မာတိကာသို့ ခုန်သွားရန်

ဂုဏ်ထူးဆောင်ပါမောက္ခ

ဝီကီပီးဒီးယား မှ

ဂုဏ်ထူးဆောင်ပါမောက္ခ (အင်္ဂလိပ်: Honorary Professor) ဝိသေသဂုဏ်ပုဒ်ကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံရှိ တက္ကသိုလ်များက ၎င်းတို့ထံတွင် အလုပ်လုပ်မနေသော သူတစ်ဦးဦးကို ပါမောက္ခအဖြစ် ခန့်အပ်လိုသောအခါ သို့မဟုတ် ဂုဏ်ပြုလိုသောအခါ သို့မဟုတ် အတူတကွအလုပ်လုပ်လိုသောအခါ တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်နေသူတစ်ဦးဦး၏ ထောက်ခံချက်၊ တက္ကသိုလ်ကောင်စီ၏ အတည်ပြုချက်ဖြင့် ချီးမြှင့်လေ့ရှိသည်။ ခန့်အပ်ချီးမြှင့်ခြင်းကို ကာလအပိုင်းအခြားတစ်ခု (ဥပမာ ၃ နှစ် စသည်ဖြင့်) သတ်မှတ်လေ့ရှိပြီး ထပ်မံသက်တမ်းတိုး ခန့်အပ်ခြင်းများလည်း ပြုကြသည်။ ဂုဏ်ထူးဆောင်ပါမောက္ခများသည် သက်ဆိုင်ရာတက္ကသိုလ်များတွင် သင်ကြားခြင်း၊ သုတေသနပြုလုပ်ခြင်းများ ပြုကြသည်။ ၎င်းတို့ကို တက္ကသိုလ်များက လစာပေးလေ့မရှိသော်လည်း ခရီးစရိတ်၊ နေထိုင်စရိတ်၊ နေ့တွက်စရိတ်နှင့် စာသင်ကြားသည့်အခါ ချီးမြှင့်ငွေ စသည်များ ပေးလေ့ရှိကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဩစတေးလျှနိုင်ငံနယူးဇီလန်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံ တက္ကသိုလ်များတွင်လည်း ဤဂုဏ်ပုဒ်ကို ချီးမြှင့်ကြသည်။

သို့သော် အချို့သတင်းဆောင်းပါးများတွင် အထူးဂုဏ်ထူးဆောင်ပါမောက္ခ Professor Emeritus ကို ဂုဏ်ထူးဆောင်ပါမောက္ခဟုလည်း ဖော်ပြသည်များရှိရာ Professor Emeritus နှင့် Honorary Professor အကြား မြန်မာဘာသာအသုံးအနှုံးမှာ ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။[]

အထူးဂုဏ်ထူးဆောင်ပါမောက္ခ

[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စုနှင့် အခြားတိုင်းပြည်များတွင် အထူးဂုဏ်ထူးဆောင်ပါမောက္ခ (Professor Emeritus) ဝိသေသဂုဏ်ပုဒ်ကို တက္ကသိုလ်တစ်ခုခု၌ နာမည်ကောင်းရှိသူ ပါမောက္ခ တစ်ဦး အငြိမ်းစားယူသည့်အခါ ပေးလေ့ရှိသည်။ တက္ကသိုလ်အများစုတွင် ဂုဏ်သတင်းကောင်းရှိသူ ပါမောက္ခတစ်ဦးဦး အငြိမ်းစားယူသည့်အခါ ပေးလေ့ရှိသော်လည်း အချို့တက္ကသိုလ်များတွင်မူ အထူးသတ်မှတ်ချက်တစ်ခုခုဖြင့် ဖြစ်စေ၊ မဲခွဲ၍ဖြစ်စေ ပေးလေ့ရှိသည်။ ရုံးခန်းနေရာပေးခြင်း သို့မဟုတ် အခြားသောခံစားခွင့်များရရှိခြင်း စသည်တို့သည် တက္ကသိုလ်အလိုက် ကွာခြားလေ့ရှိသည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံနှင့် အခြားတိုင်းပြည်များတွင် ဤဝိသေသဂုဏ်ပုဒ်ကို ထူးချွန်ထက်မြက်သည့် အချိန်ပြည့် ပါမောက္ခတစ်ဦး အငြိမ်းစားယူသည့်အခါ ပေးလေ့ရှိသည်။ အထူးဂုဏ်ထူးဆောင်ပါမောက္ခ ဂုဏ်ပုဒ်ကို ပါရဂူဘွဲ့ သို့မဟုတ် အခြားအဆင့်မြင့်ဘွဲ့တစ်ခုခုရှိရုံမျှဖြင့်သော်လည်းကောင်း၊ ပါမောက္ခရာထူးရရှိထားရုံမျှဖြင့်လည်းကောင်း အသုံးမပြုနိုင်ပါ။

