ကြော်ချက် ချက်ခြင်း
ပုံပန်းသွင်ပြင်
ကြော်ချက် ချက်ခြင်း (Fry and simmer in stock) သည် မြန်မာ့ချက်ပြုတ်နည်းတစ်မျိုးဖြစ်သည်။ အထူးသဖြင့် အသီးအရွက်များကို စီမံချက်ပြုတ်လေ့ရှိကြသည်။ ဟင်းသီးဟင်းရွက်များကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဆီသည်တို့ဖြင့် တစ်ခါတည်း အိုးထဲထည့် နူးနပ်အောင် ချက်သောနည်းကို ကြော်ချက်ချက်သည် ဟုခေါ်သည်။ ရေစပ်စပ်ဖြင့် စားရသောဟင်းမျိုးဖြစ်သည်။ ရေ အထည့်မလွန်စေရပါ။ ရေအထည့်လွန်သွားပါက ကြော်ချက်သဘောမသက်ရောက်တော့ပဲ ပြုတ်ထားသလိုဖြစ်သွားပါမည်။[၁]
အကိုးအကား
[ပြင်ဆင်ရန်]- ↑ စန်းလေး(အိမ်တွင်းမှု)။ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းချက်ပြုတ်အတတ်ပညာ။