ညွန့်ကြူး (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

ညွန့်ကြူးသည် မြန်မာစာရေးဆရာ ဖြစ်သည်။ ပဲခူးတိုင်းမင်းလှမြို့၊ မိုးညိုတန်း၌ အဖ လမ်းအရေးပိုင် ဦးဘကြူး၊ အမိ ဒေါ်တင်ရွှေ တို့က ၈ ဩဂုတ် တနင်္လာနေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် ဒုတိယသား၊ အမည်ရင်း ဦးမောင်မောင်ညွှန့် ဖြစ်သည်။[၁]

မင်းလှမြို့ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း (၁၉၃၇ - ၄၈)၊ တောင်ငူမြို့ အစိုးရ အထက်တန်းကျောင်း (၁၉၄၉ - ၅ဝ)၊ ရန်ကုန် အောင်သိပ္ပံ အလွတ် ပညာသင် ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင် (၁၉၅၁)၊ ရန်ကုန် တက္ကသိုလ် (၁၉၅၁ - ၅၇) တို့တွင် ပညာ ဆည်းပူး ခဲ့သည်။ ဝိဇ္ဇာဘွဲ့ (၁၉၅၆)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၆၆) ရရှိခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စု မော်စကိုမြို့ အရှေ့တိုင်းလေ့လာရေးသိပ္ပံတွင် ဘာသာဗေဒ ဘာသာရပ်ကို လေ့လာခဲ့သည်။

အာရှလူငယ်အစည်းအရုံး ကင်းထောက်လူငယ် (၁၉၄၃ - ၄၄)၊ သာယာဝတီခရိုင် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး (၁၉၄၇ - ၄၈)၊ တောင်ငူမြို့နယ် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး (၁၉၄၉ - ၅ဝ) ရန်ကုန်တက္ကသိုလ် ကလောင်အသင်း တွဲဖက်အတွင်းရေးမှူး (၁၉၅၄ - ၅၅)၊ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း မြန်မာစာစာတည်းနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင် (၁၉၅၅ - ၅၆)၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦး အတွင်းရေးမှူး၊ ရန်ကုန်တက္ကသိုလ် ကျောင်းဆောင် ကော်မတီဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အမှုဆောင် (၁၉၅၆ - ၅၇)၊ စာပေဗိမာန် စွယ်စုံကျမ်း ပြုစုရေးဌာနတွင် စာပြု (၁၉၅၇ - ၅၈)၊ ဆိုဗီယက် ပြည်ထောင်စု မော်စကိုမြို့ အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေးသိပ္ပံတွင် မြန်မာစာနည်းပြ (၁၉၆၁)၊ ဗီယက်နမ် သတင်းဌာနတွင် သတင်းအယ်ဒီတာ (၁၉၆၂ - ၆၅)၊ အထက်တန်းပညာ ဦးစီးဌာန ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် စာပြု (၁၉၆၆ - ၁၉၇၃)၊ မြန်မာစာအဖွဲ့ ဦးစီးဌာနတွင် လက်ထောက်စာတည်း မှသည် စာတည်းမှူးအထိ (၁၉၇၃ - ၉၁) တာဝန် အသီးသီး ထမ်းဆောင်ခဲ့သည်။ ဩဂုတ် ၁၉၉၁ တွင် အငြိမ်းစားယူသည်။

စာအုပ်များ[ပြင်ဆင်ရန်]

၁၆ စက်တင်ဘာ ၁၉၄၆ ဒီးဒုတ်ဂျာနယ်တွင် 'စာဆိုလုလင်' ကလောင်အမည်ဖြင့် ကဗျာ စတင်ရေးသည်။ ၁၉၅၁ တွင် 'မင်းလှ ညွန့်ကြူး' ကလောင် အမည်ကို စတင်အသုံးပြုသည်။ နောက်ပိုင်းတွင်မူ 'ညွန့်ကြူး' သို့ ပြောင်းသုံးသည်။ ဘုံကလောင် 'နွယ်သစ်'တွင် တဦး အပါအဝင် ဖြစ်သည်။ ကဗျာ၊ ဝတ္ထု၊ စာပေ ဘာသာဗေဒနှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းများစွာ ရေးခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ မြန်မာဘာသာ စကား (ရုရှား ဘာသာဗေဒ ပညာရှင် သုံးဦးနှင့် ပူးတွဲ၍ ရုရှားဘာသာဖြင့်)၊ ဗီယက်နမ် စစ်ရာဇဝတ်ကောင်များ (ကျော်အောင်နှင့် တွဲဖက်ဘာသာပြန်) (၁၉၆၇)၊ သျှင်မဟာရဋ္ဌသာရ စာရင်း (သျှင်မဟာရဋ္ဌသာရ ကကိဏ္ဏက စာစု ... တွင်) (၁၉၆၈)၊ ကမ္ဘာကျော် စာအုပ်တရာ (နွယ်သစ် ဘုံကလောင် အမည်နှင့်) (ဇွန် ၁၉၇၅၊ ၁၉၉၉)၊ ပင်လယ်ဝံပုလွေ (၁၉၇၅၊ ၂ဝဝဝ) နှစ်ဆယ်ရာစု နိုင်ငံရပ်ခြား ဝတ္ထုတိုများ (၁၉၇၇)၊ ဖန်မီးအိမ် နန်းချည် ကျွမ်းအောင်နှင့် နှစ်ဆယ်ရာစုနိုင်ငံရပ်ခြား ဝတ္ထုတိုများ (၁၉၉၉) နှင့် ကဗျာအလှ ရှာပုံတော် စာပေပြိုင်ပွဲတွင် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ပြဇာတ် ပထမဆု ရခဲ့သည်။

နိဂုံး[ပြင်ဆင်ရန်]

၅ အောက်တိုဘာ ၁၉၉၂ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

စာညွှန်း[ပြင်ဆင်ရန်]

  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၂၃၃ - ၂၃၅။
  2. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၁၉၅ - ၂၁၂။
  3. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၃)။ စာ ၁၈၉ - ၁၉ဝ။
  4. သုတေသန စာစဉ် သမိုင်း/ စာရင်း/ စာတည်းများ (ဧပြီ ၁၉ရဝ)။ စာ ၉၄ - ၉၅။
  5. ရာပြည့်စာအုပ် ၁ဝဝ အညွှန်း (၁၉၉၉)။ စာ ၉၃။]
  1. ရာပြည့် ဦးစိုးညွန့် (၂ဝဝ၅)။ ၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျဉ်း Unknown parameter |month= ignored (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)