ကျိုတို သဘောတူညီချက်စာချုပ်

Wikipedia မှ
(ကျိုတို သဘောတူညီချက် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၂၀၀၉ ခုနှစ် ဇွန်လမတိုင်မီ ကျိုတို သဘောတူညီချက်တွင် ပါဝင်သော နိုင်ငံများ။ အစိမ်းရင့်ရောင် ပြသထားသော နိုင်ငံမှာ လက်မှတ်ရေးထိုးပြီး အတည်ပြုပြီးသော နိုင်ငံများဖြစ်သည်။ မီးခိုးရောင်မှာ လက်မှတ်ထိုးရန် မဆုံးဖြတ်ရသေးသည့် နိုင်ငံဖြစ်ပြီး အနီရောင်မှာ အတည်ပြုရန် ဆန္ဒမရှိသည့် နိုင်ငံဖြစ်သည်။


ကျိုတို သဘောတူညီချက်စာချုပ် သည် (UNFCCC သို.မဟုတ် FCCC) (ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ ကန့်သတ်ခြင်းညီလာခံ) နှင့်အတူ ကမ္ဘာကြီးပူနွေးလာမှု ကို တိုက်ဖျက်ရန် ရည်ရွယ်သည့် သဘောတူညီချက်စာချုပ် ဖြစ်သည်။ UNFCCC သည် "ရာသီဥတုစံနစ်ကို လူတို့၏အန္တရာယ်ရှိသော ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးမည့် လေထု အတွင်းတွင် အဆင့်တစ်ခုအထိ ဖန်လုံအိမ်ဓာတ်ငွေ့ ပြင်းအားများတည်ငြိမ်မှုရှိရန်" ဟူသော ရည်မှန်းချက်ကို ရရှိရန် ရည်ရွယ်သည့် အပြည်ပြည် ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာချုပ် ဖြစ်သည်။

ကုလသမဂ္ဂ ရာသီဥတု အပြောင်းအလဲဆိုင်ရာ ညီလာခံ (United Nations Framework Convention on Climate Change, UNFCCC) ၏ ကမ္ဘာကြီးပူနွေးလာမှုကို ရင်ဆိုင် ဖြေရှင်းရန် ရည်ရွယ်၍ ကျိုတို သဘောတူညီချက် (Kyoto Protocol) သဘောတူညီမှုတစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ UNFCCC ၏ ရည်မှန်းချက်မှာ ရာသီဥတုအား အန္တရာယ် ဖြစ်စေနိုင်လောက်သည့် ပြောင်းလဲခြင်းအားကာကွယ်ရန် ကမ္ဘာ့လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်းအား ထိန်းချုပ်ရေးဖြစ်သည်။[၁]

ကျိုတို သဘောတူညီချက်အား ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ ကျိုတိုမြို့၌ အစပျိုးခဲ့ပြီး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် တရားဝင် ကျင့်သုံးခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလအထိ စာရင်းအရ အဖွဲ့ဝင် ၁၈၇ နိုင်ငံမှ ယင်းသဘောတူညီချက်ကို အတည်ပြုခဲ့ပြီးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှာ လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအချိန်အထိ အတည်မပြုရသေးပေ။[၂]

ကျိုတို သဘောတူညီချက်အရ စက်မှုနိုင်ငံ ၃၇ နိုင်ငံ (Annex I နိုင်ငံများ) က ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်၊ ဆာလဖာ ဟိုက်စာဖလိုရိုဒ် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ၄ မျိုးနှင့် ဟိုက်ဒြို ဖလိုရို ကာဗွန်၊ ပါဖလိုရို ကာဗွန် ဓာတ်ငွေ့အုပ်စု ၂ မျိုး၏ ထုတ်လွှတ်မှုကို လျော့ချရန် ကတိပေးခဲ့သည်။ Annex I နိုင်ငံများက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၁၉၉၀ က ပမာဏထက် ၅.၂ % လျှော့ချရန် သဘောတူခဲ့သည်။

ဓာတ်ငွေ့ထုတ်လုပ်မှုလျော့ချခြင်း[ပြင်​ဆင်​ရန်​]

