မာတိကာသို့ ခုန်သွားရန်

စစ်ရေယာဉ် မေယု

ဝီကီပီးဒီးယား မှ
စစ်ရေယာဉ် မေယု
HMS Fal in July 1943
သမိုင်းကြောင်း
ယူနိုက်တက် ကင်းဒမ်း
အမည်: HMS Fal
Namesake: River Fal
တည်ဆောက်သူ: Smiths Dock Company, South Bank-on-Tees, UK
Laid down: ၂၀ မေ ၁၉၄၂
သင်္ဘောရေချသောရက်: ၉ နိုဝင်ဘာ ၁၉၄၂
Commissioned: ၂ ဇူလိုင် ၁၉၄၃
Fate: မြန်မာ့ရေတပ်ထံ လွှဲပြောင်း
မြန်မာ
အမည်: စစ်ရေယာဉ် မေယု
Namesake: မေယုမြစ်
Acquired: ၂၅ မေ ၁၉၄၇
Commissioned: ၂၅ မေ ၁၉၄၇
Decommissioned: ၂၈ စက်တင်ဘာ ၁၉၇၉
Fate: ပြတိုက်အဖြစ်ပြောင်းလဲအသုံးပြု
အထွေထွေ အချက်အလက်များ
အမျိုးအစား: Riverအတန်းအစား frigate
ဖယ်ထုတ်ခံရသော ရေထု:
  • ၁,၄၆၀ long ton (၁,၄၈၃ t) standard
  • ၂,၁၇၀ long ton (၂,၂၀၅ t) full load
အလျား:
  • ၂၈၃ ft (၈၆ m) p/p
  • ၃၀၁ ft ၃ in (၉၁.၈၂ m) o/a
ရက်မ: ၃၆ ft ၆ in (၁၁.၁၃ m)
ပေါ်ရန် လိုသောရေအနက်:
  • ၉ ft (၂.၇ m)
  • ၁၃ ft (၄.၀ m) full load
တွန်းအား:
အမြန်နှုန်း: ၂၀ knot (၂၃ miles per hour; ၃၇ kilometres per hour)
အကွာအဝေး: ၇,၂၀၀ nmi (၁၃,၃၀၀ km) at ၁၂ kn (၁၄ mph; ၂၂ km/h)
ပြည့်စုံမှု: 177 Officers & enlisted
အမြောက်လက်နက်:

စစ်ရေယာဉ် (မေယု)သည် ရန်ကုန်တိုင်းဒေသကြီး‎၊ သန်လျင်တပ်နယ် ရေတပ် လေ့ကျင့်ရေးဌာနချုပ်တွင် ပြတိုက်ရေယာဉ်အဖြစ် ခင်းကျင်းပြသထားသော သမိုင်းဝင် စစ်ရေယာဉ်‎ ဖြစ်သည်။ စစ်ရေယာဉ်(မေယု)သည် ဗိုလ်ချုပ်အောင်ဆန်း‎ ကိုယ်တိုင် မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်း ပြုလုပ်ခဲ့သော လွတ်လပ်ရေးနှင့်အတူ ပါရှိလာသော သမိုင်းဝင်စစ်ရေယာဉ်ဖြစ်သည်။[]

ဒီဇိုင်း

[ပြင်ဆင်ရန်]
စစ်ရေယာဉ် (မေယု)

စစ်ရေယာဉ်(မေယု)သည် River Class အမျိုးအစား ဖရီးဂိတ်စစ်ရေယာဉ် ဖြစ် ပြီး အလျား ၃၀၁ ပေ၊ ၇ ဒသမ ၇၅ လက်မ၊ အနံ ၃၇ ပေ၊ ၉ ဒသမ ၂၅ လက်မ၊ ရေစူး ၁၄ ပေ ၄ လက်မ (ဝန်ပြည့်)၊ ရေယာဉ်အလေးချိန် ၁၆၁၄ ဒသမ ၉၁ တန် (ဝန်ပြည့်) ဖြစ်သည်။

