်အင်အားစု၏ ခေါင်းဆောင်နေရာကို ဆက်ထိန်းထားပြီး လူနည်းစုခေါင်းဆောင် ပြန်ဖြစ်သွားသည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များအောက်လွှတ်တော်တွင် နိုင်သည်။ [၃] ထို့နောက် ၁၁၆ ကြိမ်မြောက် ကွန်ဂရက်ပြန်စရာ ၂၀၁၉ ခု၊ ဇန်နဝါရီလ ၃ ရက်တွင် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြန်ဖြစ်လာသည်။ [၄] ၁၉၅၅ ခုက ဆမ် ရေးဘန်းနောက်ပိုင်း ထိုသို့ နေရာပြန်ရသည့် ပထမဆုံးလူ ဖြစ်လာသည်။ ၂၀၁၁ ခု၊ စက်တင်ဘာလ ၂၄ ရက်တွင် သမ္မတ ဒေါ်နယ် ထရန့်ကို စွဲချက်တင်မည့် ကြားနာခြင်း စမည်ဟု ကြေညာသည်။ [၅] [၆]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Hickey၊ Walter (August 23, 2012)။ The 15 Richest Members Of Congress။ Business Insider။ January 31, 2017 တွင် ပြန်စစ်ပြီး။
- ↑ See 3 U.S.C. § 19
- ↑ "TJ Cox beats Republican Rep. David Valadao to give Democrats gain of 40 House seats, seven in California"၊ The Los Angeles Times၊ November 28, 2018။ January 2, 2019 တွင် ပြန်စစ်ပြီး။
- ↑ Pelosi re-elected as House speaker as 116th Congress opens။ The Mercury News (January 3, 2019)။ January 4, 2019 တွင် ပြန်စစ်ပြီး။
- ↑ "Nancy Pelosi Announces Formal Impeachment Inquiry of Trump"၊ The New York Times၊ 2019-09-24။ 2019-09-24 တွင် ပြန်စစ်ပြီး။
- ↑ Nancy Pelosi: An Extremely Stable Genius (27 September 2019)။ 28 September 2019 တွင် ပြန်စစ်ပြီး။