သဘောတူညီချက်စာချုပ်ကို ကျိုတို၊ ဂျပန် တွင် ၁၁ ရက် ဒီဇင်ဘာလ ၁၉၉၇ ခုနှစ်တွင် အစဦး သဘောတူ လက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက် ၂၀၀၅ ခုနှစ်တွင် စတင်၍ အာဏာတည်ခဲ့သည်။၂၀၀၉ ခုနှစ် နိုဝင်ဘာလ အထိ သဘောတူညီချက်စာချုပ်ကို နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ လက်မှတ်ရေးထိုးခဲ့ပြီး အတည်ပြုခဲ့သည်။သဘောတူညီချက် စာချုပ်အောက်တွင် စက်မှုနိုင်ငံ ၃၇ နိုင်ငံသည် ("နောက်ဆက်တွဲ နိုင်ငံများ" ဟုခေါ် သည်) ဖန်လုံအိမ်ဓာတ်ငွေ (GHG) (ဂျီအိပ်ဂျီ) လေးမျိုးဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ မီသိန်း၊ နိုက်ထရပ်(စ်) အောက်ဆိုဒ် ၊ ဆာလဖာ ဟက်ဆာဖလူအိုရိုက် နှင့် ၎င်းတို့ ထုတ်လုပ်သော ဓာတ်ငွေ အုပ်စု ဖြစ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန် နှင့် ပါဖလူရိုကာဗွန် လျော့ချခြင်းတွင် ၎င်းတို့ကိုယ်တိုင်ပါဝင်မည်ဟု ကတိပြုပြီး အဖွဲ့ဝင် နိုင်ငံအားလုံးသည် ယေဘုယျ ကတိပြုခြင်းများကို ပြုကြသည်။ နောက်ဆက်တွဲ I နိုင်ငံများသည် ၎င်းတို့၏ စုပေါင်းဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကို ၁၉၉၀ အဆင့်မှ ၅.၂ ရာခိုင်နှုန်း လျော့ချရန် သဘောတူခဲ့သည်။

ထုတ်လွှတ်ခြင်း ကန့်သတ်ချက်များတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်း ပျံသန်းမှုနှင့် ရေကြောင်းခရီးစဉ် တို့ကြောင့် ထုတ်လွှတ်ခြင်းများ မပါဝင်သော်လည်း စက်မှုလုပ်ငန်းဆိုင်ရာ ဓာတ်ငွေ့များအပြင် ကလိုရိုဖလူရို ကာဗွန် သို့မဟုတ် CFCs (စီအက်(ဖ်)စီ) တို့သည် ၁၉၈၇ အိုဇုန်းလွှာ ကိုပျက်စီးစေသည့် အရာဝထ္ထုများဆိုင်ရာ မွန်ထရီရယ် သဘောတူညီချက်စာချုပ် အောက်တွင် သက်ဆိုင် သည်။

စာချုပ်၏ခွင့်ပြုချက်များ[ပြင်​ဆင်​ရန်​]

၁၉၉၀ထုတ်လွှတ်ခြင်းစံအမှတ်အဆင့်များသည်UNFCCCအဖွဲ့ဝင်များ၏ညီလာခံ(ဆုံးဖြတ်ချက်၂/စီပီ.၃)မှလက်ခံခဲ့ပြီးဖြစ်ပြီးIPCC(အိုင်ပီစီစီ)ဒုတိယအကြိမ်အကဲဖြတ်ခြင်းအစီရင်ခံစာအတွက် တွက်ချက်သော"ကမ္ဘာကြီးပူနွေးလာခြင်းအလားအလာ"၏တန်ဖိုးများဖြစ်သည်။ထိုဂဏန်းများကိုအလုံးစုံသောအရင်းအမြစ်များ နှင့်ကာဗွန်ပါဝင်သည့်ဓာတုဒြပ်ပေါင်းများကို စုဆည်းသိမ်းထားသော သဘာဝ သို့မဟုတ် ဖန်တီး ပြုလုပ်ထားသည့် သိုလှောင်ကန်များကို တွက်ချက်ရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်း မြောက်မြား စွာကို နှိုင်းယှဉ်ခြင်း ပြုနိုင်သော (ကာဗွန်ဒိုင်အောက်ဆိုဒ်) တူညီသည့်ပမာဏများသို့ ပြောင်းလဲခြင်းအတွက် အသုံးပြုသည်။

