နော်ဆူဇန်နာလှလှစိုး

ဝီကီပီးဒီးယား မှ
(နော်စူစင်နာလှလှစိုး မှ ပြန်ညွှန်းထားသည်)
နော်ဆူဇန်နာလှလှစိုး
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၄-16)
ခန့်အပ်သူCRPH
သမ္မတဦးဝင်းမြင့်
ဒုတိယ သမ္မတဒူဝါလရှီးလ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆ (၂၀၁၆-၀၂-၀၁) – ၁ ဖေဖော်ဝါရီ ၂၀၂၁ (၂၀၂၁-၀၂-၀၁)
မဲဆန္ဒနယ်ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀
အနိုင်ရမဲ အရေအတွက်၁၇၂,၂၉၅[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1965-08-18) ၁၈ ဩဂုတ်၊ ၁၉၆၅ (အသက် ၅၈)[၂]
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သားသမီးသမီးတစ်ဦး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်
  • လူမှုရေးတက်ကြွလှုပ်ရှားသူ
  • သတ္တဗေဒပညာရှင်
  • နိုင်ငံရေးသမား

နော်ဆူဇန်နာလှလှစိုး (ခ) နော်လှလှစိုးသည် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ကရင်လူမျိုး သတ္တဗေဒပညာရှင် နိုင်ငံရေးသမားဖြစ်သည်။[၃]

ငယ်ဘဝနှင့် လူမှုရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

၁၉၆၅ခုနှစ် ဩဂုတ်လ ၁၈ရက်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ်မှ သတ္တဗေဒဘာသာရပ်အထူးပြု သိပ္ပံဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ ရရှိသည်။ တက္ကသိုလ်တက်နေစဉ် ကျောင်းသူဘဝကပင် ​World Vision ၌ စာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် စီမံကိန်းမန်နေဂျာအဖြစ် ဆောင်ရွက်ရသည်။ World Vision မှတစ်ဆင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခွင့်ရခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု ပင်ဆီဗေးနီးယားပြည်နယ် ဖီလန်ဒဲဖီးယား အရှေ့ပိုင်းတက္ကသိုလ်၌ အင်န်ဂျီအို ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အမ်ဘီအေအတန်းကို သင်ကြားခွင့်ရခဲ့သည်။ ၂၀၀၃ခုနှစ်တွင် ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့ (KWAG) သို့ ဝင်ရောက်ခဲ့ရာ ၂၀၁၀တွင် အမှုဆောင်ဒါရိုက်တာ ဖြစ်လာခဲ့သည်။[၄]

၂၀၀၈ခုနှစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဒဏ် ခံကြရသောအခါ မိသားစုများ ပြန်လည်ထူထောင်ရေးနှင့် အိုးအိမ်များ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ဦးရွက်ပြုခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်တို့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၏ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ နေရာအတွက်[၅][၆][၇] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၇၂,၂၉၅ မဲဖြင့် အနိုင်ရခဲ့သည်။[၁]

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်[၈][၉] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၀၆,၁၄၄ မဲ (၇၁.၇၅%) ဖြင့် အနိုင်ရသော်လည်း[၁၀] စစ်အာဏာသိမ်းမှုကြောင့် လွှတ်တော်တက်ခွင့် မရခဲ့ပေ။

၂၀၂၁ ဧပြီလ ၁၆ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းသောအခါ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဖြစ်လာခဲ့သည်။[၁၁][၁၂][၁၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ 2015 General Election – Election Results (in en)။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2021 တွင် ပြန်စစ်ပြီး။
  2. Myanmar Election 2020။ 25 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2021 တွင် ပြန်စစ်ပြီး။
  3. "Day 3: Spotlighting Susanna Hla Hla Soe, Burma"၊ Nobel Women's Initiative၊ 27 November 2012။ 
  4. "Susanna Hla Hla Soe (Myanmar) — Women in Human Rights"၊ www.womensrights.asia 
  5. "အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုသည် ရာဇဝတ်မှုမြောက်ဟု ဆို" (in en)၊ Mizzima Myanmar News and Insight 
  6. "ကိုဗစ်-၁၉ ကြောင့် တိတ်ဆိတ်သွားတဲ့ အင်းစိန်" (in my)၊ BBC News မြန်မာ၊ 15 April 2020။ 
  7. "Women candidates outnumber men for the post of Karen Ethnic Affairs Minister post in Yangon" (in en)၊ Burma News International 
  8. 2020 General Election – Ethnic Affairs Ministers (in en)။ 9 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2021 တွင် ပြန်စစ်ပြီး။
  9. "Election 2020 | Karen Ethnic Affairs Minister Candidates in Myanmar’s Yangon Square Off in Online Debate"၊ The Irrawaddy၊ 24 September 2020။ 
  10. 2020 General Election – Election Results (in en)။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2021 တွင် ပြန်စစ်ပြီး။
  11. Who we are (Myanmar Version) - CRPH။ Committee Representing Pyidaungsu Hluttaw (11 April 2021)။ 17 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2021 တွင် ပြန်စစ်ပြီး။
  12. Formation of the National Unity Government of Myanmar - CRPH။ Committee Representing Pyidaungsu Hluttaw (15 April 2021)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2021 တွင် ပြန်စစ်ပြီး။
  13. "Who’s Who in Myanmar’s National Unity Government"၊ The Irrawaddy၊ 16 April 2021။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ဖေ့စ်ဘွတ်ခ် ပေါ်ရှိ နော်ဆူဇန်နာလှလှစိုး