ကူဒူးကြီးဆိတ်သမင်
Greater kudu | |
---|---|
![]() | |
Male at Kruger National Park in South Africa | |
![]() | |
Female at Chudop waterhole, Etosha in Namibia | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
| |
မျိုးရိုးခွဲခြားခြင်း ![]() | |
Unrecognized taxon (fix): | Tragelaphus |
မျိုးစိတ်: | Template:Taxonomy/TragelaphusT. strepsiceros ထရာဂျီလာဖတ်စ် စထရပ်စီဆီရော့စ်
|
ဒွိနာမ | |
Tragelaphus strepsiceros ထရာဂျီလာဖတ်စ် စထရပ်စီဆီရော့စ် (Pallas, 1766)
| |
Subspecies | |
| |
![]() | |
Ranges of the subspecies
T. s. cottoni T. s. chora T. s. strepsiceros | |
Synonyms | |
Strepsiceros chora |
ကူဒူးကြီးဆိတ်သမင်၏ သိပ္ပံအမည်မှာ ထရာဂျီလာဖတ်စ် စထရပ်စီဆီရော့စ် ဖြစ်သည်။
ကူဒူးကြီးဆိတ်သမင်သည် အာဖရိကတိုက်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ သစ်တောဒေသများတွင် ကျက်စားသော ဆိတ်သမင်တစ်မျိုး ဖြစ်သည်။ ယင်းတို့ကို တွေ့ရှိရသော ဒေသ ကျယ်ပြောသော်လည်း နေရာအများအပြားတွင် ကောင်ရေကျဲပါးစွာ တွေ့ရသည်။ အကြောင်းရင်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ သစ်တော ပြုန်းတီးခြင်းနှင့် တရားမဝင်ခိုးယူသတ်ဖြတ်ခံရခြင်းတို့ကြောင့် ဖြစ်သည်။ ကူဒူး ဟု အမည်တွင်သည့် သတ္တဝါနှစ်မျိုး ရှိသည့်အနက် တစ်မျိုး ဖြစ်သည်။ (အခြား တစ်မျိုးမှာ ကူဒူးကလေးဆိတ်သမင် ဖြစ်သည်။)[၂]
သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]
ကူဒူးကြီးဆိတ်သမင်များသည် ကိုယ်ထည်သေးသွယ်သည်။ ခြေတံရှည်သည်။ အညိုရောင်နှင့် ပြာမီးခိုးရောင်မှသည် နီညိုရောင်အထိ ရှိသည်။ ကိုယ်ထည်တလျှောက်တွင် အဖြူရောင် ဒေါင်လိုက် အစင်းကြောင်း ၄ခုနှင့် ၁၂ခု ကြား ရှိသည်။ ဦးခေါင်းသည် ကိုယ်ထည်ထက် အရောင်ပိုရင့်သည်။ မျက်လုံးအကြားတွင် အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဌာန် အဖြူရောင်အကွက်ကလေးတစ်ခု ရှိသည်။ [၃]
အဖိုက အမထက် ကိုယ်အရွယ်အစား ပိုမိုကြီးမားသည်။ ကူဒူးကြီးဆိတ်သမင် သည် ဆိတ်သမင်များတွင် ကိုယ်အရွယ်အစား အကြီးမားဆုံး ဖြစ်သည်။ [၄]
ဦးခေါင်းနှင့် ကိုယ်အရှည် ၇၆-၁၀ဝ လက်မ၊ အမြီးအရှည် ၁၄-၁၉လက်မ၊ ဦးချိုအရှည် ၄၀-၁၀ဝလက်မနှင့် ကိုယ်အလေးချိန်မှာ ၂၆၀-၆၉၀ပေါင် ဖြစ်သည်။ [၅]
ပျံ့နှံ့ကျက်စားပုံနှင့် တွေ့ရှိရာဒေသ[ပြင်ဆင်ရန်]
ကူဒူးကြီးဆိတ်သမင်ကို အာဖရိကတိုက်အရှေ့ပိုင်းတွင် အီသီယိုးပီးယား၊ ကင်ညာ၊ အီရီထရီးယားနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် တွေ့ရသည်။ ယင်းတို့ကို အာဖရိကတိုက်တောင်ပိုင်းရှိ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ အင်ဂိုလာ၊ ဘော့ဆွာနာ၊ နမီးဘီးယားနှင့် တောင်အာဖရိကနိုင်ငံများတွင်လည်း တွေ့ရသည်။ ထို့ပြင် ကူဒူးကြီးဆိတ်သမင်များကို တွေ့နိုင်သည့်အခြားသောတိုင်းပြည်များမှာ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ချဒ်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂျီဘူတီ၊ မာလာဝီ၊ မိုဇမ်ဘစ်၊ ဆိုမာလီယာ၊ မာလာဝီ၊ ဆွာဇီလန် နှင့် ယူဂန်းဒါးနိုင်ငံများတွင်လည်း တွေ့ရသေးသည်။ [၆]
မျိုးပွားခြင်း[ပြင်ဆင်ရန်]
အသက်၂နှစ်ခွဲခန့်တွင် အရွယ်ရောက်ပြီး တစ်နှစ်ပတ်လုံး မိတ် လိုက်သားပေါက်ကြသည်။ ဇီးလွယ်ချိန်မှာ ၂၁၀-၁၄၀ရက်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် သားငယ်တစ်ကောင် မွေး သည်။ သက်တမ်းမှာ ၁၅နှစ်ခန့် ဖြစ်သည်။ [၇]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Tragelaphus strepsiceros။ IUCN Red List of Threatened Species. Version 2015.3။ International Union for Conservation of Nature (2008)။ 17 September 2015 တွင် ပြန်စစ်ပြီး။
- ↑ Oddie, Bill (1994). Wildlife Fact File. IMP Publishing Ltd. Group 1, Card 110. ISBN 0951856634.
- ↑ Oddie, Bill (1994). Wildlife Fact File. IMP Publishing Ltd. Group 1, Card 110. ISBN 0951856634.
- ↑ Oddie, Bill (1994). Wildlife Fact File. IMP Publishing Ltd. Group 1, Card 110. ISBN 0951856634.
- ↑ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်
- ↑ African Wildlife Foundation (n.d.) Kudu. Web. 4 March 2015. http://www.awf.org/wildlife-conservation/kudu
- ↑ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်