"ထုတ်လွှတ်ပစ္စည်းများကို ကုန်သွယ်ရောင်းဝယ်ခြင်း"၊ သန့်ရှင်းသောဖွံ့ဖြိုးတိုးတက်မှုနည်းလမ်း (CDM) (စီဒီ အမ်)နှင့် ပိုလျှံသော ခွင့်ပြုချက်များနှင့် နောက်ဆက်တွဲ I နိုင်ငံများမှဖြစ်စေ သို့မဟုတ် အခြားနောက်ဆက်တွဲ I နိုင်ငံများမှဖြစ်စေ၊ နောက်ဆက်တွဲ I မဟုတ်သည့် နိုင်ငံများတွင် ထုတ်လွှတ်ပစ္စည်းများကို လျော့ချသည့် ငွေကြေးဆိုင်ရာ ဖလှယ်ခြင်းများ၊ စီမံကိန်းများမှတဆင့် အခြားတစ်နေရာမှဖြစ်စေ GHG ထုတ်လွှတ်ခြင်း လျော့ချမှုလဲယူခွင့် လက်မှတ်များကိုဝယ်ယူခြင်း၊ ၎င်းတို့၏ GHG ထုတ်လွှတ်ခြင်း ကန့်သတ်ချက်များကို ပြည့်မီ စေရန် နောက်ဆက်တွဲ I နိုင်ငံများ ကို ခွင့်ပြုရန် ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း ကဲ့သို့သော "ပြောင်းလွယ်ပြင်လွယ်ရှိသည့်နည်းလမ်းများ" များစွာအတွက် သဘောတူညီချက်စာချုပ်သည် ခွင့်ပြုထားသည်။

UNFCCC နှင့် ကျိုတို သဘောတူညီချက်စာချုပ်အရ နောက်ဆက်တွဲ I နိုင်ငံတိုင်းသည် အရင်းအမြစ်များနှင့် ကာဗွန်ပါဝင်သည့် ဓာတုဒြပ်ပေါင်းများကို စုဆည်းသိမ်းထားသော သဘာဝ သို့မဟုတ် ဖန်တီးပြုလုပ်ထားသည့် သိုလှောင်ကန်များမှ ဖယ်ရှားသောပစ္စည်းတို့မှ လူသားတို့ကြောင့်ဖြစ်ပွားသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ် ခြင်းအားလုံးတို့၏ စာရင်းစစ်များဆိုင်ရာ နှစ်စဉ် အစီရင်ခံစာ တစ်စောင်ကို တင်သွင်းရန် လိုအပ်သည်။ ထိုနိုင်ငံ များသည် ၎င်း၏ ဖန်လုံအိမ်ဓာတ်ငွေ့စာရင်းကိုပြုစုရန်နှင့် စီမံခန့်ခွဲရန်လူတစ်ဦး ("လျာထား သတ်မှတ်ထား သော နိုင်ငံတော်အာဏာပိုင်" ဟုခေါ်ဆိုသည်) အား အမည်တင်သွင်းသည်။ နောက်ဆက်တွဲ I မဟုတ်သော နိုင်ငံများအားလုံးနီးပါးသည် ၎င်း၏ ကျိုတို တာဝန်ဝတ္တရားများကို စီမံခန့်ခွဲရန် လျာထား သတ်မှတ်ထားသော နိုင်ငံတော်အာဏာပိုင်တစ်ဦးကို အစပြုခဲ့ပြီး အထူးသဖြင့် CDM အလုပ်အမှုဆောင် ဘုတ်အဖွဲ့၏ တရားဝင် အသိအမှတ်ပြုခြင်းအတွက် မည်သည့်စီမံကိန်းအား ၎င်းတို့ အဆိုပြုလိုသည်ကို အဆုံး အဖြတ်ပေးမည့် "CDM လုပ်ငန်းစဉ်" ဖြစ်သည်။