သမိုင်း

[ပြင်ဆင်ရန်]

မူလအမည်မှာ HMS FAL ဖြစ်ပြီး ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ ၁၅ရက်တွင် ဗြိတိသျှတော်ဝင်ရေတပ်မတော် အမှတ်(၃၈) ကင်းထောက်ရေ ယာဉ်အုပ်စုတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ်၊ မေလ ၂၅ရက်၊ မွန်းတည့် ၁၂ နာရီတွင် ဗြိတိသျှ တော်ဝင်ရေတပ်မတော်က မြန်မာနိုင်ငံ‎ အရန်တော်ဝင်ရေတပ်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေး အပ်ခဲ့သည်။ ထိုကဲ့သို့ လွှဲပြောင်းပေးအပ်စဉ်က ဗြိတိသျှ အစိုးရကိုယ်စား စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး မစ်ချယ်လ်က လွဲပြောင်းပေး အပ်ခဲ့ခြင်း ဖြစ်သည်။[] ယင်းအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း‎ ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်း ပြုလုပ်ခဲ့သည်။

ပထမဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘို ဖြစ်သည်။ မြန်မာနိုင်ငံကို မဟာမိတ်များ ပြန်လည်ထိုးစစ်ဆင်ချိန်၊ မြန်မာ့ရေတပ်မတော်သားများ သည် ရခိုင်တိုက်ပွဲ‎စဉ်များအတွင်း မေယုမြစ်ဝှမ်း‎တွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် မေယုဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ့တပ်မတော်က ရောင်စုံသောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နင်းရာတွင် စစ်ရေယာဉ်(မေယု)သည်လည်း ရှေ့တန်းမှ တစ်တပ်တစ်အား ပါဝင်ခဲ့ပြီး ၁၉၄၈ ခုနှစ် အင်းစိန်မြို့သိမ်းတိုက်ပွဲ၊ သန်လျင်ကျိုက်ခေါက်တိုက်ပွဲနှင့် ပုသိမ်မြို့သိမ်းတိုက်ပွဲ၊ ၁၉၄၉ခုနှစ် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲနှင့် ၁၉၅၀ပြည့်နှစ် မော်လမြိုင်မြို့သိမ်းတိုက်ပွဲများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုမှတစ်ဖန် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်ဆင် ရေးတာဝန်များကို နှစ်ပေါင်းများစွာ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် သက်တမ်းကာလ နှစ်၄၀ခန့် ရှိလာသည်နှင့်အမျှ စစ်ရေယာဉ်၏ကြံ့ခိုင်မှု အခြေအနေမှာ ယိုယွင်းလာခဲ့သဖြင့် ၁၉၇၉ခုနှစ်၊ ဩဂုတ်လ ၂ရက်နေ့တွင် ကျင်းပသော (၂၆၂)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင် အစည်းအဝေးက ရေယာဉ်အား တပ်တော်ဝင်အဖြစ်မှ ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် သမိုင်းဝင် စစ်ရေယာဉ်(မေယု)သည် လွတ်လပ်ရေးနှင့်အတူ ပါရှိလာသော သမိုင်းဝင်စစ်ရေယာဉ်ဖြစ်သောကြောင့် နောင်လာနောက်သား များ ကြည့်ရှုလေ့လာနိုင်ရန် သန်လျင်တပ်နယ်တွင် ပြတိုက်ရေယာဉ်အဖြစ် ထားရှိခဲ့ခြင်း ဖြစ်လေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ဝေယံအောင် (၂၅ မေ ၂၀၁၉)။ သမိုင်းထဲက မေယု စစ်သင်္ဘောကြီး။ ဧရာဝတီသတင်းဌာန။ ၂၅ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. ၂၀၁၈ခုနှစ်၊ ဇူလိုင်လ၁၉ရက်နေ့ထုတ် ကြေးမုံသတင်းစာ