ကိန်းစစ်

သင်္ချာတွင် ကိန်းစစ် (အင်္ဂလိပ်: real number) ဆိုသည်မှာ ဥပမာအားဖြင့် အလျား၊ အချိန်၊ အပူချိန် စသည့် တိုင်းဖွယ်တို့ကို တစ်ခုတည်းသောတိုင်းကြောင်းသဖွယ် စဉ်းစားကြည့်လျက် မည်မျှသော ၎င်းတို့၏ ပမာဏကို မဆို ဖော်ပြနိုင်သော ကိန်းများဖြစ်သည်။
ကိန်းမျဉ်းဖြင့် ကိန်းတို့ကို ကိုယ်စားပြုလျှင် ၎င်းပေါ်ရှိ အမှတ်တိုင်းကို ကိန်းစစ်ဖြင့် ဖော်ပြနိုင်သည်။ မည်မျှ သေးငယ်သော ကိန်းကိုမဆိုလည်း ကိန်းစစ်ဖြင့် ဖော်ပြနိုင်၏။ သို့ဖြင့် ကိန်းမျဉ်းတစ်ခုပေါ်ရှိ ကိန်းပြည့်များနှင့် အပိုင်းကိန်းများ အားလုံး၊ ရာရှင်နယ်ကိန်း ခေါ် အတိပြကိန်း (rational number)များနှင့် အီရာရှင်နယ်ကိန်း ခေါ် အတိမပြကိန်း (en:irrational number)များ အားလုံးမှာ ကိန်းစစ်များထဲ၌ အကျုံးဝင်သည်။
မည်သည့် ကိန်းစစ်အသီးသီးကိုမဆို အဆုံးမဲ့ဒသမကိန်းတို့ဖြင့် ဖော်ပြနိုင်သည်။[မှတ်စု ၁][၁]

ဆက်စပ်ကြည့်ရှုဖွယ်[ပြင်ဆင်ရန်]
အကိုးအကား[ပြင်ဆင်ရန်]
- ↑ Real number (2011-08-03)။