ရည်မှန်းချက်များ[ပြင်​ဆင်​ရန်​]

ကျိုတို သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည်။


ရည်မှန်းချက်မှာ "ရာသီဥတုစံနစ်အား လူသားတို့၏အန္တရာယ်ရှိသော စွက်ဖက်မှုများမှတားဆီးမည့် အဆင့်တစ် ခုတွင် လေထုအတွင်းရှိ ဖန်လုံအိမ်ဓာတ်ငွေ့ပြင်းအားများကိုတည်ငြိမ်မှုရှိစေခြင်းနှင့် ပြန်လည်တည်ဆောက် ခြင်း" ဖြစ်သည်။ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကျိုတို ညီလာခံ၏ ရည်မှန်းချက်မှာ ဥပဒေအရ တရားဝင်ဖြစ်သော နိုင်ငံ တကာ သဘောတူညီချက်တစ်ရပ်ကို ထူထောင်ရန်နှင့် ထိုသို့အားဖြင့် ပါဝင်သည့်နိုင်ငံအားလုံးမှ ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကိစ္စများကိုဖြေရှင်းရာတွင်၎င်းတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းကိုကတိပြုရန်ဖြစ်သည်။

သဘောတူညီခဲ့သည့် ဦးတည်ချက်မှာ ၁၉၉၀ အဆင့်များမှနေ၍ ၂၀၁၂ ခုနှစ် နောက်ဆုံးထားပြီး ပျမ်းမျှလျော့ချခြင်း ၅.၂ ရာခိုင်နှုန်းကို လျော့ချရန်ဖြစ်သည်။ စာချုပ်အရ ၂၀၁၂ ခုနှစ်တွင် နောက်ဆက်တွဲ I တိုင်းပြည်များသည် ပထမ ကတိကဝတ်ပြုထားသော အချိန်ကာလ (၂၀၀၈-၂၀၁၂)အတွက် အခြေပြုထားသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကိုလျော့ချရန် ၎င်းတို့၏ တာဝန်ဝတ္တရားများကို မဖြစ်မနေ ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ (သဘောတူညီချက်စာချုပ် နောက်ဆက်တွဲ ဘီ ကို ကြည့်ပါ)။ ကျိုတို သဘောတူညီချက်စာချုပ်၏ အဓိကအရေးပါသော သဘောထားငါးရပ်မှာ-

  1. နောက်ဆက်တ I နိုင်ငံများအတွက် ဥပဒေအရတရားဝင်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် ယေဘုယျကတိခံဝန်ချက်ဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ ့များလျော့ချရန် ကတိကဝတ်ပြုခြင်း၊
  2. သဘောတူညီချက်စာချုပ်၏ ရည်မှန်းချက်များကို ပြည့်မီစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖန်လုံအိမ်ဓာတ်ငွေ့များကို လျော့ချရန်မူဝါဒများနှင့် စီမံချက်များကိုပြင်ဆင်ခြင်းနှင့် ထိုဓာတ်ငွေ့များကို စုပ်ယူခြင်းအားတိုးစေခြင်း (ဥပမာ၊ ဘူမိသိမ်းဆည်းခြင်း နှင့် ဇီဝသိမ်းဆည်းခြင်း တို့မှတဆင့်ဖြစ်သည်) နှင့် ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ သန့်ရှင်းသော ဖွံ့ဖြိုးတိုးတက်မှု ယန္တရားနှင့် ထုတ် လွှတ်ပစ္စည်းများကို ကုန်သွယ်ရောင်းဝယ်ခြင်းကဲ့သို့သော အိမ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ ပိုမိုထုတ် လွှတ်ခြင်းများကို ခွင့်ပြုသည့်ခံစားခွင့်များနှင့် ဆုချခြင်းခံရသော ရရှိနိုင်သည့်နည်းလမ်းများအားလုံးကို အသုံးြပြုခြင်း၊
  3. ရာသီဥတုပြောင်းလဲခြင်းအတွက် သင့်လျော်အောင် စီစဉ်သည့် ရံပုံငွေတစ်ရပ်ကို ထူထောင်ခြင်းဖြင့် ဖွံ ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် သက်ရောက်မှုများကို လျော့နည်းစေခြင်း၊
  4. သဘောတူညီချက်စာချုပ် တည်တံ့ခိုင်မြဲခြင်းကို သေချာစေရန် ဘဏ်စာရင်း၊ အစီရင်ခံခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊
  5. သဘောတူညီချက်စာချုပ်ကို ကတိကဝတ်ပြုခြင်းများအား အာဏာတည်စေရန် လေးစားလိုက်နာခြင်း ကော်မတီတစ်ခုကို ထူထောင်ခြင်းဖြင့် လေးစားလိုက်နာခြင်း၊

