စပ်လဲရွာ

ဝီကီပီးဒီးယား မှ

စပ်လဲရွာသည် ကျောက်ကြီးမြို့မှ အရှေ့တောင်ဘက် ၁ မိုင် ၄ ဖာလုံဝယ် တည်ရှိကာ၊ အိမ်ခြေ ၉၇ အိမ် ရှိသည့်၊ တရွာတည်းသော ကျောက်ပုံတောင်ကျေးရွာအုပ်စုဝင် ကျေးရွာ ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်သည့်အလျောက် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် ရှိခိုးကျောင်း ၁ ကျောင်း ရှိသည်။ ရွာဝယ် လူဦးရေ ၅၀၀ ကျော် နေထိုင်သည်။[၁]

ပညာရေး[ပြင်ဆင်ရန်]

ယိုယွင်းပျက်စီးနေသော မူလတန်းကျောင်းနှင့်၊ သာသနာမူကြိုကျောင်းလည်း ရှိသည်။ ထို့ကြောင့် ကျောင်းမနေရသူ များသည်။ [၁]

လမ်းပန်း[ပြင်ဆင်ရန်]

ရွာတွင်းလမ်းမှာ မြေသားလမ်း ဖြစ်ပြီး၊ ကျောက်ကြီးသို့ သွားသော လမ်းမှာ ဂဝံကျောက်တဝက် ကတ္တရာတဝက် ဖြစ်သည်။ ဆေးပေးခန်းမရှိသဖြင့် ကျောက်ကြီးမြို့သို့ သွားရောက် ကုသရသည်။ [၁] သင်္ကြန်နှင့် သီတင်းကျွတ်ကာလတွင် စပ်လဲရေတံခွန်၌ လာရောက်အပန်းဖြေသူများ စည်ကားသည်။

စီးပွားရေး[ပြင်ဆင်ရန်]

လယ်၊ ယာ၊ ဥယျာဉ်နှင့် ကျပန်းလုပ်ကိုင်ကြပြီး၊ အလုပ်အကိုင် ပါးရှားသဖြင့် ကျပန်းလုပ်ကိုင်သူ ပေါများသည်။ [၁]

နယုန်ဝါဆိုဝါခေါင်ဝယ် စပါးပျိုးကြဲခြင်း၊ မိုးပဲ စိုက်ပျိုးခြင်း လုပ်ကိုင်ပြီး၊ တော်သလင်းသီတင်းကျွတ်တန်ဆောင်မုန်းတွင် သီးနှံများ ရိတ်သိမ်းသည်။ တပို့တွဲတပေါင်းတွင် ဥယျာဉ်ခြံ ပေါင်းရှင်းပြီး၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများ၌ ဥယျာဉ်ခြံ စိုက်ကြသည်။ ဒူးရင်းသီးတညင်းသီး၊ ကွမ်းသီး အစိုက်များသည်။ ဆောင်းရာသီမှာ မိုးပဲကို ရိတ်သိမ်းပြီး၊ ဆောင်းပဲကို ပြန်စိုက်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း National Community Driven Development Project (NCDDP) ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် Village Development Plan (VDP) ကျောက်ပုံတောင်ကျေးရွာအုပ်စု၊ စပ်လဲကျေးရွာ၊ မတ်လ ၂၀၁၆