မာတိကာသို့ ခုန်သွားရန်

တွေ့ကြုံရှုထောင့်

ဝီကီပီးဒီးယား မှ
တွေ့ကြုံဇာတ်ကောင် (observer) O သည် သူ့ကိုယ်ပိုင် တွေ့ကြုံရှုထောင့် (frame of reference) F အတွင်း၌ ထိုအမှတ်ချအိမ်တာရင်းအမှတ် (origin) ၌ တည်ရှိလျက်၊ ဤ ဖြစ်စဉ်ပြ ပုံတွင် ကြယ်ပုံများသင်္ကတပြုထားသော သာဓက အဖြစ်အပျက်(event) ၏ အချိန် နှင့် နေရာ(အကာသ) ကို ဟူသော ချအမှတ် များဖြင့် ၎င်းတွေ့ကြုံဇာတ်ကောင်က ကြုံတွေ့တိုင်းတာ တွေ့ရှိသွားမည်။
ရိုးရှင်းလှသော ဥပမာဖြင့် တွေ့ကြုံရှုထောင့် (reference frame) အသီးသီး၏ (ဤသာဓကတွင် ဘယ်-ညာ စသည့်) ဘက်လှည့်များ မတူညီပုံ။

ရူပဗေဒ နှင့်နက္ခတ္တဗေဒ တို့တွင် သုံးသော ရှုထောင့် (အင်္ဂလိပ်: reference frame) သို့မဟုတ် တွေ့ကြုံရှုထောင့် (အင်္ဂလိပ်: frame of reference) ဆိုသည်မှာ -
အဖြစ်အပျက်တို့၏ တည်နေရာ(ရပ်ဝန်း) နှင့် ဖြစ်ပျက်ချိန်(အချိန်) တို့ကို သင်္ချာသုံး ချအမှတ် တို့အနှင့် ဖော်ပြခြင်းငှာ၊

အသုံးပြုသည့် အမှတ်ချအိမ်သဘောတရားများ ဖြစ်လေသည်။[၁]

တွေ့ကြုံရှုထောင့်များ အသုံးပြုပုံသဘော[ပြင်ဆင်ရန်]

ကြည့်ရှုဇာတ်ကောင် (observer) တဦးဦး၏ တွေ့ကြုံရှုထောင့် (frame of reference) ဟူသည်မှာ လောကဖြစ်အင်ထုအတွင်း၌ ၎င်းဇာတ်ကြောင်နှင့် တပါတည်း ရွေ့လျားနေမည့်၊ ၎င်းဇာတ်ကြောင်၏ တည်နေရာတည့်တည့်ကို တာရင်းအမှတ် (origin) အဖြစ်ထား၍ ဘက်လှည့်မှုအားဖြင့်လည်း ဇာတ်ကောင်မျက်နှာမူရာဘက်တို့ကို စံတိုင်(ဝင်ရိုး)တို့၏ အပေါင်းကိန်းတန်ဖိုးဘက်များ စသည်ဖြင့် ထားလျာကြသည့်၊ အမှတ်ချအိမ် (Coordinate System) တခုခုသဘော ဟု မှတ်ယူနိုင်ပါ၏။

မြေပြင်-တွေ့ကြုံရှုထောင့်[ပြင်ဆင်ရန်]

(ကမ္ဘာဂြိုဟ်စသည်ဖြင့်) ဂြိုဟ်တခုခု၏ မျက်နှာပြင် (မြေပြင်) တနေရာ၌ ငြိမ်စွာ ရပ်နေမည့် ကြည့်ရှုဇာတ်ကောင်မျိုး၏ တွေ့ကြုံရှုထောင့် ဖြစ်၏။ ကားတစ်စီး၏ အမြန်နှုန်း တစ်နာရီလျှင် မိုင်မည်မျှ စသော အလျင်ပမာဏများ ပြောဆိုနေခြင်းသည် "ဤကမ္ဘာမြေပြင်ကို ငြိမ်နေသည်ဟု သဘောထားလျှင် ဤကားက မည်မျှသော နှိုင်းရအလျင်နှင့် ရွေ့နေသည်" ဟု ဖော်ပြလိုရင်းဖြစ်၏၊ မြေပြင်-တွေ့ကြုံရှုထောင့်ကို သုံး၍ ဖော်ပြနေခြင်းဖြစ်၏၊ အပြင်အာကာသထဲ၌ နေလုံးကို ကမ္ဘာမြေပြင်တို့က မည်သို့ ပတ်နေပုံ၊ ကမ္ဘာ့အလည်စံတိုင်၌ပင် ကမ္ဘာလည်နေခြင်းကြောင့် မြေပြင်တကွက်ချင်းက မည်သို့ လှုပ်ရှားနေနိုင်ပုံ စသည်တို့ကို ထည့်တွက်စရာမလိုဘဲ ကမ္ဘာမြေပြင်ကို နှိုင်းရအလျင်သုညဟု တိုင်းတာကြုံတွေ့ရသည့် ရှုထောင့်ကို နေ့တဓူဝ နားလည်မှုနှင့် ချန်မြှုပ်ပြောဆိုနေကြခြင်း ဖြစ်၏။