သဘောတူညီချက်စာချုပ်ပါ အသေးစိတ်အချက်အလက်များ[ပြင်​ဆင်​ရန်​]

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် ၏သတင်းထုတ် ပြန်ချက်အရ - ၁၀ ရက်ကြာ အပြင်းအထန် ဆွေးနွေးညှိနှိုင်းပြီးနောက်တွင် နိုင်ငံပေါင်း ၁၆၀ မှ ဝန်ကြီးများနှင့် အခြားအဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်များသည် ဤနံနက်တွင် ဥပဒေအရ တရားဝင်ဖြစ်စေမည့် သဘောတူညီချက်စာချုပ်အပေါ်၌ သဘောတူညီချက်ကိုရရှိပြီး ၎င်းစာချုပ်အရ စက်မှုနိုင်ငံများသည် ၎င်းတို့၏စုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်းများကို ၅.၂ရာခိုင်နှုန်း လျော့ချလိမ့်မည်ဖြစ်သည်။ ထိုသဘောတူညီချက်သည် ၂၀၀၈-၁၂ အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ခြောက်မျိုးပါဝင်သောအုပ်စုမှ (စုစုပေါင်း ထုတ်လွှတ်ခြင်း)၊ ထိုငါးနှစ်အတွင်း ပျမ်းမျှတန်ဖိုးတစ်ခုအဖြစ်တွက်ချက်ထားသည့်ပမာဏကို လျော့ချရန်ရည်ရွယ်သည်။

အရေးကြီးဆုံး ဓာတ်ငွေ့သုံးမျိုး ဖြစ်သည့် ကာဗွန်ဒိုင် အောက်ဆိုဒ်၊ မီသိန်း နှင့် နိုက်ထရပ်(စ်) အောက်ဆိုဒ် ဖြတ်တောက်ခြင်းများကို ၁၉၉၀ ခုနှစ်အား အခြေခံနှစ်အဖြစ်ထား၍ တိုင်းတာလိမ့်မည် - သက်တမ်းကြာရှည်သည့် စက်ရုံမှထွက်ရှိသော ဓာတ်ငွေ့သုံးမျိုးဖြစ်သည့် ဟိုက်ဒရိုဖလူရို ကာဗွန်၊ ပါဖလူရိုကာဗွန် နှင့် ဆာလဖာ ဟက်ဆာဖလူအိုရိုက် ဖြတ်တောက်ခြင်းများကို ၁၉၉၀ သို့မဟုတ် ၁၉၉၅ ခုနှစ် တစ်ခုခုကို အခြေခံအဖြစ်ထား၍ တိုင်းတာနိုင်သည်။ နိုင်ငံအလိုက် ကန့်သတ်ချက်များသည် ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများအတွက် ၈ ရာခိုင်နှုန်း လျော့ချခြင်းမှ အမေရိကန်ပြည်ထောင်စု အတွက် ရ ရာခိုင်နှုန်း၊ ဂျပန်အတွက် ၆ ရာခိုင်နှုန်း၊ ရုရှအတွက် ၀ ရာခိုင်နှုန်းအထိ ရှိပြီး ဩစတြေးလျ အတွက် ၈ ရာခိုင်နှုန်း နှင့် အိုင်း(စ်)လန်းအတွက် ၁၀ ရာခိုင်နှုန်းခွင့်ပြုသည့် တိုးခြင်းများ ရှိကြသည်။၁၉၉၂ ခုနှစ်တွင် Rio de Janeiro (ရိုင်ရိုဒီဂျင်နီရီရို) ၌ ကျင်းပခဲ့သည့် ကမ္ဘာမြေကြီးဆိုင်ရာထိပ်သီးညီလာခံ တွင် သဘောတူလက်ခံခဲ့သော UNFCCC အား ထိုသဘောတူညီချက်သည် ဖြည့်စွက်ပေးပြီး၊ ထိုညီလာခံ သည် မည်သည့် ကန့်သတ်ချက် မျိုးမဆို သို့မဟုတ် အာဏာတည်စေခြင်း ယန္တရားများကို မဆို ချမှတ်ခဲ့ခြင်း မရှိပါ။

