မာတိကာသို့ ခုန်သွားရန်

အစုပိုင်း

ဝီကီပီးဒီးယား မှ
အွိုင်လာ သရုပ်ဖော်ပုံ (Euler diagram) အားဖြင့်၊ ဤတွင် A သည် B အစုပိုင်း(subset) ဖြစ်နေ၏၊ သင်္ချာနည်းဖြင့် ) ဟု ရေးနိုင်၏။ အပြန်အလှန်အားဖြင့်၊ B သည် Aအုပ်မိစု (superset) ဖြစ်၏၊ သင်္ချာနည်းဖြင့် ဟု ရေးနိုင်၏။

သင်္ချာအရ၊ အစုတခုခု၏ အစုပိုင်း (အင်္ဂလိပ်: subset) သည် ၎င်းအစု၏ အစုဝင်အချို့၊ သို့မဟုတ် အစုဝဝင်အားလုံးကို ရှိရှိသမျှအစုဝင်များအဖြစ် ပါရှိနေသည့် အစုပြည့်တခုခု ဖြစ်၏။ သို့ဖြင့် အစု A ၏ ရှိသမျှအစုဝင်တိုင်းက အစု B ကြီး၏ အစုပိုင်းများ ဖြစ်နေကြောင်း (အဝန်းအဝိုင်းအားဖြင့်လျှင် B က A ကို အုပ်မိနေကြောင်း) ကျိန်းသေလျှင် A က B ၏ အစုပိုင်း(subset) ဟု၊ အပြန်အလှန် အားဖြင့် B က Aအုပ်မိစု(superset) ဟု ဆိုကြ၏၊ ဤတွင် ၎င်းအစု၂ခုက ထပ်တူကျလျှင်လျည်း ကျနေမည် (A က B အပြည့် ဖြစ်လျှင်လည်း ဖြစ်နေမည်)။ အကယ်၍ ('A က B အပြည့်မူ မဟုတ်ဘဲ တစိတ်တပိုင်းသာ ဖြစ်နေလျှင်) BA ၏ ပြင်ပအဖြစ်သော အခြားအစုဝင်များလည်း ပါရှိနေသေးလျှင်မူ၊ A က Bတပိုင်းဖြစ် အစုပိုင်း (proper subset) ဟု ခွဲခေါ်နိုင်သေး၏။

  • A က၊ အစုပိုင်း အဖြစ် ပါဝင်သည်၊ B အတွင်း၌ | သင်္ချာနည်းဖြင့်
  • B က၊ အုပ်မိစု အဖြစ် ရှိသည်၊ A ကိုအုပ်ငုံလျက် | သင်္ချာနည်းဖြင့်

အကိုးအကား[ပြင်ဆင်ရန်]