စိုးမြင့်၊ သခင်
ပုံပန်းသွင်ပြင်
စိုးမြင့် | |
|---|---|
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| ယခင်လူ | အခြေခံဥပဒေ စတင် |
| ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
| မဲဆန္ဒနယ် | တောင်ဥက္ကလာပမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၃၃,၉၅၉ (၇၂%)[၁] |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၆ ဩဂုတ် ၁၉၂၃ မြောင်းမြမြို့၊ ဧရာဝတီစီရင်စု၊ ဗြိတိသျှဘားမား |
| ကွယ်လွန် | မေ ၂၀၊ ၂၀၁၀ (အသက် ၈၆) တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
| ကွယ်လွန်ရသည့် အကြောင်းရင်း | နှလုံးရောဂါ |
| သင်္ဂြိုဟ်ရာနေရာ | ရေဝေးသုဿာန်၊ ရန်ကုန်မြို့ |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ကြင်ဖော် | ဒေါ်အေးကြွယ် |
| သားသမီး | ဆွေဆွေမြင့် မောင်မောင်မြင့် သစ်သစ်မြင့် ချိုချိုမြင့် သင်းသင်းမြင့် |
| အလုပ်အကိုင် | နိုင်ငံရေးသမား |
| ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
သခင် စိုးမြင့် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် မွေးဖွားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်ခြင်းဖြင့် နိုင်ငံရေးလောကထဲတွင် စတင်ပါဝင်ခဲ့သည်။[၂] သူသည် ပြည်သူ့အရေးတော်ပုံ ပါတီ၊ မြောင်းမြခရိုင်ဆိုရှယ်လစ်ပါတီ၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၊ ဆိုရှယ်လစ်ပါတီ နှင့် ပြည်သူ့လူငယ်အဖွဲ့ အစရှိသော နိုင်ငံရေးပါတီများတွင် ပါဝင်ခဲ့သည်။[၂] ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။[၃]
၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၂][၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ National League for Democracy။ Brief Biographies of Elected MPs။ 7 April 2012 တွင် ပြန်စစ်ပြီး။
- 1 2 3 Khai Suu။ "Soe Myint’s death a great loss: NLD leaders"၊ Mizzima၊ 20 May 2010။ 8 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 8 April 2012။
- ↑ "Independence Struggle Veteran Soe Myint Dies"၊ The Irrawaddy၊ 21 May 2010။ 8 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 25 May 2010။
- ↑ စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)