UNFCCC ၏ အဖွဲ့ဝင်အားလုံးသည် ကျိုတို သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုခြင်းပြုလုပ်နိုင်သော်လည်း UNFCCC ၏ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည် ထိုအရာ များကို မပြုလုပ်နိုင်ကြပါ။ ကျိုတို သဘောတူညီချက်စာချုပ်ကို ဂျပန်နိုင်ငံ ကျိုတို ၌ ၁၉၉၇ ခုနှစ်တွင် UNFCCC အဖွဲ့ဝင်များ၏ ညီလာခံ တတိယအစည်းအဝေး COP (စီအိုပီ ၃) တွင် သဘောတူလက်ခံခဲ့သည်။ ကျိုတို သဘောတူညီချက်စာချုပ်ပါ ပြဋ္ဌာန်းချက်အများ စုသည် UNFCCC ၏ နောက်ဆက်တွဲ I တွင် စာရင်းပြုထား သော ဖွံ့ဖြိုးပြီးနိုင်ငံများကို အကျိုးသက်ရောက်စေသည်။ နိုင်ငံတော်ဆိုင်ရာ ထုတ်လွှတ်ပစ္စည်း သတ်မှတ်ချက်များတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းခြင်းနှင့် သင်္ဘောခုတ်မောင်းခြင်းများမပါဝင်ပေ။

ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်ခြင်းများအပေါ်တွင် ကျိုတို သဘောတူညီချက် စာချုပ်နောက်ပိုင်း ဆွေးနွေးညှိနှိုင်းခြင်းများ[ပြင်​ဆင်​ရန်​]

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သဘောတူညီခဲ့သော ဥပဒေအရ တရားဝင်ဖြစ်ခြင်းမရှိသည့်ဝါရှင်တန်ကြေငြာချက်´ တွင် ကနေဒါ ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ ဂျပန် ၊ ရုရှ ၊ ဗြိတိသျှ ၊ အမေရိ ကန်ပြည်ထောင်စု ၊ ဘရာဇီး(လ်) ၊ တရုတ် ၊ အိန္ဒိယ၊မက္ကဆီကိုနှင့်တောင်အာဖရိကနိုင်ငံများမှအစိုးရအကြီးအကဲများသည် ကျိုတိုသဘောတူညီချက်နောက်တိုးတစ်ခု၏အကြမ်းဖျင်းဖော်ပြချက်ကို မူအရ သဘောတူခဲ့ကြသည်။ ၎င်းတို့သည် စက်မှုနိုင်ငံများနှင့် ဖွံ ့ဖြိုးဆဲနိုင်ငံများ နှစ်မျိုးစလုံးကို အကျိုးသက်ရောက် စေမည့်ကမ္ဘာလုံးဆိုင်ရာကန့်သတ်ခြင်းနှင့်ကုန်သွယ်ရောင်းဝယ်ခြင်းစနစ်ကို မျှော်မှန်းကြပြီး ထိုစနစ်သည် ၂၀၀၉ ခုနှစ် နောက်ဆုံးထား၍ နေရာတကျဖြစ်လိမ့်မည် ဟု မျှော်လင့်ခဲ့သည်။