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် အငြိမ်းစားယူပြီးသော ထူးချွန်သည့် ပါမောက္ခကြီးများအား အထူးဂုဏ်ထူးဆောင်ပါမောက္ခများအဖြစ်ခန့်အပ်ပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ၌ ပါဝင်ပံ့ပိုးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။[]အလားတူပင် တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာ ပါမောက္ခကြီးများကိုလည်း Professor Emeritus အဖြစ်ခန့်အပ်ခဲ့သည်။

မြန်မာနိုင်ငံ တက္ကသိုလ်များရှိ အထူးဂုဏ်ထူးဆောင်ပါမောက္ခများ

[ပြင်ဆင်ရန်]
  1. ပါမောက္ခအေးမောင်ဟန် - ဆေးတက္ကသိုလ် (၁) ရန်ကုန်
  2. ပါမောက္ခညွန့်သိန်း - ဆေးတက္ကသိုလ် (၁) ရန်ကုန်
  3. ပါမောက္ခကြည်ကြည်သင်း - ဆေးတက္ကသိုလ် (၁) ရန်ကုန်[]
  4. ပါမောက္ခရဲတင့်လွင် - ဆေးတက္ကသိုလ် (၁) ရန်ကုန်[]
  5. ပါမောက္ခသန်းသန်းအေး - ဆေးတက္ကသိုလ် (၂) ရန်ကုန်[]
  6. ပါမောက္ခကျော်လှ - ဆေးတက္ကသိုလ် (မန္တလေး)[]
  7. ပါမောက္ခမောင်မောင်သက် - တိုင်းရင်းဆေးတက္ကသိုလ်[]
  8. ပါမောက္ခသန်းထွန်း - မန္တလေးတက္ကသိုလ်[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် “တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာ ပါမောက္ခကြီးများအား ဂုဏ်ထူးဆောင်ပါမောက္ခ (PROFESSOR EMERITUS) များ အဖြစ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား”သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ ခန့်အပ်လွှာများပေးအပ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၈ ဇွန် ၂၀၁၉
  2. ဆေးတက္ကသိုလ် (မန္တလေး) သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်၍ သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး[လင့်ခ်သေ] ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၁၆ ဖေဖော်ဝါရီ ၂၀၂၀
  3. ကမ္ဘာတစ်ဝန်း စိုးရိမ်ပူပန်လာရတဲ့ ပဋိဇီဝဆေးယဉ်ပါးခြင်း အန္တရာယ် 11 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မြန်မာတိုင်းမ် ၉ ဇန်နဝါရီ ၂၀၂၀
  4. ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား Department of Medical Services ၂၅ ဖေဖော်ဝါရီ ၂၀၁၉
  5. မိသားစုနှင့် ဆီးချိုသွေးချိုရောဂါ
  6. ပါမောက္ခဦးကျော်လှ[လင့်ခ်သေ]
  7. TRAINING COURSE ON RESEARCH METHODOLOGY ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် အမျိုးသားပရဆေးဉယျာဉ် သင်တန်းခန်းမ၌ ကျင်းပခဲ့သည် 11 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . DEPARTMENT OF TRADITIONAL MEDICINE ၂၇ ဩဂုတ် ၂၀၁၉
  8. ဒေါက်တာသန်းထွန်းကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် မန္တလေးတက္ကသိုလ်တွင်ပြုလုပ်မည် 11 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 7Day News ၂၆ နိုဝင်ဘာ ၂၀၁၅