ခွာစုံပါသော တိရစ္ဆာန်များ
| ခွာစုံပါသော တိရစ္ဆာန်များ (Even-Toed Ungulates) | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Mammalia |
| Magnorder: | Boreoeutheria |
| Superorder: | Laurasiatheria |
| Clade: | Scrotifera |
| Clade: | Ferungulata |
| Clade: | Cetartiodactyla |
| မျိုးစဉ်: | Artiodactyla Owen, 1848 |
| မျိုးတူအုပ်စုခွဲများ | |
| Synonyms | |
|
Cetartiodactyla | |
ခွာစုံပါသော တိရစ္ဆာန်များ (အင်္ဂလိပ်: Even-Toed Ungulates) ဆိုသည်မှာ ခွာပါသော တိရစ္ဆာန်များထဲတွင် ခန္ဓာကိုယ်အလေးချိန်အား ၎င်းတို့တွင်ပါရှိသော ခြေချောင်းငါးခုမှ (စုံဂဏန်း)နှစ်ခုပေါ်တွင်သာ (အထူးသဖြင့် တတိယနှင့် စတုတ္ထခြေချောင်းနှစ်ခု) မျှခြေဖြစ်အောင်ထမ်းထားသော တိရစ္ဆာန်အားလုံးကို ခြုံငုံခေါ်ဆိုသောအမည်ဖြစ်သည့်အပြင် ဇီဝမျိုးရိုးခွဲခြားမှုအရလည်း မျိုးစဉ်အဆင့် သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ၎င်းတိရစ္ဆာန်များအုပ်စု၏ သိပ္ပံအမည်ဖြစ်သော "အာတီယိုဒက်တိုင်လာ (Artiodactyla)" ဆိုသည့် စကားလုံးသည် ရှေးဟောင်းဂရိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ (အာတီယိုဒက်တိုင်လာ ရှေးဟောင်းဂရိ ἄρτιος, ártios 'စုံ(ဂဏန်း)' နှင့် δάκτυλος, dáktylos 'ခြေချောင်း၊ လက်ချောင်း' မှ) ဟူ၍ မြန်မာလိုအဓိပ္ပာယ်ရလေသည်။ ဤအုပ်စုဝင် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အလေးချိန်ထမ်းထားခြင်း မရှိသော ကျန်ခြေချောင်းသုံးချောင်းမှာ အချို့၌လည်း ပါရှိကြပြီး၊ အချို့၌ ပါဝင်ကြခြင်းမရှိပေ၊ အချို့မှာမူ ပါသည်ဟု ပြောနိုင်ရုံသက်သက်မျှသာ ပါရှိပြီး အချို့တွင် ပါရှိသည့် ခြေချောင်း/ လက်ချောင်းများမှာ အနောက်သို့ ဦးလှည့်နေကြလေ၏။ အပြန်အလှန်အားဖြင့် ၎င်းအုပ်စုနှင့် မျိုးစဉ်အဆင့်ပြိုင် ဖြစ်သော ခွာမစုံသော တိရစ္ဆာန်များ(မ-ဂဏန်း) တွင်မူ ခြေချောင်းငါးခုတွင် မ-ဂဏန်း အရေအတွက်ပေါ်၌သာ ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားကြလေသည်။ ထို မျိုးစဉ်အဆင့်တူအုပ်စုနှစ်ခု၏ မတူညီသည့် နောက်ထပ်အချက်တစ်ခုမှာ (ချွင်းချက် - ဝက်မျိုးနွယ်မပါ) ခွာစုံပါသော တိရစ္ဆာန်များသည် အပင် ဆဲလျူလို့အား ချေဖျက်ရာတွင် ၎င်းတို့၌ပါရှိသော တစ်ခု (သို့) တစ်ခုထက်မကသော အစာအိမ်ဖြင့် ချေဖျက်ကြခြင်းဖြစ်ပြီး ခွာမစုံသော တိရစ္ဆာန်များမှာမူ အူလမ်းကြောင်းအတွင်း၌ ချေဖျက်ခြင်းပင်ဖြစ်၏။ ထိုအစာချေခြင်းဆိုင်ရာဖြစ်စဉ်အား စားမြုံ့ပြန်ခြင်းဟု ခေါ်လေသည်။
ရေနေ-နို့တိုက်သတ္တဝါ ခွာစုံပါ တိရစ္ဆာန်များ
[ပြင်ဆင်ရန်]ရေနေ-နို့တိုက်သတ္တဝါများဖြစ်ကြသော ဝေလငါး၊ လင်းပိုင်နှင့် ရေဝက်နွယ်ဝင် စသည့် တိရစ္ဆာန်များသည်လည်း ခွာစုံပါ တိရစ္ဆာန်များမှ ဆင့်ကဲပြောင်းလဲသွားခြင်းဖြစ်၏။ ထို့ကြောင့် ခေတ်သစ် ဇီဝမျိုးခွဲပညာရှင်များသည် ၎င်းအုပ်စုနှစ်ခုအားပေါင်း၍ “ဆတ္တာတီယိုဒက်တိုင်လာ (Cetartiodactyla , /sɪˌtɑːrtioʊˈdæktɪlə/)” ဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်လေ့ရှိကြလေသည်။[၁]
လူသိများသော မျိုးစိတ်များ
[ပြင်ဆင်ရန်]ယေဘူယျအားဖြင့် ကုန်းပေါ်နေထိုင်ပေါ်မူတည်၍ ခွာစုံပါ တိရစ္ဆာန် မျိုးစိတ်ပေါင်း ၂၇၀ ခန့်ရှိလေသည်။ ၎င်းတို့ထဲမှ လူသိများသော အုပ်စုဝင်တိရစ္ဆာန်အချို့မှာ ဝက်များ၊ ရေမြင်းများ၊ အန်တဲလုပ်များ ၊ သမင်များ၊ သစ်ကုလားအုတ်များ၊ ကုလားအုတ်များ၊ လာမာကုလားအုတ်များ၊ အယ်လ်ပါကာကုလားအုတ်များ၊ သိုးများ၊ ဆိတ်များနှင့် နွားများ ဖြစ်သည်။
ဤအုပ်စုဝင် တိရစ္ဆာန်အများစုမှာ လူသားများအတွက် အစားအစာအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း လွန်စွာအရေးပါကြလေသည်။[၂][၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Phylogenetic relationships of artiodactyls and cetaceans as deduced from the comparison of cytochrome b and 12S rRNA mitochondrial sequences" (1997). Molecular Biology and Evolution 14 (5): 550–559. doi:. PMID 9159933.
- ↑ "Relationships of Cetacea (Artiodactyla) Among Mammals: Increased Taxon Sampling Alters Interpretations of Key Fossils and Character Evolution" (2009). PLOS ONE 4 (9): e7062. doi:. PMID 19774069. Bibcode: 2009PLoSO...4.7062S.
- ↑ Groves၊ Colin P.; Grubb၊ Peter (2011)။ Ungulate Taxonomy။ Baltimore, Maryland: Johns Hopkins University Press။ p. 25။ ISBN 978-1-4214-0093-8။