၂၀၀၇ ခုနှစ် ဇွန်လ ရ ရက်တွင် ကျင်းပသော ၃၃ ကြိမ်မြောက် ဂျီ ၈ ညီလာခံ ၌ ခေါင်းဆောင်များအနေဖြင့် ဂျီ ၈ နိုင်ငံများ သည် " ၂၀၅၀ နောက်ဆုံးထား၍ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းများ ကို အနည်းဆုံး တစ်ဝက်လျှော့ချရန် ရည်ရွယ်ကြောင်း " သဘောတူခဲ့သည်။ ၎င်းအရာကို အောင်မြင်စေရန် အထောက်အကူပြုမည့် အသေးစိတ်များကိုရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ ကန့်သတ်ခြင်း ညီလာခံ အတွင်း၌ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးများဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်တွင် အဓိက ပေါ်ထွက်လာသောစီးပွားရေးများ ပါဝင်သည်။

UNFCCC ၏ ဦးဆောင်မှုအောက်တွင် ကျင်းပသော ဆွေးနွေးပွဲများ ဖြစ်သည့်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီယင်နာဆွေးနွေးပွဲများ၂၀၀၇သည်ရာသီဥတုပြောင်းလဲခြင်းကို အကျိုးသက်ရောက်သော နိုင်ငံတကာမှ တုံ့ပြန်မှုတစ်ခုအတွက် အရေးပါသော အချက်အလက်များအပေါ်တွင် သဘောတူညီချက်ရယူပြီး ၃၁ ဩဂုတ်လ ၂၀၀၇ ခုနှစ်တွင်အဆုံးသတ်ခဲ့သည်။ဆွေးနွေးပွဲများ၏အဓိကလက္ခဏာတစ်ရပ်မှာ အချိန်တိုအတွင်း အကျိုးများသောစွမ်းအင်သည် ထုတ်လွှတ် ပစ္စည်းများကို ကုန်ကျစရိတ်အနည်းငယ်ဖြင့် သိသာထင်ရှားသော ဖြတ်တောက်မှုများကို မည်သို့ပေးနိုင်ကြောင်း ပြခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်ဖြစ်သည်။

ဆွေးနွေးပွဲများသည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် Nusa Dua (နူဆာဒူယာ)၊ ဘာလီကျွန်း ၌ အရေးပါသည့်အပြည်ပြည်ဆိုင်ရာအစည်းအဝေးတစ်ရပ်စတင်ကျင်းပရန်အတွက် အခါအခွင့်ပေးရန် ရည်ရွယ်ခဲ့သည်။ ညီလာခံကိုPoznań(ပေါ့(ဇ်)နန်)၊ပိုလန်တွင်၂၀၀၈ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပခဲ့သည်။ဤဆွေးနွေးပွဲ၏အဓိကခေါင်းစဉ်များမှ တစ်ခုမှာနောက်ဖြစ်လာမည့် ကျိုတိုသဘောတူညီချက်စာချုပ်နှင့် ပတ်သက်၍ (REDD) သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအရည်အသွေးပျက်စီးခြင်းမှ ထုတ်လွှတ်ပစ္စည်းများကိုလျော့ချခြင်း ဟု သိထားသော သစ်တောပြုန်းတီးခြင်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော အကောင်အထည်ဖော်ဆောင်ရွက် ခြင်းကို ဆွေးနွေးခြင်းဖြစ်သည်။ကုလသမဂ္ဂ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းများသည် ယခုအခါ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် Copenhagen (ကိုပင် ဟေဂင်) ၌ ကျင်းပမည့် အရေးပါသောအစည်းအဝေး မတိုင်မီကြိုတင်၍ အရှိန်အဟုန်များကို စုဆောင်းနေပြီ ဖြစ်သည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Article 2. The United Nations Framework Convention on Climate Change. Retrieved on 15 November 2005
  2. Kyoto Protocol: Status of Ratification (PDF). United Nations Framework Convention on Climate Change (2009-01-14). Retrieved on 2009-05-06

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]