ကမ္ဘာဂြိုဟ်-တွေ့ကြုံရှုထောင့်[ပြင်ဆင်ရန်]

ကမ္ဘာဂြိုဟ်ဒြပ်ထု၏ ဗဟိုမှတ်ကိုသာ အငြိမ်စံထား၍ လိုက်လံကြည့်ရှုသော အမှတ်ချအိမ်ရှုထောင့်ကို ကမ္ဘာဂြိုဟ်-တွေ့ကြုံရှုထောင့် ဟု ခေါ်နိုင်၏။ ဤရှုထောင့်အတွင်း၌ (မြေပြင်-တွေ့ကြုံရှုထောင့်၌ အငြိမ်စံအဖြစ် တွေ့ကြုံထားလျာသော) ဂြိုဟ်မျက်နှာပြင် မြေပြင်အကွက်တိုင်းက နှိုင်းရအလျင်တခုခုနှင့် စက်ဝိုင်းပုံ ကိုယ်စီရွေ့လျားနေကြမည်၊ ကမ္ဘာ လည်နေမည်။ ထို့နောက် ကမ္ဘာဂြိုဟ်ကို လည်ပတ်နေသည့် ဂြိုဟ်ရံလကိုလည်း ရွေ့လျားလည်ပတ်နေသည့် အရာအဖြစ် တွေ့ကြုံတိုင်းတာမိမည်။

နေဂြိုဟ်စု-တွေ့ကြုံရှုထောင့်[ပြင်ဆင်ရန်]

ဤ နေပတ်ဂြိုဟ်စု ၏ အလယ်ဗဟိုနှယ် ဖြစ်သော နေလုံး(ကြယ်) ကို အငြိမ်စံ တာရင်းအမှတ် သဖွယ်ထား၍ အရာဝတ္ထုများ၏ နှိုင်းရအလျင်တို့ တိုင်းတာကြည့်သည့် ရှုထောင့်ကို နေဂြိုဟ်စု-တွေ့ကြုံရှုထောင့် ဟု ခေါ်နိုင်၏။ ဤရှုထောင့်၌ နေ၏ နှိုင်းရအလျင်က သုည ဖြစ်လျက်၊ ကမ္ဘာဂြိုဟ်ဒြပ်သားလုံး၏ နှိုင်းရအလျင်ကိုမူ ခပ်ဝိုင်းဝိုင်း ဂြိုဟ်ပတ်လမ်းတလျှောက် တွေ့မြင်ရပေမည်၊ ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ အရာဝတ္ထုများ၏ လှုပ်ရှားလမ်းကြောင်းမှာကား ဤရှုထောင့်အမှတ်ချအိမ်၌ ၎င်းဂြိုဟ်ပတ်လမ်း ခပ်ဝိုင်းဝိုင်းတလျှောက်၌ပင် ခပ်ဝိုင်းဝိုင်း ရစ်ကာလှည့်ကာ ရွေ့လမ်းပေါ်လာသည့် လမ်းကြောင်းများအဖြစ် တွေ့ရလတ္တံ့။

အကိုးအကား[ပြင်ဆင်ရန်]

  1. Kovalevsky၊ J.; Mueller၊ Ivan I. (1989)။ "Introduction"။ Reference Frames။ Astrophysics and Space Science Library။ 154။ Dordrecht: Springer Netherlands။ pp. 1–12။ doi:10.1007/978-94-009-0933-5_1ISBN 978-94-010-6909-0ISSN 0067-0057