တရုတ်တစ်ပြည်ပေါ်လစီ
One-China policy | |||||||||||
တရုတ်တစ်ပြည်ပေါ်လစီပြမြေပုံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ)
ပီအာစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ
ပီအာစီကို အသိအမှတ်ပြုသော်လည်း အာအိုစီနှင့်ဆက်ဆံရေးရှိသော နိုင်ငံများ
တရုတ်သမ္မတနိုင်ငံ (အာအိုစီ)
အာအိုစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ
အဆိုတင်သွင်းမှုမရှိသေး | |||||||||||
ရိုးရာ တရုတ် | 一個中國政策 | ||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 一个中国政策 | ||||||||||
| |||||||||||
One China principle | |||||||||||
ရိုးရာ တရုတ် | 一個中國原則 | ||||||||||
ရိုးရှင်းသော တရုတ် | 一个中国原则 | ||||||||||
|
တရုတ်တစ်ပြည်ပေါ်လစီ (အင်္ဂလိပ်: One China policy) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) ဟူသောနှစ်နိုင်ငံအနက် တရုတ်တစ်နိုင်ငံကိုသာ အသိအမှတ်ပြုရန်ချမှတ်ထားသော ပေါ်လစီတစ်ခုဖြစ်သည်။ နိုင်ငံအများစုသည် ထိုပေါ်လစီကို ကျင့်သုံးကြသော်လည်း သဘောထားများ ကွဲလွဲကြသည်။ ပီအာစီသည် ပြောဆိုဆက်ဆံရာ၌ "တရုတ်တစ်ပြည်ထောင်စည်းမျဉ်း" (One China principle) ဟူ၍ခေါ်ဆိုသည်။[၁][၂]
ထိုပေါ်လစီသည် "၁၉၉၂ နားလည်မှု" (1992 consensus) မှ တရုတ်ပြည်မနှင့် ထိုင်ဝမ်ကျွန်းတို့ကိုအုပ်ချုပ်သော တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိသည် ဟူသောအချက်ကို အခြေခံသည်။ သို့သော် ထိုသို့အုပ်ချုပ်သော တရားဝင်အစိုးရမှာမူ မည်သည့်အစိုးရဖြစ်သည်ကို နှစ်ဖက်လုံးမှ အငြင်ပွားလျက်ရှိကြသည်။
ထိုင်ဝမ်ပြည်တွင်းမှအမြင်များ
[ပြင်ဆင်ရန်]ထိုင်ဝမ်၏နိုင်ငံရေးပါတီများဖြစ်ကြသော ကူမင်တန်ပါတီနှင့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီတို့၏ အမြင်များသည် အလွန်ကွဲပြားကြသည်။
ကူမင်တန်တို့သည် တရုတ်တစ်ပြည်ပေါ်လစီကို လက်ခံသဘောတူလျက် ရှိသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရုတ်ပြည်မနှင့်ထိုင်ဝမ်ကို အာအိုစီကသာအုပ်ချုပ်ခဲ့သည်။ ပြည်တွင်းစစ်၌ ကွန်မြူနစ်တို့ကို စစ်ရှုံးခဲ့၍ ထိုင်ဝမ်သို့တိမ်းရှောင်ခဲ့ရသော်လည်း နှစ်နေရာလုံးကို ဆက်လက်အုပ်ချုပ်လျက် ရှိကြောင်း ခံယူသည်။[၃]
ဒီမိုကရက်တစ်တိုးတက်ရေးပါတီကမူ ထိုပေါ်လစီကို လက်မခံရုံသာမက တရုတ်နှစ်ပြည်ရှိခြင်းကိုလည်း ငြင်းပယ်သည်။ ထိုပါတီ၏အဓိကသဘောထားမှာ "တရုတ်" ဟူဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုသာ ရည်ညွှန်းစေလို၍ ထိုင်ဝမ်ကို "ထိုင်ဝမ်သမ္မတနိုင်ငံ" ဟူ၍သီးခြားနိုင်ငံအနေဖြင့် ရပ်တည်လိုကြသည်။[၄] သမ္မတဆိုင်အင်းဝမ်သည်ပင် "၁၉၉၂ နားလည်မှု" မှ အချက်အလက်များကို ငြင်းပယ်ခဲ့သည်။ တရုတ်တစ်ပြည်ပေါ်လစီ၏ဖိအားကြောင့် ထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှု၏ အရှိန်အဟုန်မှာ ပိုမိုကြီးမားလာရာ "ထိုင်ဝမ်သမ္မတနိုင်ငံ" အဖြစ်ပြန်လည်တည်ထောင်လိုကြသည်။
ဥပဒေအရသုံးသပ်မှု
[ပြင်ဆင်ရန်]ပီအာစီအစိုးရနှင့် အာအိုစီအစိုးရတို့သည် တစ်ဦးခြင်းစီ၏ တရားဝင်အုပ်ချုပ်မှုကို အသိအမှတ်ပြုခြင်း မရှိကြပေ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ)
[ပြင်ဆင်ရန်]- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ နိဒါန်း:
ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရေးပါသောနယ်နမိတ်ဖြစ်သည်။ မိခင်နယ်မြေကို ပြန်လည်စည်းရုံးရမည့်တာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်ရန်မှာ တရုတ်နိုင်ငံသားများအားလုံးသာမက ထိုင်ဝမ်ရှိမျိုးချစ်ပြည်သူများ၏ တာဝန်ပင်ဖြစ်သည်။[၅]
- ခွဲထွက်ခြင်းဆန့်ကျင်ရေးဥပဒေ (Anti-Secession Law):
အခန်း (၂):
အခန်း (၅):
တရုတ်သမ္မတနိုင်ငံ (အာအိုစီ)
[ပြင်ဆင်ရန်]- တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၈ မှ ၂၀၀၀ အထိ အကျုံးဝင်) မှ ဥပဒေပုဒ်မ (၄):
အမျိုးသားလွှတ်တော်၏ အတည်ပြုရယူမှုမပါဘဲ တရုတ်သမ္မတနိုင်ငံ၏ နယ်မြေနှင့်နယ်နမိတ်တို့ကို ပြောင်းလဲနိုင်ခြင်းမရှိစေရ။
- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ခြောက်ကြိမ်မြောက် ဖြည့်စွက်ခြင်း (၂၀၀၀ မှ ၂၀၀၅ အထိ အကျုံးဝင်) မှ အခန်း (၄):
ဥပဒေပြုရေးယွမ်မှ အနည်းဆုံးလူလေးပုံတစ်ပုံတို့မှ အဆိုတင်သွင်းမှုမပါဘဲ၊ ထိုဥပဒေပြုရေးယွမ်မှ လူလေးပုံသုံးပုံမှ အတည်ပြုခြင်းမပါဘဲ၊ အမျိုသားလွှတ်တော် အထူးအစည်းအဝေးမှ ကိုယ်စားလှယ် လေးပုံသုံးပုံ၏ အတည်ပြုမှုမပါဘဲ တရုတ်သမ္မတနိုင်ငံ၏ နယ်မြေနှင့်နယ်နမိတ်တို့ကို ပြောင်းလဲနိုင်ခြင်းမရှိစေရ။
- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ခုနှစ်ကြိမ်မြောက် ဖြည့်စွက်ခြင်း (၂၀၀၅ မှ ယနေ့အထိ အကျုံးဝင်) မှ အခန်း (၄):
ဥပဒေပြုရေးယွမ်မှ အနည်းဆုံးလူလေးပုံတစ်ပုံတို့မှ အဆိုတင်သွင်းမှုမပါဘဲ၊ ထိုဥပဒေပြုရေးယွမ်မှ လူလေးပုံသုံးပုံမှ အတည်ပြုခြင်းမပါဘဲ၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှ ကိုယ်စားလှယ် လေးပုံသုံးပုံ၏ အတည်ပြုမှုမပါဘဲ၊ ထိုအဆိုပြုတင်သွင်းမှုကို အများသိအောင်ကြေညာပြီး ခြောက်လမျှကာလာအတွင်း တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာအတွင်း အများပြည်သူများ၏ ထက်ဝက်ကျော်သောမဲကို မရရှိဘဲ တရုတ်သမ္မတနိုင်ငံ၏ နယ်မြေနှင့်နယ်နမိတ်တို့ကို ပြောင်းလဲနိုင်ခြင်းမရှိစေရ။
အမေရိကန်ပြည်၏သဘောထား
[ပြင်ဆင်ရန်]အမေရိကန်နိုင်ငံသည် ၁၉၇၂ မှစ၍ တရုတ်တစ်ပြည်ပေါ်လစီကို လက်ခံခဲ့သည်။ ၁၉၇၂ အမေရိကန် မှတ်တမ်းအရ ဝါရှင်တန်အစိုးရအနေဖြင့် တရုတ်ပြည်မနှင့်ထိုင်ဝမ်တို့သည် တရုတ်တစ်ပြည်တည်းသာဖြစ်သည် ဟူသောအဆိုကိုလက်ခံထားသည်ဟု ဖော်ပြထားသည်။ ထိုပေါ်လစီကိုလက်ခံထားသည်နှင့်တစ်ပြိုင်နက် "တရုတ်နိုင်ငံ"ကို ပေကျင်းနှင့်ထိုင်ပေအစိုးရ အနက်မည်သည့်အစိုးရက ကိုယ်စားပြုသည်ကို ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပေ။[၇]
၁၉၇၉ တွင် သမ္မတဂျင်မီ ကာတာသည် အာအိုစီနှင့်အဆက်အသွယ် ဖြတ်တောက်တော့မည်အခါတွင် ကွန်ဂရတ်လွှတ်တော်သည် ထိုင်ဝမ်ပြည်ဆက်ဆံရေးအက်ဥပဒေ (Taiwan relations act) ကို ပြဋ္ဌာန်းစေခဲ့ရာ ထိုင်ဝမ်နှင့်ဆက်ဆံရေးကို ဆက်လက်ထားရှိစေခဲ့သည်။ သို့သော်ထိုင်ဝမ်ပြည်ကို "တရုတ်နိုင်ငံ"အဖြစ် အသိအမှတ်ပြုခြင်းမရှိတော့ပေ။ ၁၉၈၂ တွင် သမ္မတရော်နယ် ရေဂင်သည် ထိုင်ဝမ်ကိုပီအာစီက အုပ်ချုပ်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။
ကွန်ဂရတ်သုသေတနအဖွဲ့ (Congress Research Service) ၏ သုသေတနအရ အမေရိကန်ပြည်၏သဘောထားမှာ အောက်ပါအတိုင်းဖြစ်သည်။[၉]
- အမေရိကန်သည် ၁၉၇၂၊ ၁၉၇၉၊ ၁၉၈၂ ခုနှစ်တို့မှ မှတ်တမ်းများတွင် ထိုင်ဝမ်၏ကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိမှတ်ပြုထားခြင်းမရှိခဲ့ပေ။
