ကြယ်ပုဝါ
ကြယ်ပုဝါ (အမျိုးအစား:G-V) သည် ပင်မ အစီအစဉ် အတွင်းရှိကြယ်အမျိုးအစားတစ်ခုဖြစ်သည်။ တောက်ပမှုသည် အဆင့် V စတီလာအမျိုးအစားမှာ G ရှိသောကြောင့် တခါတရံ G-V အမျိုးအစားဟု သုံးနှုန်းသည်။ ယင်းကြယ်မျိုးသည် နေထုထည် ၀.၈ မှ ၁.၂ အရွယ်အစားရှိပြီး မျက်နှာပြင်အပူချိန်မှာ ၃၃၀၀ နှင့် ၆၀၀၀ ကေလ်ဗင်ကြားတွင် တည်ရှိသည်။[၁] ယင်းကြယ်အမျိုးအစားများသည် ဟိုက်ဒရိုဂျင်အား ဟီလီယမ်အဖြစ်ပြောင်းလဲပေးပြီး နယူကလိယား ပေါင်းစပ်ခြင်းအား ဖြစ်ပေါ်စေသည်။[၂] နေသည် နေအဖွဲ့အစည်းတွင် ဒြပ်ဆွဲအားဖြင့် လွှမ်းခြုံထားကာ မြင်သာသောအရွယ်အစားမှာ အကြီးမားဆုံးပင်ဖြစ်သည်။ နေသည် ကြယ်ပုဝါအတွက် အကောင်းဆုံး နမူနာတစ်ခုဖြစ်ပြီး အခြားသောကြယ်များမှာ အယ်လဖာ စင်တော့ရိအေ၊ တောင်း စင်သီ၊ ၅၁ ပီဂါဆီ တို့ဖြစ်ကြသည်။[၃][၄][၅]
ကြယ်ပုဝါဟု သုံးနှုန်းရခြင်းမှာ ပင်မအစီအစဉ်အတွင်းရှိကြယ်များထဲတွင် G အဆင့်ရှိကာ အနည်းငယ် အဝါရောင်သမ်းသောကြောင့် ဖြစ်သည်။[၆] နေသည် အမှန်တကယ်မှာမူ အဖြူရောင်ဖြစ်သည်။ သို့သော် ကမ္ဘာလေထုကြောင့် အဝါရောင်အဖြစ် မြင်ရသည်။ နေကဲ့သော တောက်ပသောကြယ်ပုဝါများသည် နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ၉၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ အခြားသော ကြယ်ပုနီ၊ ကြယ်ဖြူပုတို့မူ ပိုမိုမှေးမှိန်ကြလေသည်။ G-type ကြယ်တို့သည် ဟိုက်ဒရိုဂျင်လောင်စာအား နှစ်ပေါင်း ၁ဝ ဘီလီယံနီးပါးခန့် လောင်ကျွမ်းစေကာ သက်တမ်းအား ကုန်လွန်စေသည်။ ထို့သို့ပြီးပါက ဧရာမ ကြယ်နီအဖြစ် ပြောင်းလဲသွားပေမည်။[၇] ယင်းကဲ့သို့ ဧရာမ ကြယ်နီကြီးမှ ဆက်လက်လောင်ကျွမ်းပြီးပါက ကြယ်ဖြူပုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
အခြားကြည့်ရန်
[ပြင်ဆင်ရန်]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Empirical bolometric corrections for the main-sequence, G. M. H. J. Habets and J. R. W. Heintze, Astronomy and Astrophysics Supplement 46 (November 1981), pp. 193–237.
- ↑ Stellar Evolution: Main Sequence to Giant Archived 13 May 2020 at the Wayback Machine., class notes, Astronomy 101, Valparaiso University, accessed on line June 19, 2007.
- ↑ Alpha Centauri A, SIMBAD query result. Accessed on line December 4, 2007.
- ↑ Tau Ceti, SIMBAD query result. Accessed on line December 4, 2007.
- ↑ 51 Pegasi, SIMBAD query result. Accessed on line December 4, 2007.
- ↑ What Color Are the Stars?, Mitchell N. Charity's webpage, accessed November 25, 2007
- ↑ SIMBAD, entry for Aldebaran, accessed on line June 19, 2007.