သစ်သစ်မြင့်

ဝီကီပီးဒီးယား မှ
ဒေါ်သစ်သစ်မြင့်
ဒေါ်သစ်သစ်မြင့် ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
ယခင်လူဦးအောင်ကျော်မိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
မဲဆန္ဒနယ်တောင်ဥက္ကလာပမြို့နယ်
မဲဆန္ဒနယ် (၁)
အနိုင်ရမဲ အရေအတွက်၃၂၁၀၂ ( ၈၀.၂၇%)[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1957-06-14) ၁၄ ဇွန်၊ ၁၉၅၇ (အသက် ၆၆)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အရှေ့ပိုင်းခရိုင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်
ကြင်ဖော်(များ)ဦးထွန်းဝေ (ကွယ်လွန်)
သားသမီးမခိုင်ယုဝေ
မောင်ရဲထွဋ်ဇော်
မိဘသခင်စိုးမြင့် (ဖခင်)
ဒေါ်အေးကြွယ် (မိခင်)
ပညာရေးဝိဇ္ဇာဘွဲ့ (စိတ်ပညာ)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဒေါ်သစ်သစ်မြင့်သည် မြန်မာ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။

နိုင်ငံရေး[ပြင်ဆင်ရန်]

ဒေါ်သစ်သစ်မြင့်သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲအရေအတွက် ၃၂၁၀၂ ( ၈၀.၂၇%)[၁] ရရှိခဲ့ကာ အရွေးချယ်ခံခဲ့ရသည်။[၂]

မိသားစု[ပြင်ဆင်ရန်]

ဒေါ်သစ်သစ်မြင့်၏ ဖခင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မှ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သခင်စိုးမြင့် ဖြစ်သည်။[၃] သို့သော် သခင်စိုးမြင့်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ မှ ၁၉၉၀ ရွေးကောက်ပွဲတွင် အများစုအနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းခြင်း မရှိခဲ့သောကြောင့် မိမိမဲဆန္ဒနယ်တွင် တာဝန်ထမ်းဆောင်ခွင့် မရရှိခဲ့ပေ။

ကိုးကား[ပြင်ဆင်ရန်]