မျှော့

ဝီကီပီးဒီးယား မှ

မျှော့သည် လူနှင့် ကျွဲနွားများကိုပါတွယ်၍ သွေးစုပ်လေ့ရှိသည်။ သွေးဝသောအခါ ဖောင်းပွလာ၍ အလိုအလျောက် ကွာကြသွားတတ်သည်။ မျှော့ကြီးများမှာ လုံးပတ် ၁ လက္မခွဲ၊ အရှည် ခြောက်လက္မခန့် အထိရှိသည်။ ရှေးအခါက အနာရောဂါများတွင် သွေးစုပ်ရ် ဆရာဝန်များ သုံးစွဲခဲ့ကြသည်။ အပူပိုင်းဒေသနှင့် မြေထဲပင်လယ်နိုင်ငံများတွင် တွေ့ရသည်။ လူတို့ စားသုံးသော ပင်လယ်မျှော့မှာကား တစ်မျိုးတစ်စားဖြစ်သည်။[၁] ဗွက်အိုင်များ ရွှံ့နွံများထဲတွင် နေထိုင်တတ်သော သွေးစုပ်သတ္တဝါဖြစ်သည်။ ကျောရိုးရှိသွေးနွေးသတ္တဝါ (လူ၊​ နွား၊ ခွေး)​ တို့၏ ကိုယ်ခန္ဓာကို တွယ်ကပ်ပြီး သွေးကို စုပ်ယူတတ်သည်။ မျှော့တွယ်လျှင် အရေပြားမှ ကွာကျစေရန် ဆားတို့ပေးရသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "မျှော့" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။