- အမေရိကန်သည် တရုတ်ပြည်မနှင့်ထိုင်ဝမ် နှစ်ဖက်လုံး၏ "တရုတ်တစ်ပြည်ပေါ်လစီ" သဘောထားကို လက်ခံသည်။
- အမေရိကန်ပေါ်လစီအရ ထိုင်ဝမ်ကို ပီအာစီမှ အုပ်ချုပ်မှုမရှိကြောင်း မှတ်ယူထားသည်
- အမေရိကန်သည် ထိုင်ဝမ်ကို လွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်မပြုရသေးပေ။
- အမေရိကန်သည် ထိုင်ဝမ်အခြေအနေကို မဖြေရှင်းရသေး ဟူ၍သာ မှတ်ယူထားသည်။
၂၀၁၆ ဒီဇင်ဘာ ၂ ရက်နေ့တွင် သမ္မတဒေါ်နယ် ထရန့်သည် ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်နှင့် ဖုန်းပြောဆိုခဲ့ကြပြီး ဆက်ဆံရေးကောင်းမွန်ရန်အတွက် ဆွေးနွှေးခဲ့ကြသည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထရန့်သည် အမေရိကန်နိုင်ငံအနေဖြင့် "တရုတ်တစ်ပြည်ပေါ်လစီ" ကို လိုက်နာရန်မလိုကြောင်း ပြောဆိုခဲ့သည်။[၁၀][၁၁][၁၂] ၂၀၁၇ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ဒေါ်နယ်ထရမ့်နှင့် ဖုန်းပြောဆိုခဲ့ပြီး "တရုတ်တစ်ပြည်ပေါ်လစီ" ကို လိုက်နာရန်ပြောဆိုခဲ့သည်။[၁၃]
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ "What is the 'One China' policy?" (in en-GB)၊ BBC News၊ 2017-02-10။
- ↑ The One-China Principle and the Taiwan Issue။ 2019-02-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-01-09 တွင် ပြန်စစ်ပြီး။
- ↑ "Ma refers to China as ROC territory in magazine interview"၊ 2008-10-08။
- ↑ DPP Party Convention။ taiwandc.org။ 2011-06-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-04-27 တွင် ပြန်စစ်ပြီး။
- ↑ CONSTITUTION OF THE PEOPLE'S REPUBLIC OF CHINA။ The People's Daily — Read 3rd paragraph, 10th line- (1982-12-04)။ 2010-08-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-28 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ "Anti-Secession Law"၊ 2005-03-14။
- ↑ Hilton, Brian (September 2018). "'Taiwan Expendable?' Reconsidered". Journal of American-East Asian Relations 25:3 (3): 296–322. doi: .
- ↑ "White House: no change to 'one China' policy after Trump call with Taiwan Archived 2017-06-02 at the Wayback Machine.". Reuters. 2 December 2016.
- ↑ U.S.-Taiwan Relationship: Overview of Policy Issues။ Congressional Research Service (January 4, 2013)။ 2017-12-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-06-25 တွင် ပြန်စစ်ပြီး။
- ↑ "Trump says U.S. not necessarily bound by 'one China' policy"၊ 12 December 2016။
- ↑ Donald Trump questions 'one China' policy။ aljazeera.com။ 2016-12-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-12 တွင် ပြန်စစ်ပြီး။
- ↑ China official says Trump's Taiwan comments cause 'serious concern'။ foxnews.com (12 December 2016)။ 2016-12-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-12 တွင် ပြန်စစ်ပြီး။
- ↑ Readout of the President's Call with President Xi Jinping of China။ whitehouse.gov (9 February 2017)။ 2017-02-17 တွင် ပြန်စစ်ပြီး။